နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ(နေပြည်တော်)နှင့် လေ့ကျင့်သင်ကြားရေးဆေးရုံလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာ အောင်ကြီးသည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) သို့ ရောက်ရှိရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့မှ နို့စားနွားမွေးမြူနည်းစနစ်များအား မွေးမြူသူများထံပညာပေးမှု အခြေအနေနှင့် မျိုးမြင့်နို့စားနွားများ တိုးပွားလာစေရေးအတွက် မျိုးကောင်းမျိုးသန့်နို့စားနွားမျိုးများဖြန့်ဖြူး ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ အစာကျွေးမွေးမှု၊ အဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို မွေးမြူထုတ်လုပ်မှုအား ပညာပေးဆောင်ရွက်ကြရန်၊ မျိုးမြင့်နို့စားနွားများ တိုးပွားလာစေရေးအတွက် မျိုးကောင်းမျိုးသန့်နို့စားနွားမျိုးများဖြန့်ဖြူးနိုင်ရေး၊ နို့စားနွားမွေးမြူရေးနှင့် ပက်သက်၍ စာတွေ့လက်တွေ့ သင်တန်းများဖွင့်လှစ်ရန်နှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေး ဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များအား မှာကြားသည်။
၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ နိုက်ထရိုဂျင်အရည်ထုတ်စက်ရုံတွင် နိုက်ထရိုဂျင်အရည်ထုတ်လုပ်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတာဝန်ခံမှ ဆေးခန်းဆိုင်ရာပညာရပ်များသင်တန်း ဖွင့်လှစ်မှု၊ အိမ်မွေးတိရစ္ဆာန်များအားကာ ကွယ်ဆေးထိုးနှံပေးခြင်း၊ အရေပြားရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေး၊ ဆီး၊ ဝမ်း ဓာတ်ခွဲ စစ်ဆေးမှု များ ပြုလုပ်ပေးခြင်းနှင့်ရောဂါရှာဖွေပေးခြင်းနှင့်အခြားသောကျန်းမာရေး ၀န်ဆောင်မှုများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ၊ ဒုတိယဝန်ကြီးမှ ရာသီကူးပြောင်းကာလများတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများကို ကာ ကွယ်ဆေး ထိုးခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု လျော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြေမပြတ် စောင့်ကြည့် ကာကွယ်ရန်လိုအပ်ချက်များကို မှာကြားပြီး လေ့ကျင့်သင်ကြားရေး ဆေးရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေး၊ စိမ်းလန်း စိုပြေရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
MOALI