ပြည်တွင်းဂျုံအထွက်နှုန်း မြင့်မားသည့်အတွက် ပြည်ပမှ တင်သွင်းရမှု လျော့နည်း

ပြည်တွင်းဂျုံအထွက်နှုန်း မြင့်မားသည့်အတွက် ပြည်ပမှ တင်သွင်းရမှု လျော့နည်း

ယခုနှစ် ဂျုံသီးနှံရာသီတွင် ဂျုံစိုက်ပျိုးထုတ်လုပ်သည့်ဧက တိုးလာခြင်းနှင့် အထွက်နှုန်း မြင့်မားသည့် အတွက် ပြည်ပမှ ဂျုံများ တင်သွင်းစရာမလိုဘဲ ပြည်တွင်းဂျုံပမာဏ အလုံ အလောက် ရှိကြောင်း  မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ ဂျုံမှုန့် (သို့်) ဂျုံစေ့များကို ဝယ်ယူရမည်ဆိုပါက နိုင်ငံခြားငွေဖြင့်  ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်။ ပြည်တွင်း ဂျုံစားသုံးမှုပမာဏသည် နှစ်စဉ်မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ အသင့်အ တင့်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ဂျုံသီးနှံသည် စပါးပြီးလျှင် ဒုတိယအများဆုံး စားသုံးသည့် ကောက်ပဲသီးနှံ ဖြစ်သည့်အ တွက် ယခုနှစ်တွင် ဂျုံစိုက်ဧရိယာများ တိုးချဲ့စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းများ မြင့်တက်လာခဲ့သည်။ ထို့ ကြောင့် ပြည်ပမှ ဂျုံတင်သွင်းရန် မလိုအပ်ဘဲ ပြည်တွင်းမှ ထွက်ရှိသည့် ဂျုံ ပမာဏ လုံလုံ‌လောက်လောက်ရှိခဲ့သည်။ ယခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံးမှ ထွက်ရှိသည့်ဂျုံများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာခဲ့ပါသည်။ မြေပြန့်နှင့်တောင်ကုန်းတောင်တန်းဒေသ နှစ်ခုလုံး သည် ဂျုံ စိုက်ပျိုးထုတ်လုပ်ရန် သင့်တော်ပြီး အဓိက ဂျုံစိုက်ပျိုး ထုတ်လုပ်သည့်ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ဖြစ်ကြပါသည်။ ဂျုံ မျိုးကွဲများစွာ ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘုတလင်နှင့် မြောင်မြို့နယ်တို့မှထွက်ရှိသော ဂျုံသည် အရည်အသွေးအမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ 

ယခင်က ပြည်ပမှတင်သွင်းသည့် ဂျုံမှုန့်နှင့် ဂျုံစေ့များအပေါ်တွင် မှီခို အားထားခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း ဂျုံစိုက်ပျိုးထုတ်လုပ် မှု ပမာဏသည် နိုင်ငံ၏ ပြည်တွင်း ဂျုံလိုအပ်မှု ပမာဏအတွက် အလုံအ လောက်ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု ပမာဏကို လျော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ပြင်ဂျုံစက်ရုံများလည်း ပုံမှန်လည်ပတ်လျက်ရှိသည်။ ဂျုံဈေးနှုန်း များသည် တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားကြောင်း ဦးစိုးဝင်းမြင့်က ပြောကြားသည်။

ဂျုံသီးနှံသည် ဆောင်းသီးနှံ ဖြစ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးနိုင် ပါသည်။ ဂျုံသီးနှံအား တောင်ကုန်းတောင်တန်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် စိုက် ပျိုးကြသည်။  ထို့ပြင် ချင်းပြည်နယ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင်လည်း စိုက်ပျိုးကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ မုံရွာ၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ မြောင်၊ မြင်းမူမြို့နယ်နှင့်မန္တလေးတိုင်းဒေသကြီး သဲတော၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် ဂျုံ အဓိက စိုက်ပျိုးထုတ်လုပ် ကြကြောင်းသိရှိ ရသည်။                 

 နွေးနွေးအောင်

https://www.gnlm.com