မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ရုရှားသို့ ကော်ဖီတင်ပို့ရန် စိတ်ဝင်စား

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ရုရှားသို့ ကော်ဖီတင်ပို့ရန် စိတ်ဝင်စား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန လက်အောက်ရှိ   မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MyanTrade) သည် မြန်မာ့အဆင့်မြင့် ကော်ဖီများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး အတွက်  Online + Inperson အစည်းအဝေးကို ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှု အားကောင်းစေရေး ကိစ္စရပ်များ၊ ကော်ဖီ စိုက်ပျိုးထုတ် လုပ် တင်ပို့နိုင်ရေး၊ အရည်အသွေးမြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ရုရှားနိုင်ငံ ကော်ဖီဈေးကွက် အလားအလာနှင့် အလား အလာရှိသော ကော်ဖီမျိုးကွဲများအား မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရုရှား နိုင်ငံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီ အသင်းနှင့် ကော်ဖီ တင်သွင်းသူများ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန လက်အောက်ရှိ    မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံရှိ စီးပွား ရေး အတိုင်ပင်ခံတို့မှ ရုရှားနိုင်ငံသို့ ကော်ဖီ တင်ပို့မှုအတွက် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဥမ္မာထွန်း

https://www.gnlm.com.mm/myantrade-eyes-coffee-export-to-russia/