ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှုန်းနှင့် အောက် စ တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ဧည့်မထဆန်ဟောင်း အ လတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်းအသီးသီး ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် အနိမ့်ဆုံး ၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၅၀၀၀ ကျပ်ခန့်အထိ ဈေးနိမ်ခဲ့ပြီး ငစိန်ဆန်များနှင့် ဧည့်မထ ဆန်အလတ်စများသာ ယခင်အပတ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခြင်းဖြစ်သည်။ ယခု နှစ်မိုးရာသီတွင် မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါး၊ အလုပ်သမားငှားရမ်းခ စသော အထွေထွေ စရိတ်များဈေးမြင့်လာခြင်းနှင့်အတူ ပြည်ပတင်ပို့မှုပုံမှန်ရှိခြင်း၊ လှောင်လက်များမှ ရောင်းလို အားနည်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်း၊ မိုးရွာသွန်းမှုများကြောင့် ကုန်အဝင်နည်း ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းဆန်ဈေးများမြင့်တက်နေခဲ့ခြင်းဖြစ် သည်။ ဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးနှင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် ဆန်၊ ဆီများ ဝယ်ယူစားသုံးနိုင်ရေး သိုလှောင်ဈေးကစားမှုများမဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်ကုန်သည်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများနှင့် လက်လီ ဈေးကွက်များတွင် ရည်ညွှန်းဈေးနှုန်းများထက်(၅)ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးနိုင်ရန်စီစဉ်လျက်ရှိသည်။ ယခုကာလတွင်မူ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့တွင် ၂၄-၆-၂၀၂၄ ရက်နေ့မှ စတင်ကာ ပြင်ပပေါက်ဈေးထက် ဈေးလျှော့ရောင်းချပေးမှုများရှိလာခဲ့ပြီဖြစ်သည်။ ရန် ကုန်တိုင်း ဒေသကြီးအတွင်းရှိ အ သင်းဝင်ဆန်လက်လီဆိုင် အချို့၌ လည်း ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းနှင့် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ်နှုန်းတို့ဖြင့် စတင်ရောင်းချပေး လျက်ရှိသည်။ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊လပွတ္တာ၊ ရွှေူဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့အကောက်ခွန်လွတ်တင်သွင်းခွင့်ရသောကာလဖြစ်ခြင်း၊ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ်အချို့မှ တင်ပို့မှုရှိသော်လည်းပြည်ပဝယ်လက်များမှ ဈေးနှိမ့်ဝယ် ယူမှုရှိလာခြင်းကြောင့် အစေ့ထုတ် ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၇၇၇၆၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၆၁၄၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင်လည်း မျိုးစေ့နှင့် မြေဩဇာစသော သွင်းအားစုဈေး နှုန်းများ ဈေးမြင့်လာခြင်းကြောင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုများလည်းလျော့နည်းလာဖွယ်ရှိကြောင်း သိရှိရသည်။
ကြက်သွန်နီ (ထူး၊လတ်၊ သေး)မှာ မိုးရွာသွန်းမှုများကြောင့် ကုန်ဝင် နည်းလာသော် လည်း အရည်အသွေးအနိမ့်စများခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ကြက်သွန်နီ(ထူးနှင့်လတ်)မှာ ယခင်အပတ်ထက် အနည်းငယ် ဈေးနိမ့်လာခဲ့ပြီး ကြက်သွန်နီ (သေး)မှာ စား သုံးသူများမှ ဝယ်လိုအားများခြင်းကြောင့် ယခင်အပတ်ထက် အနည်း ငယ် ဈေးမြင့်လာခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ မင်းဘူး၊ ရွှေဘို၊ တောင်သာ၊ မုံရွာ ဒေသများမှကုန်ဝင်ရောက်မှုနည်းခဲ့ကြောင်း သိရသည်။ကြက်သွန်နီ(ထူ၊လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၂၅၀-၂၂၅၀-၁၈၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၂၁၃-၂၂၁၃-၁၈၂၅ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ပွ)ဈေးနှုန်းများမှာ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်မျှသာရှိပြီး အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ ငရုတ်ခြောက်(လတ်)မှာ ယခုရက်သတ္တပတ်တွင်မှ မြစ်ဝ(မိုးထောင်)ငရုတ်တစ်မျိုးသာ ဈေး ကွက်သို့ စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ငရုတ်ခြောက်(ရှည်၊ ပွ) တစ်ပိဿာလျှင် ယခုနှင့် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၄၂၅၀-၁၀၇၅၀ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်(လတ်)တစ်ပိဿာလျှင် ယခုအပတ် ပျမ်းမျှဈေးနှုန်းမှာ ၈၇၅၀ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ (ကြူကုတ်)မှာ ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်ခဲ့သော်လည်း ကြက်သွန်ဖြူ (ရှမ်း)မှာယခင်အပတ်ဈေးနှုန်းများဖြင့်သာဈေးငြိမ်အ ရောင်းအဝယ်အေးခဲ့သည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာအ ဟောင်းရော အသစ်ပါဈေးကွက်သို့ကုန်ဝင်ရောက်မှုရှိခြင်း၊ကုန်အဝင်အနည်း ငယ်ပိုလာခြင်းနှင့် တင်သွင်းဈေးအနည်းငယ်နိမ့်လာခြင်းတို့ကြောင့် ယခင်အပတ်ထက်အနည်း ငယ်ဈေးနိမ့်လာခဲ့သည်။ ကြက် သွန်ဖြူ(ရှမ်း)မှာ အောင်ပန်ဒေသမှ ကုန်အဝင်ပုံမှန်ရှိခြင်းနှင့် အရောင်း အဝယ်အေးခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ် အေးခဲ့သည်။ကြက် သွန်ဖြူ(ကြူကုန်)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၉၉၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၉၄၀၀ကျပ် ဖြစ်သည်။ ကြက်သူဖြူ(ရှမ်း) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေး နှုန်းမှာ ၁၀၂၅၀ ကျပ်ဖြစ်သည်။ အာ လူးဈေးနှုန်းများမှာ ရန်ကုန် ဈေး ကွက်သို့ တရုတ်အာလူးများသာ ကုန်အဝင်ရှိခြင်း၊ ကုန်အဝင်ပုံမှန်ရှိခြင်းနှင့် အရောင်းအဝယ် အေးခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအ ဝယ် အေးခဲ့သည်။ အာလူး (အက်စ်ဝမ်း၊ အိုကေ၊ အေဝမ်း) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၅၅၀-၂၅၅၀-၁၉၆၀၀ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်ဈေးကွက်ရှိ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပန်းတနော်၊မြစ်ဝ (မိုးထောင်)၊ ဆင်ဖြူကျွန်း၊ မြစ်ဝပု(သစ်) ငရုတ်ခြောက်များ ကုန်ဝင်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သို လှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီး ကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၃၇၀ ကျပ်ဖြစ်သည်။ ယခင် အပတ်ထက် တစ်ပိဿာလျှင် ၃၀၀ ကျပ် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေး လျက်ရှိသည်။ မေလစတုတ္ထပတ်မှ စတင်ကာ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။
အေးသန္တာဝင်း