မျိုးကောင်းမျိုးသန့်ကြံမျိုးများ ဖြန့်ဖြူးပေးနိုင်ရေး ပညာပေးဆောင်ရွက်

ရေတာရှည်၊ မတ်၂၅
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ကြံသီးနှံ ပန်းတိုင်အထွက်နှုန်း တန် ၃၀ ရရှိရေးနှင့် မျိုးကောင်းမျိုးသန့်ကြံများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်းကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ဘိုးတော် ကုန်းခြံတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က မျိုးကောင်းမျိုးသန့်ကြံများ တောင်သူများ စိုက်ပျိုးနိုင်ရေး၊ ကြံသီးနှံ အထွက်နှုန်းတိုးတက်ရေးအတွက် အထွက်တိုးစိုက်နည်း စနစ်များ၊ ရေပေးသွင်းနည်းစနစ်များ၊ ပိုးမွှားရောဂါ၊ ပေါင်းကာကွယ်နှိမ်နင်းနည်းစနစ်များ၊ မြေဆီ လွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ လမိုင်းအထွက်ကောင်းရန် ဆောင်ရွက်ရမည့်အချက်များကို ပို့ချခဲ့ကြောင်း သတင်းရရှိသည်။
အလားတူပင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရေတာ ရှည်ခြံ၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာခြံနှင့် စိမ့်ကြီးခြံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဥက္ကံခြံ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားခြံ၊ လယ်ဝေးမြို့နယ်ရှိ ကမ်းပါးနီခြံနှင့် သဲဖြူချောင်းခြံများတွင် စဉ်ဆက်မပြတ် သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။
ပြည့်ပြည့် (Sugar Land)