ညောင်ရွှေခရမ်းချဉ် လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ စားသုံးသူများ ဈေးနှုန်းသက်သာ

ညောင်ရွှေခရမ်းချဉ် လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ စားသုံးသူများ ဈေးနှုန်းသက်သာ

ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ဒေသခံများ ဈေးပေါပေါဖြင့် ဝယ်ယူရရှိနေသည်။

ယခုကာလသည် ကုန်းမြင့်ဒေသ ခရမ်းချဉ်သီးဆွတ်ခူးရာသီချိန်ရောက်ရှိနေပြီဖြစ်ပြီး၊ကုန်းမြင့်ဒေသ နှင့် အင်းလေးဒေသ နှစ်ခုလုံးမှ ခရမ်းချဉ်သီးများ ထွက်ရှိနေသော ကြောင့် ထုတ်လုပ်မှု ပေါများလျက်ရှိသည်။ မိုးများလည်းရွာသွန်းလျက်ရှိပြီး ခရမ်းချဉ်သီးဈေးမှာ ထက်ဝက် နီးပါး လျော့ကျသွားခဲ့သောကြောင့် စားသုံးသူများအနေဖြင့် သက်သာသည့် ဈေးနှင့် ဝယ်ယူနိုင် ပါကြောင်း၊ ညောင်ရွှေမြို့နယ် မိဘမေတ္တာ ဟင်း သီးဟင်းရွက်လက်ကားရောင်းဝယ်ရေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် ခရမ်းချဉ်သီး စိုက်ဧက ၂၀၀,၀၀၀ နီးပါး ရှိပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အခြား တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်လျက်ရှိကြောင်း ညောင်ရွှေမြို့မှ ခရမ်းချဉ်သီး လက်ကားကုန်စည်ဒိုင်မှ သိရှိရသည်။ 

ညောင်ရွှေနှင့် အင်းလေး အပါ အဝင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိသော ခရမ်းချဉ်သီးများကို အခြားဒေသများသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ယခုအချိန် ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းရခြင်းမှာ ကုန်းမြင့်ဒေသ စိုက်ခင်းများမှ အမြောက်အမြားထွက်ရှိသော အကြောင်းအရင်းကြောင့်လည်းဖြစ်ပြီး အခြားဒေသများသို့ ပို့ဆောင် ပေးပြီး အရောင်း အဝယ်မှာလည်း ပါးနေပုံရကြောင်း၊ အခြားသော ဟင်းသီးဟင်းရွက်များလည်း ခူးဆွတ်နေပြီ ဖြစ်သော်လည်း ခရမ်းချဉ်သီး အထွက်နှုန်းမှာမူ သိသိသာသာများနေကြောင်းသိရှိရသည်။

အေးအေးခိုင်

https://www.gnlm.com.mm/tomato-production-abundant-in-nyaungshwe-consumers-enjoy-cheaper-price/