ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အဖွဲ့အား တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဧပြီ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဧပြီ(၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်နှင့်အဖွဲ့အားပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

နှစ်ဖက်ဆွေးနွေးရာတွင် ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာတင်သွင်းမှု ဆိုင်ရာလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ ဆန်၊ ကော်ဖီ၊ သစ်သီးဝလံများနှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်များအပေါ် ဥရောပအာရှ စီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်နှင့် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ ကော်ဖီ၊ ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မှုအခွင့်အလမ်းများ၊ Myanmar GAP ထုတ်ကုန်တစ်ခုဖြစ်သည့် ကော်ဖီကို (EAEU) နိုင်ငံများသို့ တင်ပို့ရောင်းချပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံမျိုးကောင်းများ အသုံးပြုနိုင်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာလူးမျိုးကောင်းမျိုးသန့် ထုတ်လုပ်မှုနည်းပညာမျှဝေဖလှယ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။