ကြံစိုက်ပျိုးရာသီလုပ်ငန်းညှိနှိုင်း အကြိုအစည်းအဝေး ကျင်းပ

ကြံစိုက်ပျိုးရာသီလုပ်ငန်းညှိနှိုင်း အကြိုအစည်းအဝေး ကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ရုံးအမှတ်(၅၀)၊ နေပြည်တော်တွင် Online စနစ်ဖြင့် ကြံသီးနှံ သုတေသနခြံ/ မျိုးသန့်ခြံများနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကြံစိုက်ပျိုးရာသီ ပထမ(၃)လပတ် လုပ်ငန်းညှိနှိုင်းအကြိုအစည်းအဝေးကို မတ် ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ခြံများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ် သက်၍ အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကြံရာသီတွင် အထွက်နှုန်းတိုးတက်ရေးအတွက် ပထမ(၃)လပတ်တွင် ဆောင်ရွက်ရမည့် စိုက်ပျိုး ရေးဆိုင်ရာကိစ္စရပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး(စီမံ/ငွေစာရင်း)မှ ၎င်း(၃)လပတ်အတွင်း ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ သုတေသနဆိုင်ရာလုပ်ငန်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

ခြံများနှင့်ပတ်သက်၍ ကြံသီးနှံစိုက်ပြီးအခင်းများ၏ ဆောင်ရွက် ထားမှု Record ထားရန်၊ စိုက်ခင်းများအတွက် တိကျသော တာဝန်ပေးရန်၊ တာဝန်ကျဝန်ထမ်းနှင့် စိုက်ခင်းတွဲ၍ Label တပ်ထားရန်၊ ခြံများမှ ထွက်ရှိသောကြံသည် မျိုးကြံအဖြစ်သာ ဖြန့်ဖြူးရန်၊ တိုင်း/ခရိုင်/မြို့နယ် များမှ ဦးစီးမှူးများနှင့် ပေါင်းစပ်၍ တောင်သူလက်အရောက် မျိုးကြံဖြန့်ဖြူးနိုင်ရေး တင်ပြဆောင် ရွက်ရန်၊ ဆောင်ရွက်ခဲ့သော သုတေသနများ မှတ်တမ်းပြုစုထားရန်၊ ယခုနှစ်လုပ်မည့် သုတေသန များ စီမံချက်ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် Online စနစ်ဖြင့် တက်ရောက်လာသော ခြံတာဝန်ခံများမှ မိမိတို့ခြံအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြကြပြီး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများမှ ညှိ နှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ပြည့်(Sugar Land)