ရန်ကုန်ဈေးကွက်
(၁၁-၁၁-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ယခင်အပတ်နှင့် ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည် ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၇၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင်၁၇၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းဖြင့်လည်း ကောင်း၊ အောက်စတစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အသစ် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၅၀၀၀ကျပ် နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲအိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်း နှင့် အောက်စတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ် လျှင် ၄၈၀၀၀ ကျပ်နှင့် အောက်စတစ်တင်းခွဲတစ်အိတ်လျှင် ၄၇၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ရွှေဘိုပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်း ဆန်ချောများမှာ အရောင်း အဝယ်အေးသော်လည်း ပစ္စည်းရှားခြင်း၊ ကုန်အဝင် နည်းခြင်းတို့ကြောင့် ယခင်လထက် သိသာစွာ ဈေးမြင့်လာခဲ့သည်။ ရွှေဘိုပေါ်ဆန်း တစ်အိတ် လျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ကျန်ဆန် အမျိုးအစားများဖြစ်သော ဇီယာ၊ ငစိန်၊ ဧည့်မထဆန်များမှာ ပြည်ပပို့ဆန်ဈေးနှုန်းများကျဆင်းနေခြင်း၊ ဆန်သစ် ပေါ် ချိန်ဖြစ်ခြင်း၊ ပြည်တွင်း ပြည်ပမှ ဝယ်လိုအား ပုံမှန်ရှိခြင်းတို့ကြောင့် ယခင်လ၏ ဈေးနှုန်း များဖြင့်သာ ဈေးငြိမ် အရောင်း အဝယ်အေးခဲ့သည်။ မဒါဂတ်စကာ၊ တရုတ် မိုဇမ်ဘစ်၊ ပိုလန်၊ စပိန်၊ဗီယက်နမ်၊ချက်ရီပတ်ဘလစ်၊ဘယ်လဂျီယမ်၊တီမောလက်စတီ၊မလေးရှား၊ လစ်သူရေး နီးယား၊ တူရကီ၊ စလိုဗေးနီးယား၊ နယ်သာလန်၊ ယူကေနိုင်ငံများသို့ တင်ပို့မှုများရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှလည်းသင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့်လှည့်လည် ရောင်းချ ပေးလျက်ရှိသည်။ ရန်ကုန် ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းဈေးကွက်
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ကမ္ဘာ့ရွှေဈေးနှင့်နိုင်ငံ ခြားငွေလဲနှုန်းမတည်ငြိမ်မှုများခြင်း၊ နယ်စပ်ဂိတ်များမှလည်း ကုန်စည်စီးဆင်းမှု နည်းခြင်း၊ မုန်တိုင်းမိုးများ ရွာသွန်းသော ကာလဖြစ်၍ အရောင်းအဝယ်အေးခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့မှု နည်းခြင်း၊ တိရစ္ဆာန်အစာအဖြစ်လည်း ဝယ်ယူမှုနည်းခြင်း၊ လှောင်လက်များမှ ဝယ်ယူမှု မရှိခြင်းနှင့် တောင်သူများမှ ရောင်းလိုအားများခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ် ထက် ဆက်လက်ဈေးနိမ့်ခဲ့သည်။ အစေ့ထုတ်ပြောင်း၅၄ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်း မှာ ၇၆၆၈၀ ကျပ်ပင်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၄၅၂၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ဇွန်လတတိယရက်သတ္တပတ်မှ စတင်ကာ ယခုရက်သတ္တပတ်တိုင်အောင် အဆင့်ဆင့် ဈေးနိမ့် လာခဲ့ခြင်းဖြစ်သည်။
စားဖိုဆောင်သီးနှံဈေးကွက်
ကြက်သွန်နီ(ထူး၊လတ်၊သေး)မှာ ဈေးကွက်သို့ ကုန်အဝင်များသော်လည်း ပစ္စည်းအလှ ရှားခြင်း၊စားသုံးသူများမှအလက်စနှင့် အသေးစများအားဝယ်ယူမှုများခြင်းတို့ကြောင့် ကြက်သွန်နီ အလတ်စနှင့် အသေးစများအနည်းငယ်ဈေးမြင့်ခဲ့ပြီး ကြက်သွန်နီ(ထူး)မှာ ဈေးငြိမ်လျက်ရှိသည်။ ကြက် သွန်နီ(ထူး၊လတ်၊သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၁၂၀၀-၇၅၀-၄၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၂၀၀-၈၂၅-၅၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာဒေသများမှ ကုန်ဝင်ရောက်မှုများခဲ့ကြောင်း သိရသည်။ ကြက်သွန်ဖြူ ကြူကုတ်မှာကုန်အဝင်နည်းခြင်းနှင့် အရည်အသွေးကောင်းခြင်းနှင့် ရောင်းလိုအား၊ ဝယ်လိုအားမျှနေခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ် ခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ ကုန်အဝင်ပုံမှန်ရှိခြင်း၊ အရည်အသွေးနိမ့်လာခြင်း၊ စားသုံးသူများက ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၁၃၂၅၀ ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ပျမ်းမျှဈေး နှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက် သို့ အောင်ပန်းကြက်သွန်ဖြူနှင့် ကြူကုတ်ကြက် သွန်ဖြူများပုံမှန် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီ၊ ငရုတ်ခြောက်အဟောင်းစများနှင့် အအေးခန်း လှောင်စများကုန်ဝင်ရောက်မှုရှိခဲ့ပြီး၊စားသုံးသူများမှ ဈေးချိုသောငရုတ်စိုများအား ဝယ်ယူစားသုံး မှုများခြင်း၊ ငရုတ်ခြောက်(ရှည်) များမှာ ကုန်အဝင်နည်းခြင်း၊ အအေးခန်းလှောင်စများဖြစ်၍ ဈေးမြင့်နေခြင်းတို့ကြောင့် အရောင်း အဝယ်အေးကာ ယခင်အပတ်ထက် ဈေးမြင့်လျက်ရှိသည်။ ငရုတ်ခြောက် (လတ်)မှာ ပျော်ဘွယ်(မိုးထောင်)ငရုတ်တစ်မျိုးသာကုန်အဝင်ရှိခြင်း၊ အရည် အသွေး ကောင်းခြင်းနှင့် ကုန်အဝင် အလွန်နည်းခြင်းကြောင် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု) ငရုတ်များအပြင် ဈေးချိုသော အရည်အသွေး နိမ့်သော ဇီးပွ(ပု) ငရုတ်များ ကုန်အဝင်ရှိလာခြင်းကြောင့် ကုန်အဝင်နည်းကာ အရောင်းအဝယ် အေးသော်လည်း ပျမ်းမျှ ငရုတ်ပွ ဈေးနှုန်းများအား ယခင်အပတ်ထက် ဈေးနိမ့်စေခဲ့သည်။ ထို့ကြောင့် ငရုတ်ခြောက်(ရှည်၊ လတ်၊ပွ)တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၀၀၀၀-၁၁၀၀၀-၃၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၀၂၅၀-၁၂၀၀၀-၂၆၂၅၀ ကျပ်သို့ ရောက်ရှိခဲ့သည်။ တရုတ်အာလူးများ ကုန်အဝင်အလွန်နည်းခြင်းကြောင့် တရုတ် အာလူးများ ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်ခဲ့သည်။ ရှမ်းအာလူးဈေးနှုန်းများမှာ ရှမ်းအာလူးများ ဈေးကွက်သို့ ကုန်အဝင်နည်းသော်လည်း အစိုဓာတ်များခြင်း၊အရွယ်အစား သေးခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ တရုတ်အာလူး တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၇၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ရှမ်းအာလူး (Ok-S1-S2) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၅၅၀၀-၆၀၀၀-၆၈၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၅၀၀၀-၅၅၀၀-၆၃၀၀ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့အောင်ပန်းဒေသမှ အာလူးဝင်ရောက်မှုနည်းခဲ့ကြောင်းသိရသည်။
စားသုံးဆီဈေးကွက်
ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သောနိုင်ငံများတွင်ဖြစ်ပေါ်လျက် ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၄၀၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀ ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်း ဖြစ်သည်။ပြင်ပရှိလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေး နှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပ ပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း