မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၂၆-၇-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်
မန္တလေးဈေးကွက်တွင် ရန်ကုန်ပေါ်ဆန်းမှာ မိုးစပါးစိုက်ချိန်ဖြစ်၍ တောင်သူ ထုတ်ရောင်းမှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးသာရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ စိုက်ပျိုးခြင်းဖြစ်၍ အထွက်နည်းအဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ နွေစပါးအဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိ၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့် အဝင်ပုံမှန် လုပ်ငန်းသမား၊ မုန့်သမားများ အဝယ်ပုံမှန်ရှိသော်လည်း တစ်အိတ် ၆၅၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွား သည်။ ဇီယာဆန်မှာ နွေစပါးဝင်ရောက်မှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းပြီး မန္တလေးဝန်းကျင်မှ ဝယ်ယူမှုသာရှိခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၉၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ဧရာမင်းဆန်မှာလည်း အသစ်များဝင်ရောက်မှုရှိခြင်း၊ အသစ်အား မြို့တွင်းစားသုံးမှုနည်းသေးခြင်းကြောင့် တစ်အိတ် အသစ်ဈေးဖြစ်၍ ၁၃၅၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ဆီထွက်သီးနှံ
မြေပဲ(လုံးဆန်/ ဆီဆန်)ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်း၍ မိုးမြေပဲစိုက်ပျိုးထားဆဲဖြစ်သော်လည်း ရာသီဥတု ကြောင့် လုပ်ငန်းသမား အဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ၉၃၀၀၀ ၀ကျပ်မှ ၈၅၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေပဲ(ဆီဆန်)မှာလည်း ဆီစက်သမားအဝယ် နည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၈၈၀၀၀၀ ကျပ်မှ ၈၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။
နှမ်းမျိုးစုံတို့အနက် နှမ်းဖြူ(ရိုးရိုး)လုပ်ငန်းသမားအဝယ်နည်းခြင်း၊ နွေနှမ်းလှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ မိုးနှမ်းဝင်ချိန်နီးခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၈၀၀၀၀ ကျပ်မှ ယခုအပတ် ၃၀၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းညိုမှာ အသစ်ဝင်ချိန်နီး၍ လှောင်သမားထုတ် ရောင်းမှုရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက် (စမုံ)မှာ အဝင်ပုံမှန်၊ လုပ်ငန်းသမားပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၈၀၀၀၀၀ ကျပ်မှ အကောင်းဆုံး ၈၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းနှမ်းမှာ ပစ္စည်းရှားခြင်း၊ ဆီစက်သမား ရောဆီအတွက် အဝယ်ပုံမှန်ရှိခြင်း၊ ဘယဆေးသမားအဝယ် ရှိခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၃၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
နေကြာဈေးနှုန်းမှာ မိုးနေကြာဝင်ချိန်နီးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၂၇ ပိဿာ ၁၉၅၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်)မှာ ကျောက်ဆည်၊ ကူမဲတို့မှ ဝင်ရောက်မှုရှိခြင်း၊ နယ်ဝေး တင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် တစ်ပိဿာ ၈၅၀၀ ကျပ်၊ စကသီးတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ငရုတ်ခြောက်ပွ တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၄၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ Ari.con ဖြင့် ထားသောအသီးတစ်ပိဿာ ၂၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ကြက်သွန်နီမှာ မြစ်သားဘက်မှ မဝင်တော့ဘဲ နယ်စုံကြက်သွန်များ ရွှေဘို၊ မုံရွာ၊ မြင်းမူ၊ မြင်ခြံ၊ ထီးဆောင်း၊ စမြိတ်ခုံတို့မှ ဝင်ရောက်ပြီး ကြီးတစ်ပိဿာ ၁၄၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၁၀၀ကျပ်၊ သေးတစ် ပိဿာ ၁၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပန်း ဆက်သွယ်ရေးအရ ဝင်ရောက်မှု မမှန်ခြင်းကြောင့် ဈေးသာရှိ၍ အရောင်းအဝယ် ဖြစ်မှုနည်းနေသည်။ ကြက်သွန်ဖြူ(မြန်မာ) ရာသီ ကုန်ဖြစ်၍ အဝင်နည်းအရောင်းအဝယ်ဖြစ်မှုမရှိဘဲ ကြက်သွန်ဖြူ(ရှမ်း)တစ်မျိုးတည်းသာ အရည်အသွေး ပေါ် မူတည်၍ အညံ့ဆုံးတစ်ပိဿာ ၄၀၀၀ ကျပ်မှ အကောင်းဆုံး ၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ အောင်ပန်း အာလူးတစ်မျိုးတည်းသာ ဝင်ပြီး မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ်၍ အိုကေတစ်ပိဿာ ၄၀၀၀ ကျပ်၊ အေဝမ်း ၃၀၀၀ ကျပ် ဈေးရှိသည်။
ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်းဘက်မှ ဝင်ရောက်ပြီး အခက်ကြီးအဝင်နည်းပြီး ဥမတစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်ရှိခြင်း ကြောင့် ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အညာမတ်ပဲများမှာ အရည် အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၁၇၀၀၀၀ ကျပ်မှ အကောင်းဆုံး ၂၂၀၀၀၀ ကျပ်ဖြင့် ခွဲစက်သမား ဝယ် ယူမှုရှိသည်။
ပဲတီစိမ်း(အညာ)မှာ ရန်ကုန်ဝယ်လက်ရှိသော်လည်း မိုးပဲတီစိမ်းဝင်ချိန်နီး၍ လှောင်သမားထုတ် ရောင်းမှုရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၃၉၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ ကျပ်သို့ ဈေး နိမ့်သွားသည်။
ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အဝင်ပုံမှန်၊ ရန်ကုန်သမား၊ ခွဲစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၃တင်းတစ်အိတ် ၂၆၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ လုပ်ငန်းသမား၊ ဆီစက်သမားအဝယ်နည်းသော်လည်း ဆောင်းလက်ကျန် နည်းခြင်း၊ မိုးပဲမဝင်သေးခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ် ၄၁၀၀၀၀ ကျပ်၊ ပဲပုတ်(ရှမ်း) ၂၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲ(လုံးဖြူကြီး/လုံးဝါကြီး)တို့မှာလည်း လုပ်ငန်းသမား ပဲကြော်/လှော်သမားအဝယ်ပုံမှန်ရှိခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် လုံးဖြူကြီး (၃)တင်းတစ်အိတ် ၂၆၁၀၀၀ ကျပ်၊ လုံးဝါကြီး ၂၄၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါကြီးဈေးငြိမ်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၆၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲယင်းမှာအရောင်းအဝယ်အေးခြင်း၊ ကြာဇံသမားအဝယ်နည်းခြင်း ရှိသော်လည်း ပစ္စည်းရှားခြင်းကြောင့် ပဲယင်းသေး ၃တင်းတစ်အိတ် ၂၂၅၀၀၀ ကျပ်၊ ပဲယင်းကြီး ၂၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေထောက်ပဲမှာ လည်း လုပ်ငန်းသမား၊ ပဲကြော်သမားအဝယ်ပုံမှန်၊ အဝင်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၃ တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ(ကျွန်း)မှာ အထွက်နည်း၊ အဝင်နည်း၊ ပစ္စည်းရှားခြင်း၊ စားတော်ပဲ ယူကရိန်း အဝင်မရှိခြင်း၊ စားတော်ပဲ ကနေဒါမှာလည်း ၃တင်းတစ်အိတ် ၅၅၀၀၀၀ ကျပ်ထိ ဈေးမြင့်နေခြင်း၊ လက်လီသမားအဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် ပို၍ လူကြိုက်များသော စားတော်ပဲ(ကျွန်း)မှာ ၃တင်းတစ်အိတ် ၆၃၀၀၀၀ ကျပ်အထိ ဈေးမြင့်နေသည်။
ပဲကြီး(ကြီး)မှာ အဝေးတင်ပို့ရန် - ရန်ကုန်ဝယ်လက်ရှိခြင်း၊ အကြော် လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိခြင်း၊ ဆောင်းလက်ကျန်နည်းပြီး မိုးပဲ မဝင်သေးခြင်းတို့ကြောင့် ၃တင်းတစ်အိတ်၊ ၃၃၀၀၀၀ ကျပ်မှ ၃၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ထောပတ်ပဲ(ကြီး) ပဲကြီး(သေး) တို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် ပဲကြီး(သေး) ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်၊ ထောပတ် ပဲ(ကြီး) ၃တင်း ၃၁၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ
မန္တလေးကိုင်းတန်းဈေးတွင် ငရုတ်စိုဈေးနှုန်းအနေဖြင့် သာစည်၊ တပ်ကုန်း၊ မိတ္ထီလာတို့မှ ငရုတ်စို(ရှည်) ဝင်ရောက်ပြီး အဝင်နည်းခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ်၊ ပြင်ဦးလွင်မှ ငရုတ်စို (လတ်) တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ပြင်ဦးလွင်မှ ပန်းဂေါ်ဖီတစ်ပွင့် ၁၀၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် အရည်အသွေးကောင်းလာသဖြင့် ၁၂၀၀ ကျပ်၊ မုန်လာဥနီ တစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၄၀၀ ကျပ်ဖြင့် မြို့တွင်းလက်လီသမားနှင့် စားသောက်ဆိုင်များ ပုံမှန် ဝယ်ယူမှုရှိသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် ချောင်းဦးမှ ဖရဲသီးများ အဝင်များပြီး တစ်လုံး ၃၅၀၀ ကျပ်၊ သင်္ဘောသီး ၂လုံး တစ်ထုပ် ၃၅၀၀ ကျပ်၊ ထောပတ်သီး ၁၂၀ လုံးပါ ပိုက်အိတ်တစ်အိတ် ၅၀၀၀၀ ကျပ်၊ မန္တလေးဝန်းကျင်မှ သခွားမွှေးများ အဝင်များခြင်း၊ အရည်အသွေး ကောင်းခြင်းကြောင့် တစ်လုံး အရည်အသွေးပေါ်မူတည်၍ ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ သီပေါ နာနတ်များ အဝင်များသော်လည်း လမ်းပမ်းဆက်သွယ်ရေးကြောင့် တစ်လုံး ၁၂၀၀ ကျပ်၊ နဂါး မောက်သီးတစ်လုံး ၁၀၀၀ ကျပ်ဖြင့် ပြင်ဦးလွင်၊ ရွှေဘို၊ မုံရွာ၊ ကျိုက်ထိုနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို ဂျုံများမှာ အဝင်ပုံမှန် ဂျုံစက်များ၊ အဝယ်ပုံမှန်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၃၀၀၀၀ ကျပ် မှ ၂၄၀၀၀၀ ကျပ်၊ ရှမ်းဂျုံ ၂၁၅၀၀၀ ကျပ်၊ ကလေးဂျုံ ၂၁၀၀၀၀ ကျပ်၊ အထွက်တိုးဂျုံ ၂၀၅၀၀၀ ကျပ်တို့ဖြင့် ဈေးတည်ငြိမ်နေသည်။ ဩစတြေးလျဂျုံမှုန့်မှာလည်း အဝင်ပုံမှန်၊ မုန့်လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ဆောင်းပြောင်းလက်ကျန်လှောင်သမား ထုတ်ရောင်းမှုူရှိခြင်း၊ မိုးပြောင်း ဝင်ချိန်နီးခြင်း၊ အစာစပ်သမား အဝယ်နည်းခြင်းတို့ကြောင့် ၃တင်းတစ်အိတ် ၉၁၀၀၀ ကျပ်မှ ၈၇၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။
ခင်မေကြည်