အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ် ထုတ်ဖေါ်တင်ပြအတည်ပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ် ထုတ်ဖေါ်တင်ပြအတည်ပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံရှိ ကုန်စည်ဒိုင်၊ လက်လီလက်ကားဆိုင်ကြီးများနှင့် သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ် ထုတ် ဖေါ်တင်ပြ အတည်ပြုသွားရန် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ပြည်နယ်အားလုံးနှင့် ပြည် ထောင်စုနယ်မြေအားလုံးအား ယခုလ (၁၀) ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။ 
အဓိက ကုန်တင်ကုန်ချဆိပ်ကမ်းများနှင့် ပဲမျိုးစုံအရောင်းအဝယ်ဗဟိုဌာနများရှိ ကုန်လှောင် ရုံများရှိ ကုန်စည်လက်ကျန်အခြေအနေကို အချိန်နှင့်တစ်ပြေးညီ အစိုးရ၏ တရားဝင်လွှင့်တင်ထား သော အွန်လိုင်းပေါ်တယ်မှတစ်ဆင့် တင်ပြရန်နှင့် ယင်းသို့ တင်ပြရာတွင် မမှန်မကန်ဖော်ပြထား ကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု အဆိုပါ တရားဝင်ညွှန်ကြားစာ၌ ဖော်ပြထားကြောင်း သိရသည်။

ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ဈေးနှုန်းများ ပြောင်းလဲမှုအခြေအနေနှင့် မလိုလားအပ်သော ဈေးကွက်အခြေအနေများ မဖြစ်ပေါ်စေရန် မပြတ်စောင့်ကြည့် ထိန်းချုပ်သွားကြဖို့ အိန္ဒိယနိုင်ငံစား သုံးသူရေးရာဦးစီးဌာန၊ အတွင်းဝန် Nidhi Khare က ပြည်နယ်နှင့် ခရိုင်အဆင့် အတွင်းဝန်များနှင့် ဌာနတာဝန်ခံများအား ညွှန်ကြားထားကြောင်း သိရသည်။

အဓိကပဲ(၅) မျိုးဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲနီလေးတို့အပြင် ပြည်ပမှ တင်သွင်းထားသော စားတော်ပဲ (Yellow peas) ၏ ကုန်စည်လက်ကျန်အခြေအနေနှင့် သိုလှောင် ထားရှိမှုပမာဏကိုလည်း စောင့်ကြည့်ထိန်းချုပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် အတွင်းဝန် Khare သည် ပဲမျိုးစုံတင်သွင်းမှုနှင့် ကုန်လက်ကျန်အခြေအနေ ထုတ် ဖေါ်တင်ပြမှုနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ဆွေးနွေးရန် ပဲမျိုးစုံသွင်းကုန် လုပ်ငန်းရှင်အသင်း အဖွဲ့များနှင့် အခြားပဲလုပ်ငန်းကိုယ်စားလှယ်များနှင့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရ သည်။

စားတော်ပဲ (Yellow peas) အပါအဝင် ပဲမျိုးစုံ လက်ဝယ်သိုလှောင်မှုနှင့် ပဲလက်ကျန် အခြေ အနေကို အပတ်စဉ်ပုံမှန် တင်ပြသွားရန် သွင်းကုန်လုပ်ငန်းရှင်များနှင့် ပဲလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင် များအား တောင်းဆိုထားကြောင်း သိရသည်။ ယင်းသို့တင်ပြရာတွင် စားသုံးသူရေးရာဌာန၏ အွန် လိုင်းပေါ်တယ်တစ်ခုဖြစ်သော https://fcainfoweb.nic.in/psp/ မှတစ်ဆင့်တင်ပြနိုင်ပြီး၊ စားတော် ပဲ (Yellow peas) နှင့် လက်လီအရောင်းဆိုင်လုပ်ငန်းကြီးများလည်းကို ထည့် သွင်းသွားမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှစ၍ ယင်းသို့လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပဲမျိုးစုံဝယ်ယူရရှိနိုင်ရေးအတွက် စားတော်ပဲ (Yellow Peas) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ပမှတင်သွင်းခွင့်ပြုထား ကြောင်း သိရသည်။ Khare က အဆိုပါ ပြည်ပမှတင်သွင်းထားသော ပဲများကို ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးသွားရန်နှင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများကိုလည်း အဆင် ပြေချောမွေ့စွာ ပုံမှန်ဖြန့်ဖြူးရောင်းချပေးခြင်းရှိ/မရှိ အဆိုပါ ပဲများကို တင်သွင်းသူများအား စောင့် ကြည့်လေ့လာသွားရန် သက်ဆိုင်ရာကို ဖိအားပေးထားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ပဲမျိုးစုံ ဝယ်ယူရရှိရေး၊ ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကစားမှုများမဖြစ်ပေါ်စေရန် အိန္ဒိယနိုင်ငံ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စနစ်တကျထိန်းကျောင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကို သိရှိနိုင် ပါရန် တင်ပြအပ်ပါသည်။ 

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး 
ကော်လ်ကတ္တား           

ရည်ညွှန်း။    The Hindu Businessline, Centre tells States to enforce weekly stock disclosure of pulses