၄၆ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

၄၆ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၀

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ၄၆ ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်း အဝေး၏ အဆင့်မြင့် အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ဩဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုုပ် ဒေါက်တာသန္တာကြည်က သဘာပတိ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။

အစည်းအဝေး ပထမနေ့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၅၁ ဦး၊ တီမောလက်စ်တေနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ ကိုယ်စားလှယ် ၁၀ ဦး၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CGIAR၊ CPOPC၊ CSIRO၊ ERIA၊ GIZ၊  TAF GTEI၊ FAO၊ GHD and Boeing၊ Sattva Consulting၊ SCeNe Coalition၊ Singapore Crawfish၊ SEAFDEC နှင့် US-ABC တို့မှ ကိုယ်စားလှယ် ၂၅ ဦး၊ ဆက်စပ်ဝန်ကြီးဌာနဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် ၂၄ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၁၁၄ ဦး ပါဝင်တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် SOM-AMAF Leader ဖြစ်သူ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က အဖွင့်အမှာစကားများ ပြောကြားရာတွင်  ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးများသည် အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မှတ်တိုင်များဖြစ် ကြောင်း၊  ထို့ပြင် ရေးဆွဲခဲ့သောမူဘောင် ၂ ခုဖြစ်သည့် ၂၀၄၅ ဆီသို့ မျှော်မှန်းသည့် စားရေရိက္ခာ၊ စိုက် ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာ ချက်နှင့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်-၂၀၄၅ တို့သည် ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လမ်းပြမြေပုံများဖြစ် ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည် တံ့သော စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ဘုံရည်မှန်းချက်ကို အကောင်အထည်ဆောင်ရွက် ရာတွင် အဆင့်မြင့်အရာရှိများနှင့် ကိုယ်စား လှယ်များအားလုံးအား တက်ကြွစွာ ပူးပေါင်း ပါဝင်ကြပါရန် လေးနက်စွာ တိုက်တွန်းကြောင်းပြောကြားသည်။

အစည်းအဝေးတွင် စားရေရိက္ခာကဏ္ဍမှ ကျင်းပခဲ့သည့် အစည်းအဝေး ၄ ခု၊ စိုက်ပျိုးရေးကဏ္ဍမှ ၆ ခု၊ စိုက် ပျိုးရေးနှင့် သစ်တောထွက်ကုန်များ ကဏ္ဍမှ ၁ ခုနှင့် သစ်တောကဏ္ဍမှ ၁ ခုတို့၏ အစည်းအဝေးအစီရင်ခံများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းရပ် ၂၃ ခုအား ၄၇ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုရန်နှင့်  လုပ်ငန်း ၇ ရပ်အား မှတ်တမ်းတင်ရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ ဆက်လက်၍ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ တင်ပြချက်များအပေါ် ဆွေးနွေးခဲ့ကြပြီး စားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကတိကဝတ် ပြုခဲ့ကြသည်။

၂၄ ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အာဆီယံ-ရုရှား လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အစည်း အဝေးများကို ဩဂုတ်၂၀ ရက်တွင် ဆက်လက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။                    

 MOALI