ကွမ်းစိုက်တောင်သူများ ဆောင်းရာသီတွင် အမြတ်များများ ရရှိရန် ပစ်မှတ်ထားနေ

ကွမ်းစိုက်တောင်သူများ ဆောင်းရာသီတွင် အမြတ်များများ ရရှိရန် ပစ်မှတ်ထားနေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ နယ်မှ ကွမ်းပင်စိုက်ပျိုးသူများသည် မုတ်သုံရာသီထက် ဆောင်းရာသီတွင် အမြတ်အစွန်း ပိုမိုရရှိသည်ကိုတွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါသည်။

မုတ်သုံရာသီတွင် ကွမ်းခြံများ ပျက်စီးတတ်ပါသည်။ ထို့အပြင် ပိုး မွှားများသည် စိုက်ခင်းများကို ဖျက်ဆီးကာ ရလဒ်အနေဖြင့် အရွက်များ အဝါရောင်ဖြစ်ခြင်း၊ တွန့်ခေါက်ခြင်းနှင့် ကျုံ့ခြင်းတို့ကို ဖြစ်စေပါသည်။ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှု၊ ပိုး မွှားဝင်ရောက်မှုနှင့်ကွမ်းစိုက်တောင်သူ ဦးရေလျော့ကျခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းခဲ့ကြောင်း စိုက် ပျိုးရေးလုပ်ငန်းရှင်များကပြော ကြားကြသည်။ ကွမ်းခြံများသည် ဆောင်းရာသီတွင် အထွက်နှုန်းကျဆင်းမှုကို ထိန်းချုပ်ထားနိုင်ပြီး ဈေး နှုန်းများမြင့်တက်ကြောင်း စိုက်ပျိုးသူများက ပြောကြားသည်။

ကွမ်းရွက်ကို စိုက်ပျိုးပြီး ငါးလမှ ခြောက်လအတွင်း ခူးယူနိုင်ပါသည်။ ကွမ်းမျိုးစိတ်ပေါ် မူတည်၍ သုံးနှစ်မှ ငါးနှစ်အထိခူးယူနိုင်ပါသည်။ မျိုးစေ့၊ သွင်းအားစုနှင့်လုပ်ခအပါအဝင် သုညဒသမ၂၅ ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သန်းခန့် ကုန်ကျပါသည်။ ကွမ်းရွက်ကို ဆယ်ရက်ခြား တစ်ကြိမ် ခူးယူနိုင်ပါသည်။ အထွက်နှုန်းမှာ တစ်လလျှင် ၃၅ ပိဿာမှ ၄၀ ပိဿာအထိ ထွက်ရှိကြောင်း သိရသည်။

ကွမ်းစိုက်ပျိုးခြင်းသည် စနစ်တကျ အပင်ပြုစုတတ်ခြင်းနှင့် မှိုသတ်ဆေးသုံးစွဲသည့် အတွေ့အကြုံများ လို အပ်ပါသည်။ ထို့အပြင် ကွမ်းရိုးနွယ်ပင်များသည် မြေဆီလွှာကောင်း လိုအပ်သော်လည်း အပင်ခြေနှင့် အမြစ်ပုပ်ရောဂါတို့ကို ကာကွယ်ရန်အတွက် အစိုဓာတ်လွန်ကဲစွာဖြင့် ပင်ခြေတွင်ရေမဝပ်ရန် လိုအပ်မည်ဖြစ်သည်။ 

ကွမ်းစိုက်ပျိုးခြင်းသည် လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် ကျစ်လစ်သောလုပ်အားနှင့် များပြားသော ၀င်ငွေရစေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိရသည်။

ဟေမန်အောင်မင်း

https://www.gnlm.com.mm/betel-farmers-target-winter-for-higher-profits/