ယူနက်စကိုသို့ မတင်သွင်းမီ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ပြသခြင်းဆောင်ရွက်

ယူနက်စကိုသို့ မတင်သွင်းမီ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ပြသခြင်းဆောင်ရွက်

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းသို့ ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးအစီအစဉ်များကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဖေဖော်ဝါရီ တစ်လလုံး ဆောင်ရွက် လျက်ရှိသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းအသီးသီးမှ ကျောင်း သားကျောင်းသူများအား အမျိုးသားပြတိုက် (နေပြည်တော်)သို့ ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက သနပ်ခါး၏ သမိုင်း ကြောင်း၊ အသုံးဝင်ပုံနှင့် မြန်မာ့နေ့စဉ်လူနေမှုဘဝတွင်၎င်း၏ အရေးပါပုံကို အလေးပေးဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အမျိုးသားပြတိုက် (နေပြည်တော်)တွင် မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် ပညာပေး အစီ အစဉ်အဖြစ်  မြန်မာ့သနပ်ခါးဆိုင်ရာရှင်းလင်းချက် စာသားများ၊ ဗွီဒီယိုမှတ်တမ်းများ၊ ကဗျာများနှင့် သနပ်ခါးကို ကိုယ်တိုင်လိမ်းခြယ်စေခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဟေမာန်အောင်မင်း

https://www.gnlm.com.mm/myanma-thanaka-showcased-ahead-of-unesco-submission/#article-title