အိန္ဒိယအစိုးရက ပဲမျိုးစုံအား အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းဖြင့် အကန့်အသတ်မရှိ ဝယ်ယူပေးမည်ဟု ကမ်းလှမ်း၍ ပြည်နယ် ၃ ခုအား ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရန် တွန်းအားပေး

အိန္ဒိယအစိုးရသည် Bihar ၊ Jharkhand နှင့် Uttar Pradesh ပြည်နယ်တို့ရှိ တောင်သူများ အား ၎င်းတို့ စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း စသည့်ပဲမျိုးစုံကို အနိမ့်ဆုံးပံ့ပိုး သတ် မှတ်ဈေးနှုန်း ( Minimum Support Price – MSP) ဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း ကမ်းလှမ်း ချက်ဖြင့် ယင်းပဲအမျိုးအစားများကိုဦးစားပေးစိုက်ပျိုးရန် ရာသီချိန်စိုက်ပျိုးမှုများ မစတင်မီ စနစ်တကျ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ရည်ရွယ်ချက်မှာ ပဲမျိုးစုံ စိုက်ပျိုးမှုတိုးမြှင့်ရန်နှင့် ပဲမျိုးစုံသွင်းကုန်မှီခိုမှုလျှော့ချရန်ဖြစ်ကြောင်း၊ သို့ရာတွင် ထုတ်လုပ်မှုရည်မှန်းချက်ကို အစိုးရက သတ်မှတ်ထားခြင်းမရှိဟု အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများသက်သာချောင်ချိရေး ဝန်ကြီးဌာန၏ အချက် အလက်များ အရ ၂၀၂၂-၂၃ ခုနှစ်တွင် Uttar Pradesh ပြည်နယ်မှ ပဲမျိုးစုံတန်ချိန် ၂.၈၅ သန်းခန့် ထုတ်လုပ်ခဲ့ပြီး Jharkhand ပြည်နယ်မှ တန်ချိန် ၇.၆ သိန်း၊ Bihar ပြည်နယ်မှ တန်ချိန် ၄.၅ သိန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ပဲမျိုးစုံဈေးနှုန်းများကိုစီမံခန့်ခွဲသည့် စားသုံးသူရေးရာဝန်ကြီးဌာနသည် National Co-operative Consumers' Federation of India Ltd. (NCCF) အား ယခုအစီအစဉ်အား အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ NCCF သည် ပဲမျိုးစုံ ဝယ်ယူခြင်းအပြင် ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရန်အတွက် အရည်အသွေးမြင့်ပဲမျိုးစေ့များကို တောင်သူ များသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။
အိန္ဒိယဗဟိုအစိုးရသည် ယင်းပြည်နယ်များတွင် နီးစပ်ရာတောင်သူများကို စည်းရုံးလှုံ့ဆော် ဆောင်ရွက်လျက်ရှိသည်ဟု ကြားသိရသော်လည်း ယခုနှစ်ဇွန်လတွင် အထွေထွေရွေးကောက်ပွဲရ လဒ်များ ထုတ်ပြန်ကြေညာပြီးနောက်မှသာ လယ်သမားများအား စည်းရုံးလှုံ့ဆော်မှုများကို အပြည့် အ၀ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနသည် ယခုအစီ အစဉ်အား ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်အစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
အိန္ဒိယအစိုးရမှ ပဲမျိုးစုံစျေးနှုန်းတည်ငြိမ်မှုရှိစေရန် စီမံချက်များစွာဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း လပေါင်းများစွာပဲမျိုးစုံဈေးနှုန်းများ မြင့်မားလာမှုမှာ စိုးရိမ်စရာဖြစ်လာကြောင်း၊ ဖေဖော်ဝါရီလတွင် ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုမှာ ၁၈.၉ % မှ မတ်လတွင် ၁၇.၇၁ % သို့ သိသိ သာသာ ကျဆင်းသွားသော်လည်း ပဲစင်းငုံမှာမူ ထွက်ရှိမှုနည်းပါးသောကြောင့် ၃၃.၅၄% တက်လာခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ပြည်တွင်းပဲဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင် ရေးအတွက် ပြည်ပဈေးကွက်များနှင့်ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းရှိ တောင်သူများ စိုက်ပျိုးမှု မြှင့်တင်ရန်အတွက်လည်း မက်လုံးများပေး၍ စည်းရုံးလှုံ့ဆော် ဆောင်ရွက်နေမှုအခြေ အနေများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး
နယူးဒေလီမြို့
Source: Govt nudges 3 states to produce pulses, offers MSP with no bar, The Economic Times,