စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများ တရုတ်ဈေးကွက်တွင် ပုံမှန်စျေးကွက်ဝေစု ရရှိနေ
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများသည် တရုတ် ဈေးကွက်တွင် ပုံမှန်ဈေးကွက်ဝေစုရရှိနေကြောင်း
နယ်စပ်ရှိ သစ်သီးကုန်သည်တစ်ဦးထံမှ သိရှိ ရသည်။
တရုတ်ဈေးကွက်၌ မိုင်းလား-တာလော လမ်းကြောင်းမှတစ်ဆင့် တင်ပို့သည့် သရက်သီး များအနက် အရည်အသွေးကောင်း စိန်တလုံးသရက်သီး တစ်ကတ်လျှင် (၉၀-၁၂၀)ယွမ် နှင့် ရွှေဟင်္သာ သရက်သီး တစ်ကတ်လျှင် (၈၀-၁၀၀)ယွမ် ပေါက်ဈေးရှိနေသည်။
လက်ရှိတွင် စိန်တလုံး နှင့် ရွှေဟင်္သာသရက်သီးများသည် ဝယ်လက်နှင့် ဈေးကွက် ရှိသည့်အပြင် ဈေးနှုန်းလည်း အသင့်အတင့်ရရှိနေသဖြင့် ၎င်းတို့ကို တင်ပို့လျက်ရှိကြောင်း၊ ဧပြီ လမှစ၍ အဆိုပါ သရက်သီး တန်ချိန် ၇၀၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုနှစ်၌ မြန်မာ့သရက်သီးများသည် တရုတ်နိုင်ငံ၌ စျေးကွက်ဝေစုရှိသော်လည်း သယ်ယူ ပို့ဆောင်ခအပါအဝင် ကုန်ကျစရိတ်များ မြင့်တက်လာကြောင်း၊ ပို့ကုန်လမ်းကြောင်းနှင့် ကုန်ကျ စရိတ်ကဲ့သို့သော စိန်ခေါ်မှုများကို ကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်နေသဖြင့် အရည် အသွေးမြင့် သရက်သီးများကို ပိုမိုတင်ပို့သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
ပြည်တွင်းမှထွက်ရှိသော သရက်သီးအားလုံးကို စားသုံး၍ မကုန်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းသရက်သီးများကို တင်ပို့ရမည်ဖြစ်ပြီး စျေးကွက်အသစ် ဖွံ့ဖြိုးလာအောင်လည်း ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သရက်သီးကို ဝယ်ယူ၍ ပြည်ပသို့တင်ပို့ပါက ဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်သော်လည်း တောင်သူတစ်ဦးမှ ၎င်း၏ ခြံထွက် သရက်သီးများကို တင်ပို့ပါက ဝင်ငွေ အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစောပိုင်းကာလတွင် ထွက်ရှိသည့် စိန်တလုံး သရက်သီး များသည် ပြည်တွင်း ဈေးကွက်တွင် ဈေးကောင်းရနိုင်သော်လည်း နောက်ပိုင်းတွင် အခြားသရက်သီး အမှည့်များလည်း ဈေးကွက်သို့ ဝင်ရောက် လာသောကြောင့် စားသုံးသူများအနေဖြင့် ရေရှည်၌ ၎င်း သရက်သီး တစ်မျိုးတည်းကိုသာ ဈေးကောင်းပေး၍ ဝယ်ယူခြင်းမပြုကြ
တော့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
၁၅ .၅. ၂၀၂၄ ရက်နေ့ထုတ် Global New Light of Myanmar