မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်နှင့်ဆီ

ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ တောင်သူထုတ်ရောင်းမှုရှိ ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၁၆၀၀၀၀ကျပ်မှ ယခုအပတ် ၁၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မနောသုခဆန်မှာ နွေစပါးအသစ်များ အဝင်များလာခြင်း၊ အဟောင်းလက်ကျန်များလည်း ဈေးကွက်အတွင်းရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၂၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။    ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်သာရှိခြင်း ကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်ခြင်း၊ ဇီယာမျိုးနွယ်ဝင် ဧည့်မထမှာ ပြည်ပတင်ပို့မှု ရှိသောဆန်ဖြစ်ခြင်း၊ မိုးစပါးစိုက်ချိန်ဖြစ်ခြင်းကြောင့် နယ်ဝေးတင်ပို့ရမှု နည်းသော်လည်း တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အသစ်နှင့်အဟောင်းနှစ်မျိုးလုံးဝင်ရောက်မှုရှိပြီး မြို့တွင်းစားသုံးမှုပုံ မှန်ရှိခြင်း၊ နယ်ဝေးတင်ပိုရမှုနည်းခြင်းကြောင့် အသစ်တစ်အိတ် ၁၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ဆီဈေးနှုန်းများအနေဖြင့် မိုးမြေပဲစိုက်ပျိုးစဖြစ်ပြီး ဆောင်းလက်ကျန်နည်းသဖြင့် မြေပဲ (ဆီဆံ) ဈေးမြင့်ခြင်းကြောင့် ပဲဆီတစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၅၀၀ကျပ်သို့ ဈေးမြင့်သွား သည်။ နှမ်းဆီဈေးမှာ နွေနှင့်(သစ်)များဝင်ချိန်ဖြစ်၍ နှမ်းညိုဈေးနိမ့်သဖြင့် နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ဖြင့် ဈေးနိမ့်သွားသည်။ ဆီနေကြာဈေးမြင့်သဖြင့် နေကြာဆီမျာ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဆောင်းပဲပုတ်(ရှမ်း)လက် ကျန်နည်းခြင်း၊ မိုးပဲပုတ် စိုက်ပျိုးစဖြစ်ခြင်းကြောင့် ပဲပုတ်ဆီတစ်ပိဿာ ၆၅၀၀ ကျပ်မှ ၁၁၀၀၀ကျပ်ထိ ဈေးများစွာမြင့် သွားသည်။

ဆီထွက်သီးနှံ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ မိုးမြေပဲစိုက်ပျိုးချိန်၊ ဆောင်းလက်ကျန်နည်းချိန် စပ်ကူး မတ်ကူးကာလဖြစ်၍ မြေပဲ(လုံးဆန်) ၁၀၀ပိဿာ ၇၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေပြီး၊ မြေပဲ(ဆီဆန်)မှာလည်း မိုးနှင့်ဆောင်းကြား ကာလဖြစ်၍ မြေပဲ(ဆီဆန်) ၁၀၀ ပိဿာ ၇၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းသော်လည်း နွေနှမ်းအဝင်နည်းသေးခြင်းကြောင့် ၄၅ပိဿာ ၃၉၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။ နှမ်းညိုမှာ အသစ်နှင့်အဟောင်းနှစ်မျိုးလုံး ဝင်ရောက်မှုရှိပြီး ဆီစတ်သမားအဝယ် ပုံမှန် ရှိခြင်းကြောင့် အသစ် ၄၅ ပိဿာ ၃၄၀၀၀၀ကျပ်မှ ၃၃၀၀၀၀ ကျပ်၊ အဟောင်း ၃၁၀၀၀၀ ကျပ်မှ ၃၀၅၀၀၀ကျပ်သို့  ဈေးမသိမသာ နိမ့်သွားသည်။ နှမ်းနက်(စမုံ)မှာ အသစ်စတင်ဝင်ရောက်ခြင်း၊ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်နည်းခြင်း ကြောင့်  ၄၅ ပိဿာ ၄၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် အရည် အ သွေးပေါ်မူ တည်၍ ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်မှ ၂၀၇၀၀၀ ကျပ်ဖြင့် ဈေး
တည်ငြိမ်နေသည်။

ဆီနေကြာဈေးနှုန်းမှာ ဆောင်းနေကြာအထွက်နည်း၊ အဝင်နည်း၊ လက် ကျန်နည်းခြင်း၊ မိုးနေကြာစိုက်ပျိုးစဖြစ်ခြင်းကြောင့် ၂၇ပိဿာ ၁၂၀၀၀၀ကျပ်
မှ ၁၃၀၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။

စားဖိုဆောင်သီးနှံ

မန္တလေးကိုင်းတန်းဈေးကွက်တွင် ငရုတ်ခြောက် (ရှည်)မှာ ကျောက်ဆည်၊ မြစ်သား၊ ရမည်းသင်းတို့မှ အဝင်ရှိခြင်းကြောင့် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ စစ်ကိုင်းဘက်မှ စကသီး တစ်ပိဿာ ၈၀၀၀ကျပ် ဈေးရှိပြီး၊ ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီတိုင်းမှ လာသော Air.con ဖြင့်ထားသော အသီးများဖြစ်၍ တစ်
ပိဿာ ၁၃၀၀၀ကျပ် ဈေးရှိသည်။

ကြက်သွန်နီမှာ နယ်စုံမှ ဝင်ရောက်မှုရှိပြီး ကြီးတစ်ပိဿာ ၂၆၀၀ကျပ်၊ လတ် တစ်ပိဿာ ၂၂၀၀ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် မြို့တွင်းသုံး
နှင့် ရံဖန်ရံခါ ရွှေတော၊ လားရှိုး၊ လက်ပံလှ၊ စဉ့်ကူးသို့ တင်ပို့ရမှုရှိသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အသစ်ပါ်ချိန်ဖြစ်၍ ပင်ရင်းဈေးနိမ့်ခြင်း ယခင်အပတ်ထက် အဝင်နည်းခြင်းကြောင့် တစ်ပိဿာ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ကြက်သွန်ဖြူ (မြေပြန့်)မှာ ၁၀၀၀၀ 
ကျပ်မှ ၁၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေသည်။

အာလူးမှာ အောင်ပန်းမှ ဝင်ရောက်ပြီး အဝင်နည်းသဖြင့် တစ်ပိဿာ ၃၀၀၀ကျပ်၊ တရုတ် အာလူး ၂၈၀၀ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုများသည်။

ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလားသို့ တင်ပို့ရမှုပုံမှန်ရှိသော်လည်း ဥမများပေါ်ချိန်ဖြစ်၍ ဥမတစ်ပိဿာ ၆၀၀၀ကျပ် ဈေးရှိပြီး အခက်ကြီးမှာ တစ်
ပိဿာ ၈၅၀၀ကျပ်မှ ၇၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲမျိုးစုံ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲ ဈေးနှုန်းမှာ ရန်ကုန် ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၃တင်း တစ် အိတ်၂၉၀၀၀၀ကျပ်မှ ၂၇၅၀၀၀ကျပ်သို့ ဈေးနိမ့်ကျသွားသည်။

ပဲတီစိမ်း (အညာ)မှာ တရုတ်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုသာရှိခြင်းကြောင့် မိုးပဲစိုက်ပျိုးစ ဆောင်းလက်ကျန်နည်းသော်လည်း အရည် အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၃တင်း ၁အိတ် ၁၈၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
 

ပဲစဉ်းငုံ (ဖြူ) မှာ အရောင်းအဝယ်ဖြစ်မှု မရှိသဖြင့် ဈေးနှုန်းဖော်ပြနိုင်မှု မရှိဘဲ ပဲစဉ်းငုံ (နီ)မှာ ရန်ကုန် ဝယ်လက်နည်းသော်လည်း ပစ္စည်းရှားခြင်း
ကြောင့် ၃တင်းတစ်အိတ် ၄၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ် (ရှမ်း/ မြန်မာ)၊ ပဲလွန်း (ဖြူ/ ပြာ) တို့မှာ မိုးနှင့်ဆောင်း ပဲကြားစပ်ကူးမတ်ကူး ကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း၊ ပဲပုတ်(ရှမ်း) အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၂၁၃၀၀၀ကျပ်၊ ပဲပုတ် (မြန်မာ) ၂၀၅၀၀၀ကျပ်၊ ပဲလွန်းဖြူ ၂၇၀၀၀၀ကျပ်၊ ပဲလွန်းပြာ 
၂၄၀၀၀၀ ကျပ်ဖြင့် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

ကုလားပဲ (ကုဖြူကြီး) မှာ လုပ်ငန်းသမားနှင့် ခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၅၅၀၀၀ကျပ်မှ ၂၄၅၀၀၀ကျပ်၊ လုံးဝါကြီးမှာ ၂၃၅၀၀၀ကျပ်မှ ၂၃၀၀၀၀ ကျပ်၊ ခွဲခြမ်း တစ်ပိဿာ ၅၈၅၀ကျပ်မှ ၅၈၃၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲယင်းကြီးမှာ  အဝင်နည်းသွားခြင်း၊ ကြာဇံသမားအဝယ်ရှိခြင်း အရည် အသွေးပေါ် မူတည်၍ ဈေးကွာခြင်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ်၃တင်း တစ်အိတ် ၁၅၅၀၀၀ ကျပ်မှ ၁၆၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မြေတောက်ပဲမှာ အဝင်ပုံမှန်၊ လုပ်ငန်းသမား ပဲကြော်/လှော်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၃၀၀၀၀ ကျပ်၊ စားတော်ပဲ (ကျွန်း) မှာ စိုက်ဧကနည်း အဝင်နည်းခြင်း၊ လက်လီသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၂၈၅၀၀၀ကျပ်မှ ၂၉၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲကြီး (ကြီး/ သေး) ထောပတ်ပဲ (ကြီး/ သေး) တို့မှာလည်း ပဲကြီး (ကြီး) မှာ မြို့တွင်း ပဲကြော်/ လှော် သမားများ ဝယ်ယူမှုရှိခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၇၀၀၀၀ကျပ်မှ ၂၈၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲကြီး(သေး)မှာ ၂၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ (ကြီး/ သေး) တို့မှာ ယခင်လက ပြည်ပပို့ရန် အဝယ်ရှိခဲ့ခြင်းကြောင့် ပစ္စည်းရှား၊ ဈေးမြင့် နေခဲ့ပြီး ယခုအခါ မြို့တွင် လုပ်ငန်းသမား အဝယ် သာရှိပြီး မိုးပဲစိုက်ချိန်ဖြစ်၍ ထောပတ်ပဲ (ကြီး) ၃တင်းတစ်အိတ် ၄၅၀၀၀၀ကျပ်မှ ၄၁၀၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၄၅၀၀၀၀ကျပ်မှ 
၃၉၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ဟင်းသီး/ ရွက်နှင့် သစ်သီးဝလံ

မန္တလေးကိုင်းတန်းဈေးတွင် ခရမ်းချဉ်(ထိုင်ဝမ်)၊ ခရမ်ချဉ်(မြန်မာ)သီးများ မဝင်သေး ခြင်း၊ ရှမ်းတောင် တမျိုးထဲသာ ဝင်ရောက်ခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာ ၈၀၀၀၀ကျပ် ထိ ဈေးမြင့်နေသည်။ ငရုတ်စို (ရှည်) မှာ မုံရွာ ချောင်းဦးအပြင် ရမည်းသင်း ပျော်ဘွယ်မှ ပါဝင် ရောက်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေး ကြောင့် နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် ငရုတ်စို (ရှည်) တစ်ပိဿာ ၂၈၀၀ကျပ်၊ လတ် တစ်ပိဿာ ၃၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပန်းမုံလာ၊ ဂေါ်ဖီထုပ်တို့မှာလည်း အထွက်နည်း၊ အဝင်နည်း၊ မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ စားသောက် ဆိုင်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် ပန်းမုံလာတစ်ပွင့် ၁၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ် ၂၅၀၀ ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၇၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။

သစ်သီးဝလံများအနေဖြင့် ဖရဲသီး၊ သခွားမွှေးသီးများ ရာသီကုန် အဝင်နည်းနေပြီး ဖရဲသီး အလုံးသေး တစ်ပိဿာလုံး ၈၀၀ကျပ်၊ ဝူခုန်း (ဖရဲသခွား) ၃လုံးတစ်ဖာ ၁၆၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။ မြင်းမူ၊ ညောင်ပင်ဝန်း တို့မှ သင်္ဘောသီးများဝင်ရောက်ပြီး တစ်လုံး ၁၅၀၀ကျပ် ၂လုံးတွဲ၁၈၀၀ကျပ်ဈေးဖြင့် အမှာရှိသော မြို့တများသို့ တင်ပိုသည်။ ပြင်ဦးလွင်မှ ဂျပန်နာနတ်များ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး မြို့တွင်း လက်လီဆိုင်နှင့် နာနတ်ယိုသမားများ ပုံမှန်ဝယ်ယူပြီး အရည်အသွေးပေါ်မူတည်၍ ၅၀၀ကျပ်မှ ၈၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချနေသည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းမှာ စိုက်ဧက နည်း အထွက်နည်း အဝင်နည်းခြင်း၊ ဂျုံစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ငါန်ဇွန်း၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာဂျုံများ ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေပြီး ကလေးဂျုံတစ်အိတ် ၁၅၀၀၀၀ကျပ်၊ ရှမ်းဂျုံတစ်အိတ် ၁၆၅၀၀၀ကျပ်မှ ၁၇၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ကျပ်၊ ဂျုံဖွဲတစ်
ပိဿာ ၁၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် လမ်းပမ်းဆက်သွယ်ရေးကြောင့် ပြည်ပပို့ရန် ဝယ်ယူမှု နည်း၍ ပင်ငရင်းဈေးနိမ့်ခြင်း၊ အစာစပ်သမားဝယ်ယူမှု ပုံမှန်ရှိခြင်း၊ မိုးပြောင်းစိုက် ပျိုးချိန်ဖြစ်ခြင်း တို့ကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၇၂၀၀၀ကျပ်မှ ၆၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ခင်မေကြည်