မန္တလေးဈေးကွက်

ဆန်
မန္တလေး ကိုင်းတန်းဈေးတွင် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။ မြို့ တွင်းသုံးဝယ်ယူမှုနည်းခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိသဖြင့် တစ်အိတ် ၇၈၀၀၀ ကျပ် မှ ၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ ဝင်ရောက်မှုပုံမှန်ရှိခြင်း ၊ မြို့တွင်းစားသုံးမှု ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် မြေပဲ (လုံးဆံ)ဈေးနှုန်းမှာ ဆောင်းမြေပဲအဝင်နည်းသွားခြင်း ၊ လုပ်ငန်းသမား အဝယ် ပုံမှန်ရှိခြင်းကြောင့် အရည်အ သွေးပေါ်မူတည်၍ ၁၀၀ ပိဿာ ၆၇၀၀၀၀ ကျပ် မှ ၇၀၀၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေ သည်။ မြေပဲ(ဆီဆံ)မှာ အဝင်နည်းသွားခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၂၀၀၀၀ ကျပ်မှ ၆၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ နွေနှမ်းစိုက်ပျိုးထားဆဲကာလဖြစ်ခြင်း၊ ဆောင်းနှမ်းလက်ကျန်နည်းခြင်း၊လုပ်ငန်းသမားနှင့် တရုတ် ဝယ်လက်နည်းခြင်းကြောင့် အရည် အသွေးပေါ်မူတည်၍ ၄၅ ပိဿာ ၃၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းညိုမှာ အဝင်ပုံမှန် ၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် ၃၅၅၀၀၀ ကျပ် မှ ၃၉၅၀၀၀ ကျပ် ထိအရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်မှုရှိသည်။
ပန်းနှမ်းဈေးနှုန်းအနေဖြင့် အဝင်နည်းခြင်း ၊ ဘယဆေးနှင့် ရောဆီအတွက် ဆီစက်သမား အဝယ်ရှိခြင်းတို့ကြောင့် ၄၅ ပိဿာလျှင် ယခင်သကြႅန်ကာလမတိုင်မှီက ၂၀၅၀၀၀ ကျပ် မှ ယခုအပတ် ၂၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
နေကြာဈေးနှုန်းအနေဖြင့် စိုက်ဧကနည်း အထွက်နည်း ၊ အဝင်နည်းသော်လည်း မိုးနေကြာစိုက်ချိန်နီးခြင်း၊ ဆောင်းနေကြာ လက်ကျန်နည်းခြင်းကြောင့် အရောင်းအဝယ် အေးသော်လည်း ၂၇ ပိဿာ ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သား နှင့် မုံရွာ မှ ကြက်သွန်နီများ ဝင်ရောက်မှုရှိပြီး သကြႅန်ကာလ အပြီး မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် (ကြီး) တစ်ပိဿာ ၂၅၀၀ ကျပ် မှ ၂၇၀၀ ကျပ်၊ လတ် တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၂၄၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ကြက်သွန်နီ (သေး)မှာ ၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။မုံရွာ ကြက်သွန်မှာ အဝင်နည်းခြင်းကြောင့် (ကြီး) တစ်ပိဿာ ၂၃၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး သေးတစ်ပိဿာ ၂၀၀၀ ကျပ် မှ ၁၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာသကြႅန်အပြီး အဝင်နည်းခြင်း ၊ မြို့တွင်းသုံး အဝယ်များခြင်းကြောင့် တစ်ပိဿာ ၁၁၀၀၀ ကျပ် မှ ၁၁၅၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်များလာခြင်း၊ အရည်အသွေးညံ့သွားခြင်း ၊ လားရှိုး ၊ မြစ်ကြီးနား ၊ ဖားကန့်သို့ ရံဖန်ရံခါ တင်ပို့ရမှုနည်းခြင်းကြောင့် အရည်အသွေးအညံ့ဆုံး တစ်ပိဿာ ၆၂၀၀ ကျပ် မှ အကောင်းဆုံး ၇၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင် ပန်း ၊ ပခုက္ကူ ၊ တရုတ်အာလူးများ အဝင်မရှိတော့ဘဲ ဘန့်ဘွေး အာလူးတစ်မျိုးတည်းသာ ရောင်းဝယ်မှုရှိပြီး တစ်ပိဿာ ၁၈၀၀ ကျပ်ဖြင့် ဈေတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ အဝင်နည်းခြင်း၊ ရန်ကုန်ဝယ်လက် နှင့်ပဲခွဲစက်များအဝယ်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်းခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်း၊ မြို့ တွင်းပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၃၇၈၀၀၀ ကျပ် မှ ၃၉၈၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(ဖြူ) ၃ တင်းတစ်အိတ် ၃၄၅၀၀၀ ကျပ် မှ ၃၇၅၀၀၀ ကျပ်သို့
ဈေးသိသိသာသာမြင့်သွားသည်။
ပဲတီစိမ်း(အညာ)မှာ ဆောင်းလက်ကျန်နည်းပြီး မိုးပဲစိုက်ချိန်နီးခြင်း၊လှောင်သမားထံမှ ဝယ်ရခြင်း၊ တရုတ်ဝယ်လက်မရှိဘဲ ပဲခွဲစက်များ အဝယ်သာရှိခြင်းကြောင့် အရောင်း အဝယ်အေးပြီး ၃ တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၁၄၅၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ်ဖြင့် ရောင်းချနေသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲစိုက်ချိန်နီးခြင်း၊ ဆောင်းပဲလက်ကျန်များခြင်း ၊ လုပ်ငန်းသမားနှင့် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ် မှ ၁၆၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ပဲပုတ် (ရှမ်း) မှာ ၃ တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲဈေးနှုန်းများအနေဖြင့် သကြႅန်ပိတ်ရက်များအပြီး အရောင်း အဝယ်အေးခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ကုဖြူကြီး ၃ တင်းတစ်အိတ် ၂၄၈၀၀၀ ကျပ် မှ ၂၄၃၀၀၀ ကျပ်သို့လည်းကောင်း ၊ ကုလားပဲ(ထိုင်ဝမ်)မှာလည်း ခွဲစက်များ ပိတ်ရက်များအပြီး ဝယ်ယူမှုနည်းခြင်းကြောင့် ၂၃၅၀၀၀ ကျပ် မှ ၂၂၃၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ကုလားပဲ(ခွဲခြမ်း)မှာ အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရခြင်း၊ လက်ကျန်နည်းခြင်းကြောင့် တစ်ပိဿာ ၅၅၀၀ ကျပ် မှ ၅၈၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲယင်း နှင့် စားတော်ပဲမှာ အဝင်ပုံမှန်၊ လုပ်ငန်းသမားနှင့် လက်လီသမား အဝယ်နည်းခြင်းကြောင့် ပဲယင်း ၃ တင်းတစ်အိတ် ၁၄၂၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၃ တင်းတစ်အိတ် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မြေတောက်ပဲမှာ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းခြင်း ၊ မုံရွာ နှင့် ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်မှုရှိခြင်းကြောင့် မုံရွာမြေတောက်ပဲ ၃ တင်းတစ်အိတ် ၂၉၅၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့လည်းကောင်း၊ ဧရာဝတီတိုင်းမြေတောက်ပဲ ၃၆၀၀၀၀ ကျပ်သို့ ဈေးအသီးသီး မြင့်သွားသည်။
ပဲကြီး(ကြီး/သေး)၊ ထောပတ် ပဲ(ကြီး/သေး)တို့မှာ အဝင်နည်းသွားခြင်း၊ လုပ်ငန်းသမား ၊ ပဲကြော်/လှော်သမား ၊ ခွဲစက်သမားများ အဝယ်များခြင်းတို့ကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၂၆၅၀၀၀ ကျပ် မှ ၂၇၅၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၃၀၀၀၀ ကျပ် မှ ၂၄၅၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၃၄၀၀၀၀ ကျပ် မှ ၃၄၅၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၂၉၀၀၀၀ ကျပ် မှ ၂၉၅၀၀၀ ကျပ်သို့ဈေးမသိမသာမြင့်သွားသည်။
ဟင်းသီး/ရွက်နှင့်သစ်သီးဝလံ
မန္တလေးဈေးကွက်တွင် ခရမ်းချဉ်(ရှမ်းတောင်)မှာ အဝင်များလာခြင်း၊ ထိုင်ဝမ်သီးများလည်း အဝင်များခြင်း ၊ မြို့တွင်းသုံးသာရှိပြီး မြစ်ကြီးနား ၊ လုံးခင်း တင်ပို့ရမှုနည်းခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာ ၂၀၀၀၀ ကျပ် မှ၁၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ငရုတ်စို(ရှည်နှင့်လတ်)မှာ မုံရွာ ၊ ချောင်းဦးမှ အဝင်နည်းခြင်းကြောင့် ငပိထောင်း ၊ လက်ဖက်သမားများ ပုံမှန် ဝယ်ယူမှုသာရှိသော်လည်း ငရုတ်စို(ရှည်) တစ်ပိဿာ ၁၆၀၀ ကျပ် မှ ၂၄၀၀ ကျပ် ၊ ငရုတ်စို(လတ်) တစ်ပိဿာ ၂၂၀၀ ကျပ် မှ ၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ကျောက်ဆည် ၊ မြစ်သားမှ ရွှေသခွားများ လှိုင်လှိုင်ဝင်ရောက်သော် လည်း အရည်အသွေးကောင်းခြင်းကြောင့် ၄လုံး တစ်ဖာလျှင် ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ၊ သဘောႅသီးများ နယ်စုံမှ ဝင်ရောက်ခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၈၀၀ ကျပ် မှ ၁၅၀၀ ကျပ် ၊ သီပေါမှ နာနတ်သီးများ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၅၀၀ ကျပ်မှ ၆၀၀ ကျပ်ဖြင့် မန္တလေးတိုင်းအတွင်း အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။ကျောက်ဆည်ဘက်မှ စိန်တစ်လုံးသရက်သီးများ စတင်ဝင်ရောက်မှုရှိပြီး ၁၀လုံးလျှင် အရည်အသွေးပေါ်မူတည်၍ ၃၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံအသစ်များ ဝင်ရောက်လာသဖြင့် မြင်းမူ၊ မြောင် ၊ ငါန်းဇွန် ၊ ဆားတောင် ၊ မုံရွာ၊ ဘုတလင် နယ်များမှ ဂျုံများ ၃ တင်းတစ်အိတ် ၁၅၀၀၀၀ ကျပ် ၊ ရှမ်းဂျုံ ၁၄၀၀၀၀ကျပ် ၊ ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ ကျပ်ဖြင့် ဂျုံစက်များ ပုံမှန်ဝယ်ယူမှုရှိသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေ ဖြင့် မြဝတီသို့ တင်ပို့ရမှုမရှိခြင်းကြောင့် မန္တလေးသို့ အဝင်များသော်လည်း သကြႅန်အပြီး အစာစပ်သမား ဝယ်ယူမှုများသဖြင့် ၃ တင်းတစ်အိတ် ၄၉၅၀၀ ကျပ် မှ ၅၁၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ခင်မေကြည်