ရန်ကုန်ဈေးကွက်

(၂၆-၇-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်)
ဆန်
ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်အသစ် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန် ဟောင်းအလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၇၅၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းနှင့်အောက်စ တစ်အိတ်လျှင် ၆၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြသည်။ ယခင်လ၏ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းဆန်သစ် အလတ်စ တစ်အိတ်လျှင် ၂၀၀၀ ကျပ်နှုန်း ဈေးမြင့်လာခဲ့သည်။ ငစိန်ဆန်အလတ်စ တစ်အိတ်လျှင် ၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၂၀၀၀ ကျပ်နှုန်း ယခင်လထက်ဈေးနိမ့်ခဲ့သည်။ ရွှေဘိုဒေသထွက် ဆန်များမှာ သယ်ယူပို့ဆောင်မှု ခက်ခဲကြန့်ကြာခြင်း၊ ကုန်ကျစရိတ်မြင့်တက်ခြင်း၊ စပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်းလျော့ခြင်း စသည့် အခြေအနေများကြောင့် စပါးဈေး၊ ဆန်ဈေးများ မြင့်တက်စေခဲ့သော်လည်း စားသုံးသူများမှ လိုအပ်သလောက်သာ ဝယ်ယူမှုရှိခြင်း၊ ဆန်ကြမ်းများနှင့် ရောနှောစားသုံးမှုများခြင်းကြောင့် အရောင်း အဝယ်အေးခြင်း စသည့်အခြေအနေများကြောင့် ရောင်းလိုအားများကာ အနည်းငယ်သာ ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ တင်ပို့ မှုရှိသော ဧည့်မထဆန်ဈေးနှုန်းများမှာ ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိခဲ့သော်လည်း ပြည်ပတင်ပို့မှုသာရှိသော ငစိန်ဆန်အမျိုးအစားမှာမူ ကုန်သည်များမှ လိုအပ် သလောက်သာ ဝယ်ယူမှုရှိခြင်းနှင့် ပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်းနေခြင်းတို့ကြောင့် ယခင် လ ရည်ညွှန်းဈေးနှုန်းထက် ဆန်တစ်အိတ်လျှင် ၂၀၀၀ ကျပ် ဝန်းကျင်ဈေးနိမ့်လာခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းတို့မှ လည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အကောက်ခွန် လွတ်တင်သွင်းနိုင်သော ကာလဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံရေးအပြောင်း အလဲ၊ ကမ္ဘာ့ရွှေဈေးနှင့် ငွေကြေး အပြောင်းအလဲများကြောင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်အခွန် တိုးမြှင့်မှုကို ချိန်ညှိနေသော နိုင်ငံများ၏ ဝယ်လိုအားလျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ မုန်တိုင်းနှင့် မိုးရွာသွန်းမှုများရှိခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံ၏ မြန်မာ့ ပြောင်း အခွန်ကင်းလွတ်ခွင့်ဖြင့် ဝယ်ယူသည့်အစီအစဉ်မှာလည်း ဩဂုတ်လကုန်တွင် ကုန် ဆုံးမည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်းများအားပြည်ပ ဝယ်လက် များမှ အရောင်းအဝယ်အေးကာ ဈေးနှုန်းများလည်း ဆက်လက်၍ ကျဆင်းလာခဲ့ရာ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၀၇၂၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဇွန်စတုတ္ထရက်သတ္တပတ်မှစတင်ကာ ဇူလိုင်လ၏ စတုတ္ထရက်သတ္တပတ်တိုင်အောင် ဈေးနှုန်းများ အပတ်စဉ် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ပဲမျိုးစုံ
ပဲမျိုးစုံအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်မတ်ပဲလက်ကျန် နည်းလာချိန်ဖြစ်ခြင်း၊ မိုးစိုက်မတ်ပဲဧရိယာများလျော့နည်းနေခြင်း၊ အိန္ဒိယဝယ်လက်များမှ ဝယ်ယူမှုရှိခြင်းတို့ကြောင့် မတ်ပဲ (သင်္ဘောတင်) ဈေးနှုန်းများမှာ ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၉၉၁၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၀၁၅၀၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့သော်လည်း ကုန်သေတ္တာ ၉၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။ ပဲစင်းငုံ (သင်္ဘောတင်)မှာမူ မိုးစိုက်ပဲဧရိယာများလျော့နည်းခဲ့သော်လည်း အိန္ဒိယဝယ်လက်များမှ ဝယ်ယူမှုနည်းခြင်းကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ကုန်သေတ္တာ ၅ လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ယခုအပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၈၁၈၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၁၂၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ယခု ရက်သတ္တပတ်၏ ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်အတွင်း ကုန်သေတ္တာ ၁၀ လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲတီရွှေဝါဈေးနှုန်းများမှာ ပြည်ပဝယ် လက်များမှ ဝယ်လိုအားနည်းခြင်းနှင့် ပြည်တွင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်းတို့ကြောင့် ယခင် အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၃၅၄၅၀ ကျပ်ဖြစ်သည်။ ထောပတ်ပဲ ၊ ပဲလွမ်းဖြူ၊ ဘိုကိတ်ပဲများ မှာ အစိုက်နည်း၍ အထွက်နည်းသော ပဲအမျိုးအစားများဖြစ်ခြင်း၊ ပဲဟောင်းလက်ကျန်နည်းလာ ချိန်ဖြစ်ခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့် သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၆၃၁၀၀ ကျပ်ဖြစ်ပြီး ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၇၄၉၅၀ ကျပ်ဖြစ်သည်။ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၃၂၅၀၀ ကျပ် ဖြစ်သည်။အလားတူ ကုလားပဲနှင့်ပဲပုတ်ပဲမှာ ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်းနှင့် ပြည်တွင်း သုံးစွဲမှုသာရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့ သည်။ ကုလားပဲ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၅၆၀ ကျပ် ဖြစ်ပြီး ပဲပုတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၅၇၄၅၀ ကျပ်ဖြစ်သည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၅၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီတစ်ပိဿာလျှင် ၂၅ ကျပ် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင် အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိသည်။
အေးသန္တာဝင်း