စပါးရည်ညွှန်းဈေးနှုန်း တင်း ၁၀၀ လျှင် ၉၆၀,၀၀၀ ကျပ် သတ်မှတ်

စပါးရည်ညွှန်းဈေးနှုန်း တင်း ၁၀၀ လျှင် ၉၆၀,၀၀၀ ကျပ် သတ်မှတ်

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ စပါးတင်း (၁၀၀) လျှင် အခြေခံရည်ညွှန်းဈေးနှုန်း ၉၆၀,၀၀၀ိ/- ကျပ် (တစ်တင်းလျှင် ၄၆ ပေါင်နှင့် ညီမျှသည်) သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အရည်အသွေးသတ်မှတ်ချက်များအနေဖြင့် အစိုဓါတ် ၁၄ ရာခိုင် နှုန်းသာ ရှိရမည်ဖြစ်ပြီး သဲ၊ ဖုန်နှင့် ကျောက်ခဲ ကဲ့သို့သောအမှိုက်များလည်း သတ်မှတ် ရာခိုင်နှုန်းသာပါရှိ ရမည်ဖြစ်ကာ စိုက်ပျိုးထုတ်လုပ်သူများအတွက် သင့်တင့်သောဈေးနှုန်းနှင့် သေချာသော ဈေးကွက်ရရှိရေးအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။

စျေးကွက်ပေါက်စျေးသည် ၎င်းအောက်တွင်ရှိနေပါက ရည်ညွှန်းစျေးနှုန်းအတိုင်း အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်သည်။

ထိုစျေးနှုန်းသည် စပါးရိတ်သိမ်းရာသီတွင် သင့်တင့်လျှောက်ပတ်သော ဈေးနှုန်းရရှိရန် ၂၀၂၄ခုနှစ်တွင် ထွက်ရှိမည့် မိုးစပါးနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမည့် နွေစပါးများအတွက် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ရည်ညွှန်းပေါက်ဈေးအတိုင်း ရောင်းချရာတွင် အခက်အခဲရှိသော တောင်သူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များနှင့် ချိတ်ဆက် ၍သော်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆက်သွယ်ရန်နံပါတ်များ ၀၁-၂၃၀၁၁၂၈, ၀၁-၂၃၀၁၁၂၉ နှင့် ၀၁-၂၁၈၂၆၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

အေးအေးခိုင်