၅၃ ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးမှ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မျိုးစေ့ကုမ္ပဏီကိုယ်စားလှယ်များတက်ရောက်

၅၃ ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးမှ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မျိုးစေ့ကုမ္ပဏီကိုယ်စားလှယ်များတက်ရောက်

(၅၃) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို “မျိုးစေ့ဥပဒေနှင့် မျိုးစေ့မျိုးပွားသုတေသနများအ‌ကြောင်း” ခေါင်းစဉ်ဖြင့်  နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။

တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊သုတေသီများ၊ ပညာရှင်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဝန်ထမ်းများ၊ မ‌ကွေးတိုင်းဒေသကြီး တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စား လှယ်များ နှင့် golden Sunland ၊ Future green၊ ပြည့်ဝ၊ ရတနာ၊ နွယ်မင်းလတ်မျိုးစေ့ကုမ္ပဏီများမှ ကိုယ် စားလှယ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးမှလယ်ယာကဏ္ဍတာဝန်ရှိသူများ နှင့် တောင်သူ ၁၉၉ ဦး တို့က  အွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြသည်။

အဆိုပါတောင်သူနည်းပညာ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးမှ မိမိတို့ အနေဖြင့် ပညာရှင်နှင့် တောင်သူကြား၊ လုပ်ငန်းရှင် နှင့် သုတေသနကြား ကွာဟမှုကိုလျှော့ချပေးနိုင်ရန်အတွက် ယခုလို တောင်သူ နည်းပညာ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊   မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ဥပဒေသည် အရေးကြီးပါကြောင်း၊ အဆိုပါ မျိုးစေ့ဥပဒေအား ဆက်စပ် ပတ်သက်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  မျိုး စေ့လုပ်ငန်းကို စီးပွားဖြစ် လုပ် ကိုင်နိုင်ရန်နှင့်ယင်းလုပ်ငန်းကိုစနစ် တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍မျိုးစေ့ဥပဒေအား ပြဌာန်းထားခြင်းဖြစ်ပါကြောင်း၊ တဘက်မှလည်း စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များအနေဖြင့်မျိုးစေ့မှတ်ပုံတင်သည့်အခါမျိုးအမည်ပေးစနစ်အား တောင် သူများအကြားခေါ်ရလွယ်မည့်၊ မှတ် မိလွယ်သည့် မျိုးအမည် ပေးရန်လိုအပ်ကြောင်းဆွေးနွေးပြောကြား သည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းကြည်နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော် တို့က စပါးမျိုးစေ့ပွါးများ ထုတ်လုပ်ဖြန့်ဖြူးမှု့နည်းစနစ်နှင့် မျိုးစေ့လုပ်ငန်းဆောင်ရွက်သူနှင့်ဝယ်ယူသုံးစွဲသူတို့အတွက် မျိုးစေ့ဥပဒေ အကြောင်း သိကောင်းစရာများကို ဆွေးနွေးတင် ပြကြပြီး ဆွေးနွေးပွဲ တက်ရောက် လာကြသူများ၏ မေးမြန်းချက်များအပေါ် အသေးစိတ် ဖြေကြားဆွေး‌ နွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပါ် ဖြည့်စွက်ဆွေးနွေးသည်။

ဆွေးနွေးပွဲအပြီးတွင် မ‌ကွေးတိုင်းဒေသကြီး တောင်သူကိုယ်စားလှယ်များ နှင့် ပုဂ္ဂလိကမျိုးစေ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန စပါးသီးနှံ ဗဟိုဌာနတွင် စမ်းသပ်သုတေသနပြု စိုက်ပျိုးထားသည့်  စားသုံးမှု ကောင်း၍ အထွက်နှုန်း ကောင်းမွန် သော မိုးရေသောက် လယ်စပါး များ မျိုးမွေးမြူရွေးချယ်ခြင်းသရုပ်ပြ စမ်း သပ်စိုက်ခင်းနှင့် တောင်သူများ ပူး ပေါင်း ပါဝင်သော သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း အတွက် စိုက်ပျိုးထားရှိခြင်းများအားလည်း ကောင်း၊ဩဂဲနစ်သုတေသနဗဟိုဌာနအတွင်းဆောင်ရွက်လျက်ရှိသည့် လေအေးပေး၍ မြေဆွေးစေခြင်းဆောင်ရွက်နေမှုအားလည်း ကောင်းလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။    

MOALI