ကွမ်းသီးများ ကော့သောင်း-ရနောင်းမှတစ်ဆင့် ထိုင်းသို့ တင်ပို့လျက်ရှိ

မြန်မာနိုင်ငံမှကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးကုန်သည်များထံမှ သိရှိရသည်။
လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့်ထိုင်းနိုင်ငံသို့ တင် ပို့လျက်ရှိသည်။
ဘုတ်ပြင်းမှ ကွမ်းသီးအမြောက် အများကို ကော့သောင်း-ရနောင်းမှတဆင့် ပို့ပေးကြောင်း၊ ယခင်ပို့ကုန်လမ်းကြောင်းမှာမြိတ်-ရန်ကုန်-ထိုင်း လမ်းကြောင်းအတိုင်း ပို့ဆောင်ကြောင်း၊ ထိုင်းနိုင်ငံမှ ကွမ်းသီးထုတ်လုပ်မှုမရှိကြောင်းနှင့် ပြည်ပသို့တင်ပို့သည့် ကွမ်းသီးအများစုမှာ ခွဲခြမ်းများဖြစ်ကြောင်း မြိတ်မြို့မှ ကွမ်းသီးကုန်သည် တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကော့သောင်း-ရနောင်းနယ်စပ်သည် ထိုင်းနိုင်ငံသို့ ရေထွက်ကုန်များ တင်ပို့ရန် နှင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက် ကုန်များ တင်သွင်းရန် အသုံးပြုလျက်ရှိသည်။
ပင်လယ်ထွက်ကုန်များ၏ အဓိကဦးတည်ရာမှာထိုင်းနိုင်ငံဖြစ်ပြီး အများဆုံး စားသုံးကြသူများဖြစ် သည်။ ယခုထုတ်ကုန်များကို ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် တင်ပို့သည်။ ထိုင်းနိုင်ငံမှ သွင်းကုန်များတွင် စက် လှေသုံးအပိုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။ စားသောက် ကုန်ပစ္စည်းများကိုလည်း ယခုလမ်းကြောင်းမှ တင် သွင်းသည်ဟု ကော့သောင်းမြို့မှ ရေထွက်ကုန် ကုန်သည် တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးခိုင်
Global New light of Myanmar (၁၁-၆-၂၀၂၄)။