ချင်းစိုက်ပျိုးထုတ်လုပ်မှု ပြည်တွင်းဈေးကွက်ပေါ်တွင်သာ မှီခိုနေရ

ချင်းစိုက်တောင်သူများ၏ ပြောကြားချက်အရချင်းရောင်းဝယ်ကုန်သွယ်မှုသည် ပြည်ပတင်ပို့မှု ကျဆင်းသွားပြီးနောက် ပြည်တွင်းစားသုံးမှုအပေါ် မှီခိုနေရပြီဖြစ်သည်။ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းနှင့် ကလောဒေသတို့တွင် အဓိက စိုက်ပျိုးကြပြီး ဈေးနှုန်းသည်လည်း ထပ်မံကျဆင်းလာကြောင်း သိရသည်။
ချင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့မှ အဓိကမှာယူလျက်ရှိပါသည်။ “ယခု အချိန်သည် ချင်းထွက်ရှိသည့် ရာသီဖြစ်ပြီးအထွက်နှုန်းများသောကြောင့် ဈေးနှုန်း အနည်းငယ် ကျဆင်း သွားသည်” ဟု ကလောမြို့နယ်မှ ချင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။ လာမည့် လများအတွင်း ပြည်ပတင်ပို့မှု တိုးမြင့်လာပါက ချင်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာဖွယ်ရှိသည်။ ပြည်ပတင်ပို့နိုင်ပါက ဈေးနှုန်း ကောင်းမွန်လာနိုင်သော်လည်း ချင်းဈေးနှုန်းသည် နောက်လများတွင် ထပ်ပြီးတက်လာရန် မဖြစ်နိုင်သေးကြောင်း တွေ့ရှိရသည်။
လက်ရှိတွင် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်းသိရသည်။ “ပြည်တွင်းဈေးကွက်မှာ ချင်းကုန်သွယ်မှုက အဆင်ပြေကောင်းမွန်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ ယခင်က မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများသို့ ချင်းကို တင်ပို့ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.gnlm.com.mm/246261-2/