ဆီထွက်သီးနှံနှင့် အသားကဏ္ဍအပါအဝင် ဒေသတွင်း စားရေရိက္ခာ ပိုလျှံရေးကြိုးပမ်း

နေပြည်တော်၊ ဩဂုတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ဩဂုတ် ၁၁ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု တောင်သူ ဦးဖြိုးအောင်၏ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒေသခံ မိုးမြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံကာ ဒေသ၊ ရေ၊ မြေနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံ မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်၍ တစ်ဧက ၈၅တင်း နှုန်းထွက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၏ အထွက်နှုန်းကို ဆက်လက် ထိန်း သိမ်းရေး၊သွင်းအားစု ဓာတ်မြေဩ ဇာများ အချိုးမှန်ကန်စွာ သုံးစွဲရေး၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေး၊ စိုက် ပျိုးမြေများကို ထိထိ ရောက်ရောက် အသုံးချကာ သီးထပ် သီးညှပ်များ တိုးမြှင့်စိုက်ပျိုးရေး၊ အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်သည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန် ရှိ Fun Hwa Co.,Ltd ၏ နို့စားနွား မွေးမြူရေးခြံ၌ ဒေသနွား နှင့် နို့စားနွား ကောင်ရေ(၂၀၀)ခန့် မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ် လုပ်ဖြန့်ဖြူးနေမှု နှင့် Win Family Co.,Ltd၏ အသားတိုးနွားမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ရှင်းလင်းဆောင်တွင် ကံကြီးမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ နေပြည်တော်ကောင်စီနယ်မြေ၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေး၊ ဇုန်အတွင်းသတ်မှတ်ကောင်ရေ ပြည့်မီအောင် မွေးမြူနိုင်ရေး၊ ပတ် ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လို အပ်ချက်များကို ဆွေးနွေး မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့အထူးမွေး မြူရေးဇုန်ရှိ မွေးမြူရေး သုတေသန ဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း (ရွှေမြို့) ကို ကြည့်ရှုစစ်ဆေးပြီး ဒေသနွားမများ ကို နို့စားနွားမျိုးအဖြစ် မျိုးမြှင့်သားစပ်၍ သားပေါက်နှုန်းနှင့် ကြီးထွားနှုန်း သုတေသနပြုခြင်း၊ ဒေသနှင့်ကိုက်ညီသည့် ထုတ် လုပ်မှုကောင်းမွန်သောဒေသအသား စား/ ဥစားကြက်မျိုးရရှိရေး မျိုးမြှင့်သားစပ်ခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချနည်းပညာအဖြစ်ပြောင်း လဲ၍ မွေးမြူသူ တောင်သူများ လက်ဝယ် အရောက် ဖြန့်ဖြူးပေးဝေရန် တာဝန်ရှိသူများအား ဆွေးနွေးမှာ ကြားသည်။
၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ (ရွှေမြို့) ဘဲဥဖောက် စက်နှင့် မျိုးဘဲဥ သိုလှောင်ခန်းများကို လည်းကောင်း၊ ဒေသနွားမျိုးထိမ်းမျိုးပွားခြံနှင့်ဘဲမွေးမြူရေးခြံ ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေး မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
MOALI