ရုရှားတွင် ကော်ဖီဈေးနှုန်းများ မြင့်တက်လာမည်ဟု ခန့်မှန်း

လက်ရှိတွင် ရုရှားနိုင်ငံ၌ အာရေးဗီကာကော်ဖီ(Arabica)၏ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း၊ ပြီးခဲ့သည့်ဩဂုတ် လတွင်ကော်ဖီအဓိကထုတ်လုပ်သော ဘရာဇီး၌ ရာသီဥတုဆိုးဝါးမှုကြောင့် ကော်ဖီဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း၊ အာရေးဗီကာနေရာ၌ ရိုဘတ်စတာ (Robusta)ဖြင့်အစားထိုးရန် ကြိုးပမ်းမှုကြောင့်လည်း အာရေးဗီကာစျေးနှုန်းကိုမြင့်တက်စေကြောင်း ရုရှားလက်ဖက်ခြောက်နှင့် ကော်ဖီထုတ်လုပ်သူများအသင်း “Roschaykofe” ၏ ဥက္ကဋ္ဌ Mr. Ramaz Chanturia က ပြောကြားခဲ့
သည်။
ယခုအခါ ကမ္ဘာ့ကော်ဖီဈေးနှုန်းများ ကြီးမြင့်သည့်အခြေအနေတွင် ရှိနေပြီး ကုန်ကြမ်းစရိတ် ကြီးမြင့်မှုဆီသို့ ဦးတည်နေသည့် အလားအ လာမှာ ထင်ရှားနေကြောင်း၊ ယင်းကြောင့် ကော်ဖီကုန် ကြမ်းများသည် မဝေးတော့သော အနာဂတ်တွင် ဈေးနှုန်းမြင့်တက်လာမည်ဖြစ်ပြီး ကော်ဖီထုတ် ကုန်များသည် ပြီးခဲ့သည့် ၂/၃ နှစ်ထက်စာလျှင် အတော်လေးမြင့်တက်လာနိုင်သည့်အတွက် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
စတိုးဆိုင်များရှိ ကော်ဖီစျေးနှုန်းသည် ကုန်ကြမ်းကုန်ကျစရိတ်အပြင် ငွေကြေးလဲလှယ်နှုန်း၊ စွမ်းအင်အခွန်အခနှင့် အခြားအခွန်အခများ၊ လက် လီရောင်းဝယ်ရေးနှင့်သယ်ယူပို့ ဆောင်ရေးစရိတ် စသည့် အကြောင်း ခံများစွာပေါ်မူတည်လျက်ရှိကြောင်း၊ ကုန်ကြမ်းကုန်ကျစရိတ်များ မြင့်တက်လာလျှင် ကော်ဖီကုန် ချောထုတ်လုပ်ရန် ကုန်ကျစရိတ်လည်း မြင့်တက်လာလိမ့်မည်ဖြစ်ပြီး စားသုံးသူများအတွက် နောက်ဆုံးဈေးနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း Mr. Ramaz Chanturia က မှတ်ချက်ပြုသည်။
၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကော်ဖီပမာ ဏတန်ချိန် ၁၀၁,၈၂၄ တင်သွင်းခဲ့ပြီး အဓိကတင်သွင်းသောနိုင်ငံများမှ ဘရာဇီး၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အီတလီနှင့်အက်စ်တိုးနီးယားစသည့် နိုင်ငံများဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ် လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသား တင် တင်သွင်းသည့် နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည် နှစ်စဉ်တိုးတက်လျက်ရှိသဖြင့် မြန် မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့ နိုင်မည့်အလားအလာကောင်းများ ရှိနေပါကြောင်း သုံးသပ်ရပါသည်။
ခွန်မျိုးသူ
https://ria.ru/20240917/kofe-1973085597.html