အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း ပြီးခဲ့သည့် တစ်လ အတွင်း ဈေးနှုန်းများ  ၁၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ကြောင်းနှင့် ပဲစင်းငုံခွဲခြမ်းထုတ်လုပ်ရန် အတွက် ပဲစင်းငုံကုန်ကြမ်းများ ဈေးကွက်အတွင်းပြတ်တောက်မှုနှင့်ရင်ဆိုင်နေရကြောင်း ပဲမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။

အစိုးရက တင်သွင်းသူများသည် ဈေးကစားရန်သိုလှောင်ထားသည်ဟု သံသယရှိသော် လည်း အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) က ပဲစင်းငုံဈေးနှုန်းများ မကြာသေးမီက မြင့်တက်လာရခြင်း၏ အကြောင်းရင်းမှာ  ဂူဂျာရတ်ပြည်နယ်တွင် အစိုးရ၏ ပဲစဉ်းငုံ ဝယ်ယူရေး အစီ အစဉ်များနှင့်တင်ပို့ရောင်းချသည့်နိုင်ငံများမှ ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားခြင်းကြောင့် ဖြစ် ကြောင်း ပြောကြားထားသည်။ 

ပဲမျိုးစုံ အဓိကရောင်းချသည့် Latur စျေးကွက်တွင် ပဲစင်းငုံဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၀၂ ရူပီး နှင့် ၁၀၄ ရူပီး ကြားသာရှိရာမှ တစ်လအတွင်း ၁၁၅ ရူးပီးနှင့် ၁၁၇ ရူပီး ကြားသို့  ၁၂ ရာခိုင် နှုန်းခန့် မြင့်တက်ခဲ့ပါကြောင်း၊ လက်လီစားသုံးသူများသည် ပဲစင်းငုံတစ်ကီလိုဂရမ်အတွက် ရူပီး ၁၆၀-၂၀၀ ပေးဆောင်ကြရကြောင်း၊ ပဲစဉ်းငုံ ကုန်ကြမ်းပြတ်လပ်မှုနှင့် ပြည်ပမှတင်သွင်းသော ပဲစင်းငုံဈေးနှုန်းများ ကြီးမြင့်မှုကြောင့် မကြာသေးမီက ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း ပဲခွဲစက်လုပ်ငန်းရှင်များက ပြောကြားထားသည်။

အထူးသဖြင့် Maharashtra နှင့် Karnataka ပြည်နယ်တို့တွင် ယခုနှစ်တွင် ပြည်တွင်း ပဲစင်းငုံ ထုတ်လုပ်မှု လျော့နည်းခဲ့ကြောင်း၊ အိန္ဒိယသည် ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုထား သော်လည်း ယခုနှစ်တွင် ပဲစင်းငုံတင်သွင်းသည့်ဈေးနှုန်းများမှာ တင်သွင်းရာသီ အစမှစ၍ မြင့်မား နေခဲ့ကြောင်းနှင့် ဈေးကွက်အတွင်း  ပဲစင်းငုံပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ပဲခွဲစက်လုပ်ငန်း ရှင်တစ်ဦးက ပြောကြားထားသည်။ ပဲလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများက ပဲစဉ်းငုံဈေးနှုန်းမှာ ဧပြီလ ကုန်အထိမြင့်တက်နိုင်ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ဈေးနှုန်းများ ပြန်ကျနိုင်ခြေရှိကြောင်း ခန့် မှန်းလျှက်ရှိကြသည်။ 

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေအား သိရှိုနိုင်ပါရန်နှင့် ရွေးကောက်ပွဲကာလအတွင်း ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အစိုးရမှ ဈေး ကွက်ထိန်းကြောင်းနိုင်ရေး အစီအစဉ်များချမှတ်ဆောင်ရွက်လာနိုင်သဖြင့် လေ့လာစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ 

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့          

Source: Tur dal prices rise more than 10% despite open import policy, The Economic Times,