မြိတ်ဒေသထွက် ရာသီပေါ်မရမ်းသီးများ ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်လျက်ရှိ

မြိတ်ဒေသထွက် ရာသီပေါ်မရမ်းသီးများ ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်လျက်ရှိ

မြိတ်ဒေသမှ ရာသီပေါ် မရမ်းသီးများကို ထိုင်းနိုင်ငံမှ မှာယူမှုများသောကြောင့် ရောင်းအားကောင်းနေကြောင်း မြိတ်ဈေးကွက်သတင်းအရ သိရှိရသည်။

ယခုအချိန်တွင် မြိတ်ဒေသတွင် မရမ်းသီးများ ပေါပေါများများထွက်ရှိနေပြီး အရွယ်အစား သေးငယ်သော အသီးများသည် ပို၍ ရောင်းအားကောင်းနေပါသည်။ မရမ်းသီးသည် ယခုအချိန်တွင်သာ ပေါ်သောသီးနှံဖြစ်သည်။ မရမ်းသီးသည် သရက်နှင့် ကြက်မောက်သီးတို့နှင့်  မတူသည်မှာ မရမ်းသီး အစိမ်းစားသည့် ရာသီကုန်ပါက ဈေးကွက်မှ ခဏပျောက်သွားတတ်ပြီး၊ ယခုအချိန် သည် ရောင်းအကောင်းဆုံး ရာသီချိန် ဖြစ်သည်။

မရမ်းသီးပေါများသည့် မြိတ်ဒေသတွင် ထိုင်းနိုင်ငံမှ မှာယူမှု အများအပြားရှိနေပြီး ဈေးကောင်းရရှိကြောင်း၊ အရွယ်အစားသေးငယ်သောအသီးများသည် ပိုမိုဈေးကောင်းရကြောင်း မြိတ်ဒေသမှ မရမ်းခြံ ပိုင်ရှင်တစ်ဦးဖြစ်သော မမြတ်လဲ့လဲ့ဖြူမှ ပြောကြားသည်။

လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများသာမက ထိုင်းလူမျိုးများကလည်း ၎င်းတို့၏ စားသောက်ဆိုင်များတွင် အသုံးပြုရန်အတွက် မှာယူမှုအမြောက် အများရှိနေသည်။ ထိုင်းနိုင်ငံအရောက် ပို့ဆောင်ပေးသဖြင့် ဝယ်ယူသူများအတွက်အဆင်ပြေကြောင်း၊ ထိုသို့ သယ်ယူ ပို့ဆောင်ရာတွင် မရမ်းသီး၏ အသီးညှာအရိုးတံကို မဖယ်ဘဲ တင်ပို့ခဲ့ကြောင်း၊ အသီးညှာကို ဖယ်ရှားလိုက်ပါက အသီးအရောင်မလှတော့ဘဲ ပြန်လည်ရောင်းချရာတွင် အမြင်မလှတော့ကြောင်း သိရှိရသည်။

လင်းလဲ့ရည်အောင်

https://www.gnlm.com.mm/myeiks-seasonal-marian-plums-in-high-demand-from-thailand/#article-title