စပါးမျိုးစေ့ချစက်ဖြင့် မိုးစပါးပျိုးထောင်ခြင်း သရုပ်ပြပွဲကျင်းပ

ဝမ်းတွင်း၊ သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ် ယာသို့ အသွင်ကူးပြောင်းစေရန်၊ လုပ်သားရှားပါးမှု ပြဿနာအားကျော်လွှားနိုင်စေရန်၊ စိုက်ပျိုးစနစ်မှန်ကန်ပြီးပန်းတိုင်အထွက်နှုန်းတိုးစေရန်၊ ပျိုးထောင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအားသိရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၆၀)စက်မှုလယ်ယာစခန်း၊ ဝမ်းတွင်းမြို့က၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချစက်(Seedling Machine)ဖြင့် မိုးစပါးပျိုးထောင်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာ အုပ်စု၊ သပြေသာကျေးရွာ၊ ကွင်း အမှတ် ၁၆၀၂၊ ဦးပိုင်အမှတ်၇၃/၃၊ တောင်သူဦးထွန်းထွန်းဦး၏ လယ်မြေတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဝမ်းတွင်းမြို့နယ်၊ စက်မှုလယ် ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသက်ထက်ဇော်က စပါး မျိုးစေ့ချစက် (Seedling Machine) ဖြင့် စပါးပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာ သိရှိနားလည်သင့်သည့် အချက်များနှင့် စပါးမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ပြီးသော ပျိုးဗန်းများအား ထိန်းသိမ်းစောင့် ရှောက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသရုပ်ပြသပွဲသို့ တက်ရောက်လာကြသည့် ဝမ်းတွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးရဲမြင့်သိန်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မည့် ရိုးစုံကျေးရွာအုပ်စုနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာအုပ်စုများမှ ဒေသခံ တောင်သူ ၅၀ ဦးတို့သည် စပါးမျိုးစေ့ချစက် (Seedling Machine) ဖြင့် မိုးစပါးပျိုးထောင် ခြင်းသရုပ်ပွဲအား ကြည့်ရှုပြီးသရုပ်ပြပွဲနှင့်အတူ ခင်းကျင်းပြသထားသည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum Seeder)၊ လက်ဆွဲကောက်စိုက်စက် နှင့် စပါးမျိုးစေ့ချကိရိယာ(10 Rows Seeder)များအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြောင်းသိရှိရသည်။
AMD