မန္တလေးဈေးကွက်

ဆန်
ပွဲရုံများတွင် ဆန်သစ်မဝင်သေးခြင်း၊ အဟောင်းလက်ကျန်နည်း သော်လည်း နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသော ဆန်ဖြစ်ခြင်းကြောင့် အထွက်နည်း၊ အဝင်နည်း၊ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၁၆၀၀၀၀ ကျပ်မှ ၁၆၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာလည်း မန္တလေးဝန်းကျင်မှ ထွက်ရှိသော ဆန်ဖြစ်သော်လည်း အသစ်မဝင် သေးခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဇီယာနှင့် ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်သော ဆန်ဖြစ်ပြီး မြို့တွင်းသုံး နှင့်လုပ်ငန်းသမားအဝယ်နည်းသော်လည်း အသစ်မဝင်သေးသဖြင့် လက်ကျန်နည်းခြင်းကြောင့် ဇီယာတစ်အိတ် ၉၀၀၀၀ကျပ် ငစိန်ဆန်တစ်အိတ် ၇၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ဧရာမင်းဆန်မှာလည်း အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံနှင့် ဆီ
မိုးမြေပဲအဝင်နည်းသေးခြင်း၊ အဟောင်းလက်ကျန်နည်းခြင်းကြောင့် လုပ်ငန်း သမားအဝယ်ပုံမှန်ရှိသော်လည်း မြေပဲ (လုံးဆန်) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၈၃၀၀၀၀ကျပ်မှ ၈၈၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။ မြေပဲ(ဆီဆန်)မှာလည်း ဆီစက်သမားအဝယ်များပြီး၊ မိုးမြေပဲ အဝင်နည်းသေးခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၈၀၀၀၀၀ကျပ်မှ ၈၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ လုပ်ငန်းသမား၊ တရုတ်ဝယ်လက်အခွံချွတ်သမားအဝယ်ရှိခြင်း တို့ကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၉၀၀၀၀ ကျပ်မှ ၄၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းညိုမှာ အဝင်ပုံမှန်၊ ဆီစက်သမားပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက်ဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား၊ တရုတ်ဝယ်လက် ရှိခြင်းကြောင့် ၄၅ပိဿာ ၆၃၅၀၀၀ကျပ်မှ
၆၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပန်းနှမ်းနှင့် နေကြာမှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ ပဲဆီဈေး နိမ့်ခြင်းကြောင့် ပန်းနှမ်းနှင့် နေကြာဆီစက်သမားများအဝယ်နည်းခြင်းကြောင့် ပန်းနှမ်း ၄၅ပိဿာ ၂၅၀၀၀၀ကျပ်၊ နေကြာ ၂၇ပိဿာ ၂၀၀၀၀၀ကျပ်ဖြင့် ယခင်လအတိုင်းဈေးတည်ငြိမ်နေသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာ ၁၅၀၀၀ကျပ်၊ နှမ်းဆီ ၁၄၅၀၀ကျပ်၊ ပဲပုတ်ဆီ ၁၂၀၀၀ကျပ်၊ ပန်းနှမ်းဆီ ၁၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
နွားထိုးကြီး၊ မြစ်သားတို့မှ အသစ်အဝင်နည်းငယ်ရှိခြင်းကြောင့် ကြက်သွန်နီ(သစ်)အကြီး တစ်ပိဿာ ၄၀၀၀ကျပ်၊ သေးတစ်ပိဿာ ၁၅၀၀ ကျပ်၊ လက်ကျန်နယ်စုံအဟောင်းကြီး တစ်ပိဿာ ၄၈၀၀ကျပ်၊ လတ်တစ် ပိဿာ၄၅၀၀ကျပ်၊ သေးတစ်ပိဿာ ၃၈၀၀ ကျပ်သို့ အနည်းငယ်ဈေးမြင့်သွားသည်။
ငရုတ်ခြောက် ဈေးနှုန်းအနေဖြင့် မိုးနှင့်ဆောင်းကြားကာလဖြစ်၍ ငရုတ်ခြောက် (ရှည်) တစ်ပိဿာ ၁၆၀၀၀ကျပ် ငရုတ်ခြောက်(လတ်) တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ ငရုတ်ခြောက်(ပွ) တစ်ပိဿာ Aircon ဖြင့်ထားသော ဧရာဝတီတိုင်းမှ လာသောအသီးများဖြစ၍ အရည်အသွေးကောင်းခြင်းကြောင့် တစ်ပိဿာ ၃၀၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အသစ်အဝင်မရှိသဖြင့် လက်ကျန်အဟောင်းမှာ အရည်အသွေး ပေါ်မူတည်၍ တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာလည်း ကြက် သွန်ဖြူ(တရုတ်)ဈေးမြင့်သဖြင့် မြို့တွင်းသုံးအဝယ်များခြင်းကြောင့် တစ်ပိဿာ ၁၆၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူ(မြန်မာ) မှာ လက်ကျန်နည်းပစ္စည်းရှားခြင်းကြောင့် တစ်ပိဿာ ၁၈၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။
တရုတ်အာလူးများ အသစ်မဝင်ဘဲ လက်ကျန်အဟောင်း များသာရှိခြင်းကြောင့် တစ်ပိဿာ ၉၅၀၀ကျပ်ထိ ဈေးမြင့်နေပြီး အောင်ပန်းအာလူးမှာ အိုကေ တစ်ပိဿာ ၈၅၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၈၀၀၀ကျပ် ဈေးရှိ သည်။
ပဲမျိုးစုံ
မတ်ပဲ အသစ်မဝင်သေးခြင်း၊ ရန်ကုန်ဝယ်လက်မရှိခြင်းကြောင့် ခွဲစက်သမားအဝယ်ပုံမှန်ရှိသော်လည်း၊ ၃တင်းတစ်အိတ် ၃၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြမ်နေသည်။ ပဲတီစိမ်း (အညာ)မှာ မိုးလက်ကျန်နည်းခြင်း၊ အသစ်အဝင်နည်းခြင်း၊ တရုတ်ဝယ်လက်ရှိခြင်းတို့ကြောင့်အရည်အသွေး အကောင်း ဆုံး ၂၇၅၀၀၀မှ ၃၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မိုးစိုက် အသစ်များမှာ အရည်အသွေး အကောင်းဆုံး ၂၇၀၀၀၀ကျပ် ဈေးရှိသည်။
ကုလားပဲ(လုံးဖြူကြီး)မှာ လက်ကျန်နည်းခြင်း၊ အသစ်မဝင်သေးခြင်း၊ လုပ်ငန်းသမား ပဲကြော်/လှော် သမားအဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ယခု အပတ် ၃၀၇၀၀၀ကျပ်သို့ လည်းကောင်း၊ ကုလားပဲ(လုံးဝါကြီး)မှာ ခွဲစက်သမား အဝယ် နည်းခြင်းကြောင့် လက်ကျန်နည်းသော်လည်း ၃တင်းတစ်အိတ် ၂၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ လုံးဝါကြီး ဈေးတည်ငြိမ်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။
ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ ပဲယင်းနှင့် မြေထောက်ပဲတို့မှာ အသစ် မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ပဲခွဲစက်နှင့် လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပဲယင်း ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့လည်းကောင်း မြေထောက်ပဲမှာ ပစ္စည်းရှားခြင်းကြောင့် ၃တင်းတစ်အိတ် ၃၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော် ပဲ(ကျွန်း )မှာ အသစ် မဝင်သေးခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြေင့် ၃တင်းတစ်အိတ် ၄၁၀၀၀၀ ကျပ်မှ ၄၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အဝင်ပုံမှန်၊ ပဲကြော်လှော်သမား အဝယ်ပုံ မှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၂၃၅၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေပြီး ထောပတ်ပဲ(ကြီး)မှာ လည်း အဝင်ပုံမှန် လုပ်ငန်းသမားပုံမှန်ရှိခြင်းကြေင့် ၃တင်းတစ် အိတ် ၃၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
ပန်းသီးအကြွပ် ၈ ပိဿာ တစ်ခြင်း ၁၀၀၀၀၀ကျပ် တရုတ်စပျစ်သီး ၄ ပိဿာတစ်ခြင်း ၇၀၀၀၀ကျပ်၊ လိမ္မော်သီး ၁၀၀ပိဿာ ၇၀၀၀၀ ၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါတစ်ခြင်း ၄၀၀၀၀ကျပ်၊ ဖရဲသီး အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၁၈၀၀ကျပ်မှ ၂၅၀၀ကျပ်၊ သင်္ဘောသီး တစ်လုံး ၂၀၀၀ကျပ်၊ ဈေးနှုန်းများဖြင့် ရွှေဘို၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ညောင်ဦး စသော အမှာရှိသော မြို့များသို့ တင်ပို့သည်။
ဟင်းသီး/ရွက် ဈေးနှုန်းအနေဖြင့် ငရုတ်စို(ရှည်)များ သာစည်ဘက်မှ အဝင်များလာပြီး လုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၅၅၀၀ကျပ်၊ ငရုတ်စို(လတ်) မုံရွာ၊ ချောင်းဦးမှ အထွက်နည်း ၊အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြင့် ငပိထောင်း၊ လက်ဖက်သမားများ ဝယ်ယူမှုရှိသည်၊ ပန်းပုံလာ၊ ဂေါ်ဖီထုတ်တို့မှာ အထွက်နည်းအဝင်နည်းခြင်းကြောင့် ပန်းမုံလာတစ်ပွင့် ၂၀၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀မှ ၂၅၀၀ ကျပ်ထိ ဈေးမြင့် နေသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
ဂျုံ အသစ်မဝင်သေးခြင်း လက်ကျန်နည်းခြင်းကြောင့် ဂျုံစက်များအဝယ်နည်းသော်လည်း ငါန်ဇွန်း၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်တို့မှ ဂျုံများမှာ ၃တင်းတစ်အိတ် အရည်အသွေး အကောင်းဆုံး ၂၁၀၀၀၀ကျပ်၊ ရှမ်းဂျုံ ၁၈၀၀၀၀ကျပ်၊ ကြူကုတ်ဂျုံ ၃ တင်းတစ်အိတ် ၁၈၀၀၀၀ကျပ် ဖြင့် ဈေးတည် ငြိမ်နေသည်။
ဩစတေးလျဂျုံမှုန့် ၁ပိဿာ ၃၇၀၀ကျပ်ဖြင့် လက်လီမုန့်လုပ်ငန်းသမားများ အဝယ်ရှိပြီး ဂျုံဖွဲတစ်ပိဿာ၁၂၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် ရာသီဥတုကြောင့် မိုးပြောင်းအဝင်နည်းခြင်း၊ ဆောင်း ပြောင်းစိုက်ပျိုးထားဆဲဖြစ်ခြင်း၊ ရန်ကုန်ဝယ်လက်၊ ယိုးဒယားဝယ်လက် အစာစပ်သမားဝယ်လက် များ ရံဖန်ရံခါရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၇၇၀၀၀ကျပ်မှ ၇၉၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ခင်မေကြည်