စားရေ ရိက္ခာဖူလုံရေး အတွက် မူဝါဒများ၊ စီမံကိန်းများ စီမံ ဆောင်ရွက်နိုင်ရန် တိကျ မှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားများလိုအပ်

စားရေ ရိက္ခာဖူလုံရေး အတွက် မူဝါဒများ၊ စီမံကိန်းများ စီမံ ဆောင်ရွက်နိုင်ရန် တိကျ မှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားများလိုအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်အတူ မေလ (၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ ဒုတိယလက်ထောက်ဦးမှူးနှင့်အထက် အမှုထမ်း၊ အရာထမ်းများအား ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ တွေ့ဆုံသည်။

minister

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ဆီထွက်သီးနှံ အထူးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာဖူလုံရေး အတွက် မူဝါဒများ၊ စီမံကိန်းများ စီမံ ဆောင်ရွက်နိုင်ရန် တိကျ မှန်ကန်သော  စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားများလိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနများအနေဖြင့် မြေပြင်အမှန် စိုက်ဧက ၊ သီးနှံအမျိုးအစားများ စာရင်းများကောက်ယူခြင်း၊ သီးနှံထွက်ရှိချိန် ရိတ်သိမ်းဧက နှင့် ထွက်ရှိမှုပမာဏ တိတိကျကျကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နည်းစနစ်များအတိုင်း စနစ်တကျကောက်ယူရန်ဖြစ်ကြောင်း၊ အထောက်အထား ပြည့်စုံခိုင်လုံသည့် ကိန်းဂဏန်း အချက်အလက်ဖြစ်စေရန် နှင့် တိကျမှန်ကန်သည့် စာရင်းဇယားဖြစ်စေရေး  အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ရာသီဥတုနှင့်အခြေအနေအမျိုးမျိုးကြောင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ ကျိုးကြောင်းခိုင်လုံစွာ တင်ပြရန်လိုအပ်ကြောင်း၊ ၎င်းအပြင် အထောက်အထား အချက် အလက် မှန်ကန်ပြီး  မိမိကောက်ယူပြုစုသည့် ကိန်းဂဏန်း စာရင်းဇယားအပေါ် တာဝန်ခံနိုင်ကြရန်လည်း လိုအပ်ကြောင်း ၊ မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကြောင့်နှင့်မျှ မိမိ၏စာရင်းဇယား လွဲချော်မှု မဖြစ်ရန် လိုကြောင်း၊ ကွင်းဆင်းဝန်ထမ်းများအနေဖြင့် စိုက်ဧက နှင့် သီးနှံအထွက်နှုန်း စာရင်းများကောက်ယူခြင်းသာမက တောင်သူများ ၏ မျိုး၊မြေ၊ရေ၊နည်းပညာ လိုအပ် ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေးကို တပါတည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့အတူ လယ်ယာမြေအသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများ၌ အများဆုံးကြုံတွေ့ နေရသည့် လယ်ယာမြေ အပေါ် ကျူးလွန်ဆောင်ရွက်မှုများအား  တည်ဆဲ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ ထုတ်ပြန်ထားသည့် SOP လုပ်ထုံး လုပ်နည်းနှင့်အညီ ထိထိ ရောက်ရောက် ဖြေရှင်းဆောင်ရွက်ရန် လိုကြောင်း၊  ဌာနပိုင်မြေနှင့် အဆောက်အအုံများ ငှါးရမ်းလုပ်ကိုင်နေမှုများ ကိုလည်း တာဝန်ရှိသူများက အခါအားလျော်စွာ စစ်ဆေးပြီး ငှါးရမ်းရေးသဘောတူညီချက် အတိုင်းအသုံးပြုဆောင်ရွက်ရေး ထိန်းသိမ်းကြပ်မတ်ရန် နှင့် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကျင့်သုံးဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။

minister

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန နှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်များ က လုပ်ငန်းဆိုင်ရာကိစ္စရပ်များဆွေးနွေးမှာကြားကြပြီး အမှုထမ်း အရာထမ်းများ  ၏ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီး က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။