ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှု သရုပ်ပြ

ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှု သရုပ်ပြ

နေပြည်တော်၊ မေ ၁၂

ပီလောပီနံမှ စားသောက်ကုန်ချောထုတ်လုပ်မှုသုတေသနပြုစမ်းသပ်ခြင်းကို မေ ၁၂ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာ ဓာတ်ခွဲခန်း(ရေဆင်း)တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ စမ်းသပ်သုတေသနပြုရာတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တက်ရောက်ဆွေးနွေးပြောကြားရာ၌ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရချိန်တွင် ဆန်အပြင် မိမိဒေသတွင်း ရရှိနိုင်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် မြစ်စားသီးနှံများ ကစီဓာတ် ကြွယ်ဝသော သီးနှံများကို ပုံစံမျိုးစုံဖြင့် စားသုံးတတ်ရန် ပညာပေးစီမံဆောင်ရွက်ပေးခြင်းဖြင့် စားရေရိက္ခာဖူလုံရေး စီမံဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ ဖူဖူ ခေါ် အာဖရိကနိုင်ငံများတွင် စားသုံးသည့် ပီလောပီနံအခြေခံ စားသောက်ဖွယ် ပြုလုပ်သုံးစွဲမှုနှင့် လိုအပ်သလိုမြန်မာမှုပြုနိုင်ရန် စမ်းသပ်ချက်ပြုလုပ်စေခြင်းဖြစ်ကြောင်း ၊ အလားတူ မိမိတို့ နိုင်ငံရှိ တိုင်းရင်းသားရိုးရာအစားအစာများကိုလည်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းပြီး ဒေသစားသုံးမှုပုံစံ၊ စားသုံးမှုစနစ်များကို မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ဆန်တို့ဟူး ၊ ဝတုံ၊ ဆီတိုဟူး၊ ဟင်းပေါင်း ၊ ကယားဝက်အူချောင်း အစရှိသည့် ဒေသအလိုက်အစားအစာများကို ဆန်းသစ်တီထွင်ခြင်းများဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပါက အသေးစား၊ အငယ်စား နှင့်အလတ်စား MSMEs  ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးကိုပါ အထောက် အကူပြုစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍တာဝန်ရှိသူများက ပီလောပီနံမှ ဖူဖူ အပြင် အခြားစားသောက်ကုန် ပစ္စည်းများ ပြုလုပ်ပုံအဆင့်ဆင့် နှင့် ပြည်တွင်း ပြည်ပမှ စားသုံးသူများ၏ စားသုံးမှုပုံစံ အမျိုးမျိုးကိုလည်းကောင်း၊ အာလူးအစား ထိုး ပီလောပီနံစမူဆာ၊ ပီလောပီနံခေါပုပ်များ စမ်းသပ်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ရှင်းလင်းပြသကြရာ ဒုတိယဝန်ကြီးက ဖြည့် စွက်ဆွေးနွေးပြီး ပီလောပီနံအခြေခံ စားသောက် ဖွယ်ရာများ ထုတ်လုပ်သည့် နည်းပညာ၊ ဗဟုသုတများကို ပြည်သူလူထုအတွင်း  ကျယ်ကျယ် ပြန့်ပြန့်မျှဝေပေးကြရန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

MOALI