(၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

(၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့သည့် ၄၆ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး 
နှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၂ မှ ၂၅  ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ကျင်းပပြုလုပ်သည့် ၄၆ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၌ ၄၅ ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော မလေးရှားနိုင်ငံ၊ စိုက်ပျိုးရေး နှင့် စားရေရိက္ခာဖူလုံရေး ဝန်ကြီး H.E Hon. Datuk Seri Haji Mohamad Bin Sabu နှင့် အိမ်ရှင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့်စားရေရိက္ခာဖူလုံရေးဝန်ကြီးဌာန၊ ဝန်ကြီးက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ၄၆ ကြိမ်မြောက် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ သဘာပတိ တာဝန်များကိုလွှဲပြောင်းပေးအပ်သည်။ 

UMinNaung

အစည်းအဝေး ပထမနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် တီမောလက်စ်တေနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးသစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၃-၂ဝ၂၄ခုနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အဓိက လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း အစီအစဉ်၊ သီးနှံအကြွင်း အကျန်များ မီးရှို့ရှင်းလင်းခြင်း လျှော့ချနိုင်ရေးဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များ၊ အန္တရာယ်ဖြစ်စေနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဓါတုပစ္စည်းများ အသုံးပြုခြင်းအား လျှော့ချနိုင်မည့် လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုလျော့နည်းစေရေး သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ၊ အပြာရောင် အဏ္ဏဝါစီးပွားရေး စနစ်ဖော်ဆောင်ရေးလုပ်ငန်းများ၊ ဒီဂျစ်တယ် နည်းပညာ အသုံးပြုနိုင်ရေးနှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံအသီးသီးမှ ဝန်ကြီးများက အာဆီယံ စားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်တွင် ပါဝင်သော လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့မှု အခြေအနေများအား ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တော ကဏ္ဍဆိုင်ရာ အဓိက လုပ်ငန်းစဉ် ၁၆ ခု၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့စဉ် ကာလအတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေး နှင့် သက်ဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ် ၂ ခုနှင့် မလေးရှား နိုင်ငံမှ ဆောင်ရွက်မည့် စီးပွားရေးနှင့် သက်ဆိုင်ရာဦးစားပေးလုပ်ငန်းစဉ် ၁ ခု တို့ အား အတည်ပြုခြင်း၊ လုပ်ငန်းရပ် ၁၁ ခုအား မှတ်တမ်းတင်ခဲ့ခြင်းနှင့် အာဆီယံအသိုက်အဝန်း(၂၀၄၅) ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိသည့် အာဆီယံစိုက်ပျိုးရေး၊ စားရေရိက္ခာ နှင့်စိုက်ပျိုးရေး ဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၆-၂၀၃၀) ရေးဆွဲရာတွင် ထည့်သွင်းရမည့် အဓိကလုပ်ငန်းစဉ်များနှင့် လုပ်ငန်းရပ်များအပေါ် လမ်းညွှန်မှု ပြုခဲ့ကြသည်။ 

ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ဆောင်ရွက်စဉ် ကာလအတွင်း “ အာဆီယံနိုင်ငံများ တွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရန် သီးနှံအကြွင်း အကျန်များဆိုင်ရာအချက်အလက်များအပေါ် လေ့လာဆန်းစစ်၍ ဇီဝမီးသွေးထုတ်လုပ်နိုင်ရေးစီမံကိန်း” အား အဆိုပြုခဲ့သည်။ အစည်းအဝေးတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော      ERIAI  ,  CropLife Asia  ,   US-ASEAN Business Council,  EU-ASEAN Business Council တို့မှလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး ၄၆ ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီး များ အစည်းအဝေး၏ ပူးတွဲကြေညာချက် ကိုလည်း အတည်ပြုခဲ့ကြသည်။

ဝန်ကြီးများအစည်းအဝေးများမတိုင်မီကြိုတင်ပြင်ဆင်သည့် အစည်းအဝေးများဖြစ်သည့် ၄၆ ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုး ရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ ၂၄ ကြိမ်မြောက် အာဆီယံ အပေါင်း သုံးနိုင်ငံများ ၏ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာဝန်ကြီးများအစည်း အဝေးအတွက် ကြိုတင်ပြင်ဆင် သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ ၈ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များ တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ် တောဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

MOALI