ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ သင်ကြားသင်ယူရေးလုပ်ငန်းများ စစ်ဆေးအားပေး

နေပြည်တော်၊ ဇွန် ၂၃
စိုက်ပျိုးရေးတက္ကသိုလ်၏ သင်ကြား/သင်ယူရေးလုပ်ငန်းများ စစ်ဆေးအားပေးရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်း စီမံပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇွန် ၂၃ရက် နေ့လယ်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၌ ပညာဆည်းပူးလေ့လာလျက်ရှိကြသည့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားရေး ဆရာ/ဆရာမများ ၊ တက္ကသိုလ်တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် LT-5 စာသင်ဆောင်တွင် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားကျောင်း သူ ၂၇၂ ဦးအားတွေ့ဆုံ၍ ပညာ သင် ယူသည့် ကာလအတွင်း စနစ်တကျ ကြိုးစားလေ့လာကြပြီး လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင် စွာ တာဝန်ယူဆောင်ရွက်နိုင်ခြင်းဖြင့် အမိတက္ကသိုလ်၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သော စိုက်ပျိုးရေးပညာရှင်များအဖြစ် ရပ်တည်နိုင်ကြစေလိုကြောင်း၊ အလားတူ နိုင်ငံတော် ၏ လိုအပ်ချက်နှင့် တောင်သူများ၏ အကျိုးစီးပွားကို အမြဲရှေးရှုပြီး စဉ်ဆက်မပြတ်ပေါ်ထွက်နေသောစိုက်ပျိုးပညာရပ်များ အား တစ်သက်တာမပြတ်လေ့လာ ဆည်းပူးကာ စနစ်တကျပြန်လည်ပေးဝေတတ်သော လူကောင်း လူတော်များဖြစ်စေရေးနှင့် ကြည့်မြင်တတ်သော မျက်စေ့၊ ကြားတတ်သောနား၊ ပြော ဆိုတတ်သော နှုတ်မှုစွမ်းရည်များရှိရေး အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း မှာကြားသည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ သင်ကြားရေး ဆရာ ဆရာမများ၊ တက္ကသိုလ်တာဝန်ရှိသူ များအားတွေ့ဆုံ၍ ဆရာ ကျောင်းသား ဆက်ဆံရေးဆိုင်ရာ ဂရုပြုရမည့် အချက်များ၊ ဆရာ ဆရာမများ၏ သင်ကြားရေး စွမ်းရည်ထက်မြက်ရန် လိုအပ်ချက်များ၊ မိမိတို့၏ စိုက်ပျိုးရေးဆိုင်ရာပညာရပ်နှင့် အတွေ့အကြုံ များကို မျှဝေ ပေးကြရန် ၊ တစ်ခေတ်ထက် တစ်ခေတ် ပိုမိုထူးချွန်သော စိုက်ပျိုးရေး ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာထက် သာလွန်ထူးချွန်သူ တပည့် များ မွေးထုတ်ပေးနိုင်ရေး ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲတက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ် ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOALI