ဆင်သေရေသောက်စနစ်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ဇူလိုင် ၉ ရက်နေ့ တွင် နေပြည်တော် ကောင်စီနယ်မြေ စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြင့် ဆင်သေချောင်း လက်ဝဲနှင့် လက်ယာ အတွင်းရှိ စိုက်ပျိုးမြေ ဧက ၃၈၄၄၄ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများကိုယ်တိုင် တက်ကြွစွာပါဝင်လာစေရန် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးများ သည် ဇေယျာသီရိမြို့နယ် ကျွန်းယောင်းကျေးရွာအုပ်စု ရွှေဗဟိုကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံ၍ လက်ရှိစိုက်ပျိုးလျက်ရှိသည့် ပြောင်းသီးနှံအခြေခံ နှစ်သီးစား ယာသီးနှံအဓိကထား စိုက်ပျိုးသည့် သီးနှံပုံစံများနှင့် စပ်လျဉ်း၍လည်ကောင်း၊ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် သုံးသီးစား သီးနှံပုံစံ စိုက်ပျိုးနိုင်ရေးအလားအလာနှင့် စိုက်ပျိုး သီးနှံများ ပန်းတိုင်အထွက်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရေး၊ သီးနှံပုံစံ ချိန်ညှိစိုက်ပျိုးနိုင်ရေး၊ စိုက် ပျိုးရေ ရရှိနိုင်မှုနှင့် ဖြည့်ဆည်းပေးနိုင်မည့် အလားအလာများ၊ အခြား သော လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီးများသည် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု၊ အောင်သာ ကျေးရွာ တောင်သူများနှင့်တွေ့ဆုံ၍ ပြောင်း-ပဲကြီး၊ ပြောင်း- မြေပဲ ၊ ပြောင်း-နှမ်းသီးနှံ ၊ ကြံ သီးနှံ စသော ဒေသခံတောင်သူများအဓိကစိုက်ပျိုးလျက်ရှိသည့် သီးနှံပုံစံများ၊ သီးနှံအလိုက် မျိုးစေ့သုံးစွဲမှုအခြေ အနေနှင့် သီးနှံအထွက်နှုန်းရရှိမှု၊ သီးနှံအလိုက်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် ပြောင်းလဲသင့်သည့် သီးနှံပုံစံနှင့် ဖြေရှင်းပေးရမည့် အခက်အခဲများ၊ မြေယာအသုံးပြုခွင့် လုပ်ကိုင်ခွင့်ဆိုင်ရာများ၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်မှု အခွင့်အလမ်း များကိုဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်အုပ်စုဆင်တဲကြီးကျေးရွာရှိ တောင်သူ များနှင့် တွေ့ဆုံ၍ သီးနှံအလိုက်ပန်းတိုင်အထွက်ရရှိရေး၊ တစ်ဧကချင်း၏ သီးထပ်စွမ်းအား မြှင့်တင် နိုင်ရေး၊ ဒေသခံတောင်သူများအတွက် တောင်သူပညာပေးစင်တာ ထူထောင်ပေးနိုင်ရေး၊ ပဲပုပ်သီးနှံစိုက်ပျိုးနိုင်ရေး အားပေးဆောင်ရွက်သွားမည့် အစီအစဉ်များ ၊ သီးနှံများ၌ ဓာတ်ကြွင်းအာနိသင်လျော့ချနိုင်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI