စိန်တလုံးသရက် ပြည်တွင်းဈေးနှုန်း မြင့်တက်

စိန်တလုံးသရက် ပြည်တွင်းဈေးနှုန်း မြင့်တက်

ဧပြီ ၂၁

သစ်သီးဝလံ လက်ကားရောင်းဝယ်ရေးစင်တာများ၏ အဆိုအရ စိန်တလုံးသရက်သီးဈေးနှုန်းသည် နိုင်ငံခြားဈေးကွက်ထက် ပြည်တွင်းဈေးကွက်တွင် ပိုမိုကောင်းမွန်နေသည်ဟု ဆိုသည်။ မန္တလေးမှ မိုင်းလားသို့ ပို့ဆောင်ခြင်းနှင့် ကူမင်း-မန့်ရှီး-ရွေးလီကို ပို့ဆောင်မှုတွင် တစ်ရက်ကြာမြင့်ပြီး သယ်ယူပို့ဆောင်စရိတ် ပိုမိုကုန်ကျမှုများကြောင့် ဈေးကောင်း မရနိုင်ကြောင်း ခွာညို သစ်သီးဝယ်ရေးက ဆိုသည်။ ထို့ပြင် သရက်သီးကားများ ၂ စီး သို့မဟုတ် ၃ စီး တစ်ပြိုင်တည်း ရောက်လာပါက ဈေးနှုန်းကျဆင်းမည်ဖြစ်ကြောင်းလည်း ဆိုသည်။

"ပြည်တွင်းဈေးကွက်တွင် သရက်သီးတစ်ခြင်း ဈေးနှုန်းမှာ ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ အတွင်းရှိရာ တရုတ်နိင်ငံသုံးငွေဆိုပါက ယွမ် ၁၃၀ မှ ၁၄၀ အတွင်း ရရှိကြောင်း၊ သို့သော် တာလော့(တရုတ်)တွင် ရောင်းချပါက ထိုဈေး ရဖို့မလွယ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဈေးကွက်သည် အားသာချက်ရှိနကြောင်း” ထိုရောင်းဝယ်ရေးက ပြောကြားသည်။

လက်ရှိအချိန်တွင် လယ်သမားများသည် ထွက်ရှိမှုတိုးလာပါက Wanton ဈေးကွက်ကို မျှော်လင့်နေကြသည်။ နှစ်ညနှင့်သုံးရက်ကြာ ခရီးရှည်ဖြစ်သဖြင့် သရက်သီးလတ်ဆတ်မှု မရှိနိုင်တော့ပေ။ လက်ရှိတွင် ထွက်ရှိမှုလည်း ကျဆင်းနေပြီး ပြည်တွင်းပြည်ပ ဝယ်လိုအား ကျဆင်းနေသည်ဟု သိရသည်။

TTP

http://www.gnlm.com.mm