မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများဆွေးနွေး

မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများဆွေးနွေး

နေပြည်တော်၊ မတ်လ(၄)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မတ်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နှစ်ဘက်ဆွေးနွေးရာတွင် မြန်မာ- သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ၊ နှစ်နိုင်ငံ ရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ ပင်လယ်ရေကြောင်း  နယ်နိမိတ်ဆိုင်ရာ ဥပဒေများနှင့် အညီ လိုက်နာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။