အိန္ဒိယနိုင်ငံတွင် စပါးနှင့် ပဲမျိုးစုံစိုက်ဧရိယာများတိုးတက်ပြီး နွေရာသီ သီးနှံစိုက်ပျိုးမှု ၈ ရာခိုင်နှုန်း တိုးတက်

အိန္ဒိယနိုင်ငံတွင် စပါးနှင့် ပဲမျိုးစုံစိုက်ဧရိယာများတိုးတက်ပြီး နွေရာသီ သီးနှံစိုက်ပျိုးမှု ၈ ရာခိုင်နှုန်း တိုးတက်

အိန္ဒိယနိုင်ငံတွင် ယခုလ ၁၉ ရက်နေ့အထိ နွေသီးနှံများစိုက်ပျိုးထားရှိမှု  ဟက်တာ ၆၄ ဒသ မ ၄၇ သိန်းရှိပြီး ယခင်နှစ်ကာလတူက စုစုပေါင်း ဟက်တာ ၅၉ ဒသမ ၅၉ သိန်းသာ ရှိခဲ့သည့် အတွက် ၈ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း The Hindu businessline သတင်းဌာနမှ ယခုလ ၁၉ ရက် နေ့တွင် ဖော်ပြသည်။ ရာဘီ (ဆောင်း) ရာသီ သီးနှံများ ရိတ်သိမ်းအပြီးနှင့် ခါရစ် (မိုး) ရာသီ မတိုင်မီကာလဖြစ်သော အဆိုပါ နွေသီးနှံရာသီ (zaid) (မတ်လ မှ ဇူလိုင်လ အထိကာလ) အတွင်း အဆိုပါ သီးနှံများကို ပိုမိုတိုးတက်စိုက်ပျိုးလာပြီး (zaid) သီးနှံစုစုပေါင်း ဟက်တာ ၆၆ သိန်းခန့် စိုက် ပျိုးထားရှိကြောင်း သိရသည်။

ယခုနှစ် ဧပြီလ ၁၉ ရက်နေ့အထိ နွေစပါးစိုက်ပျိုးမှု ဟက်တာ ၂၉ ဒသမ ၈၀ သိန်းရှိပြီး၊ ယခင်နှစ်ကာလတူက ဟက်တာ ၂၇ ဒသမ ၄၁ သိန်းသာရှိခဲ့သည့်အတွက် ၉ ရာခိုင်နှုန်းပိုမိုးတိုး တက်လာကာ မတ်ပဲနှင့် ပဲတီစိမ်းကို ပိုမိုစိုက်ပျိုးလာကြသည့်အတွက် နွေပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာ ဟက်တာ ၁၁ ဒသမ ၉၆ သိန်းမှ ၁၃ ဒသမ ၁၂ သိန်းသို့ တိုးမြင့်လာခဲ့သည်။ ပဲတီးစိမ်းစိုက်ဧရိယာမှာ ယခင်နှစ်က ဟက်တာ ၉ ဒသမ ၄၂ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၀ ဒသမ ၃၆ သိန်းသို့လည်းကောင်း၊ မတ်ပဲစိုက်ဧရိယာမှာ ဟက်တာ ၂ ဒသမ ၅၄ သိန်းမှ ၂ ဒသမ ၇၆ သိန်းသို့လည်းကောင်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ပဲမျိုးစုံကို Madhya Pradesh၊ Bihar၊ Odisha၊ Tamil Nadu၊ Uttar Pradesh နှင့် Gujarat ပြည်နယ်တိုး၌ အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာမှာ ဟက်တာ ၉ ဒသမ ၁၈ သိန်းမှ ၉ ဒသမ ၆၅ သိန်းသို့ ၅ ရာခိုင်နှုန်း မြင့်တက်လာကာ မြေပဲစိုက်ဧရိယာ ဟက်တာ ၄ ဒသမ ၅၈ သိန်းနှင့် နှမ်းစိုက်ဧရိယာ ဟက်တာ ၄ ဒသမ ၇၄ သိန်းရှိကြောင်း သိရသည်။ အဆိုပါ မြေပဲနှင့်နှမ်းစိုက်ဧရိယာ နှစ်ရပ်စလုံး ယခင်နှစ် ကာလတူကထက် မြင့်တက်ခဲ့ပြီး၊ နေကြာစိုက်ဧရိယာမှာ ယခင်နှစ်က ၂၉၀၀၀ ဟက်တာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၃၃၀၀၀ ဟက်တာသို့ တိုးမြင့်လာကြောင်း သိရသည်။ 

ယခုနှစ်တွင် လူး/ဆပ် (jowar/bajra) နှင့် ပြောင်းတို့ကို ပိုမိုတိုးတက်စိုက်ပျိုးခဲ့သည့်အတွက် နွေရာသီစိုက် အာဟာရနှံစားသီးနှံနှင့် ပြောင်းစိုက်ဧရိယာမှာ ယခင် ဟက်တာ ၁၀ ဒသမ ၃၅ သိန်းမှ ၁၁ ဒသမ ၃၁ သိန်းသို့တိုးတက်လာခဲ့ပြီး၊ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ Jowar စိုက် ပျိုးဧရိယာသည် ယခင်နှစ်က ၁၆၀၀၀ ဟက်တာရှိခဲ့ရာမှ ၃၇၀၀၀ ဟက်တာသို့ တိုးတက်ခဲ့ပြီး၊  bajra စိုက်ပျိုးဧရိယာသည် ယခင် ဟက်တာ ၄ ဒသမ ၃၆ သိန်းမှ ယခု ၄ ဒသမ ၆၁ သိန်းသို့ ၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ ပြောင်းစိုက်ဧရိယာမှာ ယခင်က ဟက်တာ ၅ ဒသမ ၈၂ သိန်း မှ ၆ ဒသမ ၃၃ သိန်းသို့ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံတွင် မုတ်သုန်ရာသီအကြို မိုးရွာသွန်းမှု ၁၈ ရာခိုင်နှုန်းလျှော့နည်းကာ ဧပြီလ ၁၉ နေ့အထိ မိုးရေချိန် ၄၂ ဒသမ မီလီမီတာသာရှိပြီး၊ ပုံမှန်ရှိရမည့် မိုးရေချိန် ၅၂ မီလီမီတာထက် လျှော့နည်းခဲ့ကြောင်း သိရသည်။ နိုင်ငံ့အနောက်မြောက်ပိုင်းဒေသများတွင် မိုးရေချိန် ၁၁ ရာခိုင်နှုန်း လျှော့နည်းပြီး၊ ဗဟိုအလယ်ပိုင်းဒေသများတွင် ပျှမ်းမျှမိုးရေချိန်ထက် ၈၉ ရာခိုင်နှုန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။ တောင်ပိုင်းကျွန်းစွယ်ဖက်တွင် ၇၂ ရာခိုင်နှုန်းလျှော့နည်းကာ အရှေ့ဖက်နှင့် အရှေ့ မြောက်ပိုင်းဒေသများတွင် သာမန်မိုးရေချိန်အောက် ၃၂ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျင် ယခုလ ၁၉ ရက်နေ့အထိ နွေသီးနှံများစိုက်ပျိုးထားရှိမှု  ၈ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဆန်နှင့် ပဲမျိုးစုံ စိုက်ပျိုးဧရိယာများ တိုးတက်လာခဲ့ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး 
ကော်လ်ကတ္တား           

ရည်ညွှန်း။    The Hindu Businessline, Area under summer crops up 8% on higher paddy, pulses coverage