ရမည်းသင်းတွင် မျိုးစေ့တိုက်ရိုက်ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင် ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းစေရေး ၊လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ရေး၊ သီးနှံများစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီးအချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှု လယ်ယာဦးစီးဌာန၊အမှတ်-၂၈ စက်မှု လယ်ယာစခန်း၊ ရမည်းသင်းမြို့မှ မျိုး စေ့တိုက်ရိုက်ချကိရိယာ(10 - Rows Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ် ပြပွဲကို ယနေ့နံနက် ၀၉၃၀ နာရီက ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာ၊ ကွင်းအမှတ်-၁၁၆၂ ရှိဒေသခံတောင်သူ ဦးနေမျိုးထွန်း၏ လယ်မြေ ၂ ဧကတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးစေ့တိုက်ရိုက်ချကိရိယာ (10-Rows Seeder)အသုံးပြု စပါးမျိုး စေ့ချ စိုက်ပျိုးခြင်းဖြင့် စပါးသီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေခြင်း၊မျိုးစေ့သုံးစွဲမှု နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို စက်မှုလယ်ယာဦးစီး ဌာန၊ ခရိုင်ဦးစီးဌာနမှူးဦးသီဟဇော်က ရှင်းလင်းပြောကြားခဲ့ပြီး၊တောင်သူများ၏ မေးမြန်းချက်များနှင့်(10-Rows Seeder)မျိုးစေ့ချကိရိယာ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့် အချက်များကို စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွန်းက အသေးစိတ်ရှင်းလင်း ပြောကြားသည်။
အဆိုပါ မျိုးစေ့တိုက်ရိုက်ချကိရိယာ( 10 - Rows Seeder )ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ရမည်းသင်းမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ရမည်းသင်းမြို့ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဆည်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာမှဒေသခံတောင်သူ ၃၅ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။
AMD