တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းစိုက်ပျိုးမှု အောက်တိုဘာအထိ ဧက ၃၉၅,၀၀၀ ကျော်ရှိ

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအထိ ဆီအုန်းစိုက်ပျိုးမှုမှာ စုစုပေါင်း ၃၉၅,၇၇၂ ဧကအထိ ရှိလာပြီဖြစ်သည်။ ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုးရန် နှစ် ၃၀ အတွက် အထွက်နှုန်းကောင်းသော မျိုးစေ့ကို ရွေးချယ်ရန် အရေးကြီးကြောင်း မြိတ်ခရိုင်၊ စိုက် ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်မှ ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း ဆီကြမ်းစက်ရုံ ၆ ခုရှိပြီး ထားဝယ်မြို့နယ်တွင်တစ်ခု၊ မြိတ်တွင် တစ်ခု၊ ဘုတ်ပြင်းတွင် ၂ ခုနှင့် ကော့သောင်းတွင် ၂ ခု အသီးသီးရှိသည်။
ကောင်းမွန်စွာ စီမံခန့်ခွဲစိုက်ပျိုးထားသော ဆီအုန်းစိုက်ခင်းများ သည် စိုက်ပြီး ၅နှစ် အကြာတွင် စီးပွားဖြစ် စတင်ခူးဆွတ်နိုင်မည်ဖြစ်ပြီး ၃ နှစ်အကြာတွင် အရင်းကျေ ကာလတစ်ခုကိုရောက်ရှိကာ နောက်ထပ် နှစ်ပေါင်း ၂၀ ကျော်ကြာသည်အထိ ဆီသီးခိုင်များ ထုတ် လုပ်နိုင်မည် ဖြစ်သည်။ ယခုကာလတွင် ဆီအမြောက်အမြားထွက်ရှိသည့် စပ်မျိုးဆီအုန်းပျိုးပင်များကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော ဆီချောစက်ရုံ တည်ထောင်ရန် အစီ အစဉ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း ဆီကြမ်းစက်ရုံများသာရှိပြီး ကုမ္ပဏီ ၃၉ ခုနှင့် ပုဂ္ဂလိကခြံရှင် ၄၀ တို့မှ ဒေသအတွင်း ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
နှစ်ရှည်ပင်သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီး ဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ ဆီအုန်းမျိုးစေ့ဖောက်ခြင်းနှင့် စပ်မျိုးထုတ်လုပ်ခြင်းသင် တန်းကို ဒီဇင်ဘာ ၂ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ နယ် ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
အီကွေတာ၏ မြောက်ဘက်နှင့် တောင်ဘက် ၁၀ ဒီဂရီအကွာတွင်ရှိသော တနင်္သာရီတိုင်းဒေသကြီး အထူးသဖြင့် (မြိတ်နှင့်ကော့သောင်းဒေသများ)တွင်သာ ဆီအုန်းစိုက်ပျိုးနိုင်သည်ဟု မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အင်ကြင်းခိုင်ကဆို သည်။
စပ်မျိုးထုတ်လုပ်မှုသည် ရေရှည်လုပ်ငန်းအတွက်အရေးကြီးကြောင်း၊ ယခင်က မျိုးစေ့များကို ပြည်ပဈေး ကွက်မှ တင်သွင်းခဲ့ရပြီး၊ ယခုအခါ ဆီအုန်းစပ်မျိုးများကို ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိကြောင်း၊ ထို့ ကြောင့် ဆီအုန်းစပ်မျိုးထုတ်လုပ်မှုနည်းပညာသည်အဓိကအခန်း ကဏ္ဍမှ ပါဝင်နေကြောင်း” ခရိုင်ဦးစီးမှူးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဥမ္မာထွန်း
https://www.gnlm.com.mm/oil-palm-cultivation-exceeds-395000-acres-in-oct-in-taninthayi/