မန္တလေးဈေးကွက်

ဆန်
ဆန်အသစ်မဝင်သေးခြင်း၊ ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသော ဆန်ဖြစ်ခြင်း၊ အဝင်နည်းခြင်းရှိသော်လည်း မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။ ရန်ကုန်ပေါ်ဆန်းမှာ မိုးများသဖြင့် အရောင်းအဝယ်အေး ခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ နွေစပါးအဝင်နည်းသွားခြင်း၊ လူလတ်တန်းစား အများသုံးဆန်ဖြစ်၍ စားသုံးရန် ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်မှ ၉၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သော ဆန်ဖြစ်ပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းရှင်များ ဝယ်ယူမှုနည်းခြင်းကြောင့် ၈၀၀၀၀ကျပ်မှ ၇၈၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားပြီး ဇီယာဆန်မှာ အဝင်ပုံမှန် မြို့တွင်းစားသုံးရန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အဝင်နည်း၊ ဝယ်ယူမှုနည်းသော်လည်းတစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ဆီထွက်သီးနှံနှင့် ဆီ
မိုးမြေပဲအဝင်ရှိခြင်း၊ လက်ကျန်လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိသော်လည်း ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၉၀၀၀၀၀ကျပ်မှ ယခုအပတ် ၈၅၀၀၀၀ကျပ်သို့လည်း ကောင်း မြေပဲ (ဆီဆန်)မှာလည်း ဆီစက်သမား အဝယ်ပုံမှန် ရှိသော်လည်း အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၈၄၀၀၀၀ ကျပ်မှ ၇၆၀၀၀၀ကျပ် သို့ ဈေးသိသိသာသာ နိမ့်သွားသည်။
နှမ်းမျိုးစုံအနက်မှာ နှမ်းဖြူမှာ မိုးနှမ်းအဝင်နည်းသွားခြင်း၊ လုပ် ငန်းသမားအဝယ် ပုံမှန်ရှိခြင်း ကြောင် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ယခင်အပတ် ၃၅၀၀၀၀ကျပ်မှ ၄၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနက်(စမုံ)မှာ မိုးနှမ်းအဝင်နည်းခြင်း လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် တရုတ်ဝယ်လက်နည်း သော်လည်း ၄၅ ပိဿာ ၆၀၀၀၀၀ကျပ်မှဲ ၆၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပန်းနှမ်းမှာ လက်ကျန်နည်း ပစ္စည်းရှားပြီး စတင်စိုက် ပျိုးရန် ပြင်ဆင်ချိန်ဖြစ်၍ အရောင်းအဝယ်မရှိဘဲ ယခင်လဆန်းပိုင်း ဈေးနှုန်းအတိုင်း ၄၅ ပိဿာ ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ မိုးနေကြာစိုက်ဧကနည်း၊ အဝင်မရှိ သလောက်နည်းသေးခြင်း ဆောင်းနေကြာစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးပြီး လဆန်းပိုင်းဈေးနှုန်းအတိုင်း ၂၇ ပိဿာ ၂၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲဆီတစ်ပိသာ ၁၇၀၀၀ကျပ်, နှမ်းဆီ ၁၆၀၀၀ကျပ် ပဲပုတ်ဆီ ၁၂၀၀၀ကျပ်၊ ပန်းနှမ်းဆီ ၁၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်) ရမည်းသင်းဘက်မှ ဝင်ရောက်ပြီး အဝင်နည်းခဲ့ခြင်းကြောင့် တစ်ပိဿာ ၁၄၀၀၀ကျပ်ထိ ဈေးမြင့်နေပြီး ငရုတ်ခြောက် (လတ်)မှာ တစ်ပိဿာ ၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ Air con ဖြင့်ထားသော ငရုတ်ခြောက်လတ်မှာ တစ်ပိဿာ ၁၅၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။ ဧရာဝတီတိုင်းမှ ဝင်ရောက် သော ငရုတ်ခြောက်(ပွ)မှာ သဘာဝသီးတစ်ပိဿာ ၁၅၀၀၀ကျပ်၊ Air con ပွ တစ်ပိဿာ ၂၀၀၀၀ ကျပ် ထိ ဈေးမြင့်နေသည်။
မြစ်သားကြက်သွန်မရှိသလောက် ရှားနေပြီး ထီးဆောင်း၊ မြင်းမူနယ်စုံ ကြက်သွန်များ လက်ကျန်နည်းသွားခြင်း၊ မြို့တွင်းသုံးဝယ်ယူမှုများခြင်းကြောင့် ကြီးတစ် ပိဿာ ၂၃၀၀မှ ၂၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၃၀၀ကျပ်၊ သေးတစ်ပိဿာ ၁၇၀၀ ကျပ် မှ ၂၀၀၀ကျပ်သို့ ဈေး အသီးသီးမြင့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိသာ ၁၇၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်ဖြူ (ရှမ်း)မှာ လက်ကျန်နည်းခြင်း အရောင်းအဝယ် ဖြစ်မှု ရှိခြင်းကြောင့် အရည်အေသွးအနိမ့်ဆုံး ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ အရည်အသွေး အကောင်း ဆုံး ၁၄၀၀၀ကျပ် ဈေးရှိသည်။ ရွှေဘိုရွှေပန်းကုံးမှ ထွက်သော ကြက်သွန်ဖြူ(မြန် မာ)များလည်း တွေ့ ရပြီး အရည်အသွေး ပေါ်မူတည်၍ တစ်ပိဿာ ၁၆၀၀၀ မှ ၁၈၀၀၀ထိ ဈေးမြင့်နေသည်။
အာလူးဈေးနှုန်းမှာ အောင်ပန်း၊ တရုတ်နှင် မျိုးစုံဝင်ရောက်မှုရှိပြီး တရုတ်အားလူး အဝင်နည်း ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် တစ်ပိဿာ ၆၅၀၀ကျပ်ရှိပြီး အောင်ပန်းအာလူးမှာ အိုကေ တစ်ပိဿာ ၆၀၀၀၊ အေးဝမ်း ၅၅၀၀၊ ဇွဲ ၅၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။
ချင်းဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲမှာ လက်ကျန်နည်းခြင်း၊ ပဲခွဲစက်များဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ယခင်အပတ် ၃၇၀၀၀၀ကျပ်မှ ယခုအပတ် ၃၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲတီစိမ်း(အညာ)မှာ မိုးပဲတီစိမ်း ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ ထွက်ရှိရာ ဒေသအလိုက် ဈေးကွာခြားခြင်းတို့ကြောင့် အရည် အသွေးအညံ့ဆုံး ၃ တင်းတစ်အိတ် ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အရည်အသွေးအကောင်းဆုံးမှာ ၂၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။
ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာ လက်ကျန်နည်း ပစ္စည်းရှားခြင်း၊ အရောင်း အဝယ်အေးခြင်း၊ စိုက်ပျိုး ထားဆဲကာလဖြစ်ခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပဲစဉ်ငုံ (ဖြူ) ၃တင်းတစ်အိတ် ၄၃၅၀၀၀ကျပ်၊ ပဲစဉ်းငုံ(နီ) ၄၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲ (လုံးဖြူကြီး)မှာ လက်ကျန်နည်း ပစ္စည်းရှားခြင်း၊ လုပ်ငန်းသမားပုံမှန် ဝယ်ယူမှု ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၃၁၂၀၀၀ကျပ်မှ ၃၁၅၀၀၀သို့လည်းကောင်း ၊ ကုလားပဲ (လုံးဝါကြီး) မှာ အဝင်ပုံမှန် မြို့တွင်းစားသုံးရန် ခွဲစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ် ခွဲခြမ်းတစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့အနက် ပဲပုတ် (မြန်မာ)မှာ မိုးပဲဝင်ချိန်ဖြစ်သော်လည်း မဝင်သေးခြင်း၊ ဆောင်းပဲလက်ကျန်နည်းခြင်းတို့ကြောင့် ၃ တင်းတစ်အိတ် ယခင်အပတ် ၃၉၀၀၀၀ကျပ်မှ ယခုအပတ် ၄၃၀၀၀၀ကျပ် သို ဈေးမြင့်သွားပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝင်နည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၃၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲယင်းကြီးမှာ အသစ်မဝင်သေးခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၈၃၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမသိ မသာမြင့်သွားပြီး မြေထောက်ပဲမှာ လုပ်ငန်းသမား/ ပဲကြော်/လှော်သမား အဝင်နည်းခြင်းကြောင့် အရောင်းအဝယ်အေးပြီး အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၃၆၅၀၀၀ကျပ်မှ ၃၅၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ စားတော်ပဲ (ကျွန်း)မှာ အဝင်နည်း လက်ကျန်နည်းခြင်း၊ လက်လီသမား အဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၄၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲကြီး(ကြီး/သေး)တို့မှာ မိုးပဲဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း လုပ်ငန်းသမား အဝင်နည်းခြင်းတို့ကြောင့် ၃ တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်၊ ပဲကြီး(သေး)မှာလည်း လက်လီသမား အဝယ်ရှိခြင်းကြောင့် တစ်အိတ် ၂၄၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ(ကြီး/သေး) တို့မှာ လုပ်ငန်းသမားအဝယ်နည်းခြင်း အသစ်ဝင်ချိန်နီး၍ လှောင်းသမားထုတ်ရောင်း မှုရှိခြင်းတို့ကြောင့် ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ယခင်အပတ် ၄၃၀၀၀၀ကျပ်မှ ၄၀၀၀၀၀ကျပ်သို့ ဈေးနိမ့် သွားပြီး ထောပတ်ပဲ (သေး)မှာ လက်လီသမား အဝယ်ရှိခြင်းကြောင့် ၃၂၀၀၀၀ကျပ်မှ ၃၄၅၀၀၀ ကျပ် သို့ ဈေးမသိမသာ နိမ့်သွားသည်။
ဂျုံနှင်အစေ့ထုတ်ပြောင်း
ဂျုံလက်ကျန် နည်းသော်လည်း လက်ကျန်အရည်အသွေးညံ့ခြင်း၊ မိုးများသဖြင့် အရောင်းအဝယ်အေးခြင်း မြို့တွင်း ဂျုံစက်များ အဝယ်နည်းခြင်းတို့ကြောင့် မြင်းမူ၊ မြောင်၊ ငါန်းဇွန်း၊ ဆာတောင်၊ မုံရွာ၊ ဘုတလင်၊ ဂျုံများ ယခင်အပတ် ၃တင်းတစ်အိတ် ၂၂၀၀၀၀ကျပ်မှ ယခုအပတ် အရည်အသွေးနိမ့် ၂၀၅၀၀၀ကျပ် အရည် အသွေးကောင်း ၂၁၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ရှမ်းဂျုံများမှာ ဂျုံထွက်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၁၉၈၀၀၀ကျပ်မှ ၁၉၅၀၀၀ကျပ်သို့ ဈေးနိမ့် သွားသည်။ အစေ့ ထုတ်ပြောင်းဈေးအနေဖြင့် အဝင်ပုံမှန်အစာစပ်သမား ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၈၇၀၀၀ကျပ်မှ ၈၉၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။
သစ်သီးဝလံ
ဝမ်းတွင်း၊ ချောင်းဦး၊ အုန်းတောမှ ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက် နေပြီး အရည်အသွေးပေါ်မူတည်၍ ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ညောင်ပင်ဝန်း၊ ဆားတောင်မှ သင်္ဘော သီးတစ်လုံး ၁၅၀၀ကျပ်၊ ၂လုံးတစ်ထုပ် ၂၀၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံး ပါအိတ်တစ်အိတ် ၃၀၀၀၀မှ ၄၀၀၀၀ကျပ်၊ ရွာငံဘက်မှ ပင်မှည့်သီး ၂၀၀လုံး ပါကင်တစ်အိတ် ၄၀၀၀၀ကျပ်၊ လိမ္မော်သီး ၂၀ ပိဿာ ဝင်တစ်ခြင်း ၁၀၀၀၀၀ကျပ်၊ ပန်းသီးအိတ်စွပ် ၂၈ လုံးပါတကဒ် ၈၀၀၀၀ကျပ်ဖြင့် ပြင်ဦးလွင်၊ ပုဂံ၊ ညောင်ဦးနှင့် မန္တလေးဝန်းကျင်မှ အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။
ခင်မေကြည်