Maldives သို့ သကြား၊ ဆန်နှင့် ကြက်သွန်နီများတင်ပို့ခွင့်ပြုခဲ့သည့် အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အရ Maldives သို့ ဥများ၊ အာလူး၊ ကြက်သွန်နီ၊ ဆန်၊ ဂျုံမှုန့်၊ သကြား၊ ပဲမျိုးစုံ၊ ကျောက်ခဲမျိုးစုံ (stone aggregate) နှင့် မြစ်မှရယူ သောသဲ (river sand) တို့ကို တင်ပို့ရောင်းချခဲ့ခွင့်ပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် အဆိုပါ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချခွင့်အား လတ်တလောတွင် တားမြစ်ကန့်သတ်ထားခြင်း ဖြစ်သည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အဆိုပါထုတ်ကုန်များကို သတ်မှတ်သော အရေအတွက် ကန့် သတ်ချက်အရသာ တင်ပို့ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတည်ဆဲနှင့် အနာဂတ်တွင် ပြုလုပ်မည့် ပို့ကုန်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
ဥမျိုးစုံအရေအတွက် ၄၂၇.၅၄ သန်း၊ အာလူးကို ၂၁၅၁၃.၀၈ တန်၊ ကြက်သွန်နီကို ၃၅၇၄၉.၁၃ တန်၊ ဆန်ကို ၁၂၄၂၁၈.၃၆ တန်၊ ဂျုံမှုန့်ကို ၁၀၉၁၆၂.၉၆ တန်၊ သကြားကို ၆၄၄၉၄.၃၃ တန်နှင့် ပဲမျိုးစုံကို ၂၂၄.၄၈ တန်အထိ အများဆုံးတင်ပို့ခွင့်ပြုထားကြောင်း သိရသည်။ ကျောက်ခဲမျိုးစုံနှင့် သဲ ကို ဘဏ္ဍာနှစ်တစ်နှစ်လျင် အများဆုံး တန်ချိန် ၁၀ သိန်းသာတင်ပို့ခွင့်ပြုရန် အစိုးရမှ ဆုံးဖြတ်ထား ကြောင်း သိရသည်။
သို့သော် သဲနှင့် ကျောက်ခဲမျိုးစုံတင်ပို့မှုနှင့်စပ်လျဉ်း၍ ထုတ်လုပ်တင်ပို့ရောင်းချသည့် ကုမ္ပဏီ များအနေဖြင့် အဆိုပါထုတ်ကုန်များ ထုတ်လုပ်သည့်နေရာသည် ကန့်သတ်ဧရိယာများ အတွင်းမဖြစ် ရန် လိုအပ်ပြီး၊ သက်ဆိုင်ရာဌာနများ၏ ကင်းရှင်းကြောင်း ထောက်ခံချက်များရယူ ဆောင်ရွက်သွား ရမည်ဟုဆိုသည်။ ပြည်နယ်အစိုးရများ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းနှင့် ကန့်ကွက် ရန်မရှိကြောင်း အသိအမှတ်ပြုလက်မှတ်များကိုလည်း ရယူရန်လိုအပ်ကြောင်း သိရသည်။
Maldives သည် ၎င်း၏ ဒုတိယ Aviation platform တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အိန္ဒိယစစ်တပ်အရာရှိများကို ယခုနှစ် မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အစားထိုးထွက်ခွာရန် ပန်ကြားထားပြီး၊ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လတ်တ လောတွင် အိန္ဒိယစစ်တပ်အရာရှိအချို့နေရပ်ပြန်လာကြပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် လတ်တလောတွင် ပြည်ပတင်ပို့ခွင့်ရပ်ဆိုင်းထားသော ထုတ်ကုန်အချို့ကို Maldives သို့ ကန့်သတ်ချက်ဖြင့် တင်ပို့ရောင်းချခွင့်ပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆေး ဝါးသယ်ယူပို့ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ပူး ပေါင်းဆောင်ရွက်ရန် အိန္ဒိယစစ်တပ်မှ လေကြောင်းဆိုင်ရာအရာရှိ (၈၀) ဦးကို စေလွှတ်ထားသည့် အပေါ် Maldives သမ္မတသစ်မှ သဘောမတူသည့်အတွက် အရပ်သားအရာရှိများနှင့် အစားထိုးပေး ရန် နှစ်ဖက်အစိုးရမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပေါ် သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး
ကော်လ်ကတ္တား
ရည်ညွှန်း။ The Hindu Businessline, India allows sugar, rice and onion exports to Maldives