မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၂၆-၈-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်
ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ်လျှင် ရန်ကုန်ပေါ်ဆန်း ၁၂၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ မနောသုခဆန်မှာ အဟောင်းလက်ကျန်နည်းခြင်း၊ အသစ်ဝင်ရောက်မှုများခြင်း၊ စားသုံးမှုအတွက် အဟောင်းကိုသာ ဝယ်ယူမှုများခြင်းတို့ကြောင့် အဟောင်းတစ်အိတ် ၉၂၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အသစ်မှာ တစ်အိတ် ၇၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်နှင့် ဇီယာဆန်မှာ နွေစပါးအသစ်များ ရန်ကုန် ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်ရခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်မသိမသာမြင့်သွားခြင်း၊ မုန့်လုပ်ငန်းသမားများအဝယ်ရှိခြင်းကြောင့် တစ်အိတ် ၆၀၀၀၀ ကျပ်မှ ၆၄၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။ ဇီယာဆန်မှာ အသစ်ရောအဟောင်းပါ ဝင်ရောက်မှုရှိခြင်း၊ အဟောင်းအား ပြည်ပတင်ပို့ရန် ဝယ်ယူမှုရှိ၍ ပင်ရင်းဈေးမြင့်ခြင်းကြောင့် အဟောင်းတစ်အိတ် ယခင်အပတ် ၈၅၀၀၀ကျပ်မှ ယခုအပတ် ၉၂၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အသစ်မှာ ၇၅၀၀၀ကျပ် ဈေးရှိသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်၊ မန္တလေးဝန်းကျင်ဝယ်ယူမှုပုံမှန် ရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မြေပဲ (လုံးဆန်/ ဆီဆန်) ဈေးနှုန်းမှာ မိုးမြေပဲဝင်ချိန်နီး၍ တောင်သူ ထုတ်ရောင်းမှုရှိခြင်း၊လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အညံ့ဆုံး ၁၀၀ပိဿာ ၇၃၀၀၀၀ ကျပ်မှ အကောင်းဆုံး ၇၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေပဲ(ဆီဆန်)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိသော် လည်း ထွက်ရှိရာဒေသအလိုက် အရည်အသွေး ကွာခြားမှုပေါ်မူတည်၍ တပ်ကုန်းဆန် ၁၀၀ပိဿာ အရည်အသွေး အကောင်းဆုံး ၆၈၀၀၀၀ကျပ်၊ နွားထိုးကြီး မြေပဲဆန်အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၇၂၅၀၀၀ ကျပ်မှ ၇၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းဖြူမှာမိုးနှမ်းအသစ်များ ဝင်ရောက် မှုရှိခြင်း၊ မုန့်လုပ်ငန်းသမား အဝယ်သာရှိပြီး အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ယခင်အပတ်အရည်အသွေး အကောင်းဆုံး ၄၅ပိဿာ ၃၀၅၀၀၀ကျပ်မှ ယခုအပတ် ၂၇၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းညိုမှာလည်း အသစ် ဝင်ရောက်မှုရှိခြင်း၊ နှမ်းကျားများလည်း ဝင်ရောက်ခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် နှမ်းညို ၄၅ပိဿာ ယခင်အပတ် ၂၇၅၀၀၀ ကျပ်မှ ယခုအပတ် ၂၆၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး နှမ်းကျားမှာလည်း ၂၆၅၀၀၀ကျပ်ဖြင့် ဆီစက်သမား အဝယ်ရှိသည်။ နှမ်းနက်(စမုံ)မှာ အသစ်ဝင်ရောက်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ အဝေးပို့ရန် အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ပိဿာ ယခင်အပတ် ၈၃၀၀၀၀ ကျပ်မှ ယခုအပတ် ၇၇၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ပန်းနှမ်းမှာ ဈေးမြင့်ခြင်းကြောင့် ရောဆီအတွက် အဝယ် နည်းခြင်း၊ လက်လီ ပရဆေးသမား အဝယ်နည်းခြင်းကြောင့် ယခုအပတ် အရောင်းအဝယ်အေးပြီး ယခင် အပတ်အတိုင်း ၄၅ပိဿာ ၃၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးနေကြာ အဝင်နည်းဈေးမြင့်သဖြင့် ဆီစက်သမားအဝယ်နည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၂၇ပိဿာ ၁၇၅၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်မှာ ရန်ကုန်နှင့် ရှမ်းသီးများသာ အဝင်များပြီး နယ်ဝေးပို့နည်းသဖြင့် ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၈၅၀၀ကျပ်၊ ငရုတ်ခြောက်(လတ်) ၁၄၀၀၀ကျပ် ဈေးငြိမ်နေပြီး ဧရာဝတီတိုင်းမှ Air con သီးမှာ ၂၃၅၀၀ကျပ်မှ ၂၅၅၀၀ကျပ် ဈေးမြင့်သွားသည်။ ကြက်သွန်နီမှာ မုံရွာ၊ မြစ်သားမှ အဝင်များခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် နယ်ဝေး တင်ပို့ရမှုမရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၁၄၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၃၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ကြက်သွန်နီ(သေး)မှာ ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ယခင်အပတ် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူမှာ ရှမ်းဖြူများသာ အဝင်များပြီး အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် မြို့တွင်းသုံးဝယ်ယူမှုရှိသည်။ အောင်ပန်းအာလူးများသာဝင်ပြီး အိုကေ တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ အဝင်ပုံမှန်ရှိပြီး၊ ရန်ကုန်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များအဝယ်နည်းခြင်းကြောင့် ကျောက်ရစ်ပဲ ၃တင်း တစ်အိတ် ၂၈၀၀၀၀ ကျပ်၊ အညာပဲ အရည်အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီစိမ်း(အညာ)မှာ ဝင်ရောက်မှုရှိခြင်း၊ ထွက်ရှိရာ ဒေသ၏ အရည်အသွေးကွာခြားမှုပေါ်မူတည်၍ ဈေးကွာခြားခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုသာရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၂၈၀၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်၊ အကောင်းဆုံး ၃၅၀၀၀၀ကျပ်မှ ၃၀၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲစဉ်းငုံ(ဖြူ/နီ) တို့မှာ ပစ္စည်းအသင့်အတင့်ရှိသော်လည်း ရန်ကုန်ဝယ်လက် ဝယ်လိုအား နည်းခြင်း၊ ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ယခင်အပတ် ပဲစဉ်းငုံ (နီ) ၃တင်းတစ်အိတ် ၂၅၇၀၀၀ကျပ်မှ ယခုအပတ် ၂၃၅၀၀၀ကျပ်သို့လည်းကောင်း၊ ပဲစဉ်းငုံ(ဖြူ) လဆန်းပိုင်းက ၂၅၀၀၀၀ ကျပ်မှ ယခုအပတ် ၂၃၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၃၈၅၀၀၀ ကျပ်မှ ၃၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲပုတ်(ရှမ်း)မျာ အဝင်ပုံမှန်၊ ဆီစက်သမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကုလားပဲအုပ်စုအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ လှောင်လက်ထံမှ ဝယ်ရခြင်း လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၅၀၀၀၀ ကျပ်မှ ၂၅၃၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွား သည်။ ကုလားပဲ(လုံးဝါကြီး)မှာ အဝင်ပုံမှန်၊ အလှူပွဲနည်းချိန်ဖြစ်၍ ပဲခွဲစက်များအဝယ်နည်းခြင်း၊ ပဲကြော်၊ ပဲလှော် သမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၃၇၀၀၀ကျပ် မှ ၂၃၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ကုလားပဲ(ခွဲခြမ်း)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ဖြစ်၍ တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ပဲယင်းမှာ လှောင်လက်ထံမှ ဝယ်ရခြင်း၊ ပစ္စည်းနည်းခြင်း၊ ပဲခွဲစက်များ အဝယ်ပုံမှန် ရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၂၀၀၀၀ကျပ်မှ ၂၃၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မြေထောက်ပဲမှာ မုံရွာ ဘက်မှ ဝင်ရောက်မှုရှိခြင်း၊ ပဲကြော်/လှော်သမားအဝယ်သာရှိပြီး၊ ရန်ကုန်ဝယ်လက်မရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၃၀၀၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ စားတော်ပဲ(ကျွန်း)မှာ စားတော်ပဲ (ယူကရိန်း) မဝင်ခြင်း၊ ကနေဒါမှာလည်း ဈေးမြင့် အကြိုက်နည်းခြင်း လက်လီသမား အဝယ်များခြင်း၊ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေး အကောင်းဆုံး ၆၅၅၀၀၀ကျပ်မှ ယခုအပတ် ၆၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်း မှုရှိခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတိ် ၃၉၀၀၀၀ကျပ်မှ ၄၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွာပြီး ပဲကြီး(သေး)မှာ လက်ကျန်များခြင်း၊ လက်လီသမားအဝယ် နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၅၀၀၀၀ကျပ်မှ ၃၂၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ထောပတ်ပဲ(ကြီး)မှာလည်း မိုးပဲဝင်ချိန်နီးခြင်း၊ လုပ်ငန်းသမားအဝင်ပုံမှန်ရှိခြင်း၊ လှောင်လက်ထုတ် ရောင်းမှုရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၁၅၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ
အောင်ပန်း၊ ပြင်ဦးလွင်မှ အဝင်နည်းသဖြင့် ပန်းမုံလာ တစ်ပွင့် ၂၅၀၀၊ ဂေါ်ဖီထုပ်တစ်ထုပ် ၁၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ဂေါ်ရခါးသီးတစ်လုံး ၄၀၀မှ ၅၀၀ကျပ်၊ ဘိုစားပဲ တစ်ပိဿာ ၄၀၀၀ မှ ၅၀၀၀ ကျပ်၊ မုံညှင်းရွက် ၂၀ မှ ၂၅ ပိဿာပါ တစ်အိတ် ၃၅၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့် စားသောက်ဆိုင်များ ပုံမှန် ဝယ်ယူမှုရှိသည်။ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သာတို့မှ ပြောင်းဖူးများ ဝင်ရောက်မှုရှိပြီး ၁၀၀ဖူးပါတစ် အိတ် ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ကျပ်ဖြင့် ကျောင်းဈေးသည်များ၊ လက်လီသမားများ၊ ပုံမှန်ဝယ်ယူနေသည်။ မုံရွာ၊ ချောင်းဦးမှ ငရုတ်စို(ရှည်) တစ်ပိဿာ ၃၀၀၀ ကျပ်၊ ငရုတ်စို(လတ်)တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် အဝေးတင်ပို့မှုမရှိဘဲ မြို့တွင်း
လုပ်ငန်းသမားဝယ်ယူမှုသာရှိ၍ ဈေးနိမ့်နေသည်။
မုံရွာ၊ ချောင်းဦးမှ ဖရဲသီး အဝင်များပြီး အရည်သွေးအလိုက် တစ်လုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့် လက်လီသမားများ အဝယ်များသည်။ ရွာငံထောပတ်သီးများ ပုံမှန်ဝင်နေပြီး ၁၂၀လုံးပါ တစ်အိတ် ၃၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းချနေသည်။ တန်ယန်းနာနတ်၊ သီပေါနာနတ်နှစ်မျိုးလုံး ဝင်ရောက်မှုရှိပြီး သီပေါနာနတ်တစ်လုံး ၁၅၀၀ ကျပ်၊ တန်ယန်းနာနတ်တစ်လုံး ၂၅၀၀ မှ ၃၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ တောင်ငူမှ ဒူးရင်းသီးများလည်း ဝင်ရောက်ပြီး တစ်လုံး ၁၀၀၀၀ ကျပ်၊ ပုပ္ပါးနဂါးမောက် ၁၈ လုံးပါတစ်ဖာ ၁၈၀၀၀ ကျပ် ဈေးများဖြင့် သစ်သီးမျိုးစုံကို မုံရွာ၊ အောင်လံ၊ ကျိုက်ထိုနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ငါန်းဇွန်း၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ မုံရွာ၊ ဘုတလင် ဂျုံများမှာ လှောင်သမား ထုတ်ရောင်းမှုရှိပြီး ဂျုံစက်များ အဝယ်နည်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ရှမ်းဂျုံမှာ အရည်အသွေးပေါ်မူတည်၍ ၁၉၅၀၀၀ကျပ်မှ ၂၀၅၀၀၀ကျပ်ထိ ဈေးအမျိုး မျိုးရောင်းဝယ်နေသည်။ ကလေးဂျုံ၊ ကြူးကုတ်ဂျုံများမှာလည်း အရောင်းအဝယ်အေးသော်လည်း ပစ္စည်းရှားခြင်းကြောင့် ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဩစတေးလျ ဂျုံမှုန့်များမှာ အဝင်ပုံမှန်၊ လုပ်ငန်းသမား၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ ကျပ် ဖြင့် ဈေးငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်းဝင်ချိန်ဖြစ်သော် လည်း ထွက်ရှိရာဒေသဆင်း၍ ဝယ်ယူမှုများခြင်းကြောင့် ဈေးကွက်အတွင်း မဝင်သေးခြင်း၊ အစာစပ်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ် အိတ် ၈၇၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ခင်မေကြည်