ဧပြီလတွင် ပြည်ပဈေးကွက်များသို့ ဆန်တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့ခဲ့

မြန်မာနိုင်ငံသည် ဧပြီလတွင် ဆန်တန်ချိန် ၆၉,၀၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၇၃,၀၀၀ ပါဝင်သော ဆန်တန်ချိန် ၁၄၀,၀၀၀ ကျော်ကို နိုင်ငံတကာဈေးကွက်သို့ ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ အဆိုအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ) ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၄၈ သန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက်ကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့နှင့် လစဉ်တွေ့ဆုံ ကြပြီး ရည်ရွယ်ထားသည့် တင်ပို့မှုလျာထားချက်ပြည့်မီရန်နှင့် တင်ပို့မှုကို မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.gnlm.com.mm/myanmar-ships-over-140000-tonnes-of-rice-to-external-markets-in-apr/