မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ရွှေဘိုပေါ်ဆန်းမှာစိုက်ကေနည်းအထွက်နည်း၊အဝင်နည်းခြင်း၊မြို့ တွင်းစားသုံးရန်ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့်တစ်အိတ် ၁၅၀၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့  ဈေးမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်းမှာအဝင်နည်း လက်ကျန်နည်းသော်လည်းမြို့တွင်း စားသုံးမှုသာရှိခြင်းကြောင့်တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့်ဈေးငြိမ်
နေသည်။ 

မနောသုခဆန်မှာအဝင်ပုံမှန်၊ မြို့ တွင်းသုံးပုံမှန်ရှိပြီး မိုးစပါးပြင်ဆင်ချိန်ဖြစ်၍ တစ်အိတ် ၉၄၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။

ငစိန်ဆန်မှာလုပ်ငန်းသမားအဝယ်ရှိခြင်း၊ အဝင်နည်းသွားခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

ဇီယာဆန်မှာရန်ကုန်မှတစ်ဆင့်ဝင်ရောက်ခြင်း၊ ပင်ရင်းဈေးမြင့်ခြင်း၊ နယ်ဝေးတင်ပို့မှုအနည်းငယ်ရှိခြင်း တို့ကြောင့် ၈၈၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

ဧရာမင်းဆန်မှာအဝင်ပုံမှန်၊မိုးစပါးစိုက်ချိန်နီးသဖြင့်တောင်သူထုတ်ရောင်းမှုရှိခြင်းကြောင့်ဆန်အရည်အသွေးပေါ်မူတည်၍ ၁၂၅၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်ထိဈေးအမျိုးမျိုးနှင့်ရောင်းဝယ်နေ သည်။

ဆီထွက်သီးနှံ

မြေပဲ(လုံးဆန်)မှာအဝင်ပုံမှန်၊လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ရ၂၀၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေပြီးမြေပဲ(ဆီဆန်) အဝင်နည်းသွားခြင်း၊ ဆောင်း လက်ကျန်နည်းပြီးမိုးမြေပဲစိုက်ချိန်နီးခြင်း၊ ဆီစက်သမား အဝယ်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၆၀၀၀၀ ကျပ်မှ ၆၇၀၀၀၀ ကျပ်သို့ ဈေး
မသိမသာမြင့်သွားသည်။

နှမ်းဖြူမှာနွေနှမ်းမဝင်သေးခြင်း၊လုပ်ငန်းသမားနှင့်တရုတ်ဝယ်လက် ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၈၅၀၀၀ ကျပ်မှ ၃၉၅၀၀၀ ကျပ်သို့ဈေးမြင့်
သွားသည်။

နှမ်းညိုမှာအဝင်ပုံမှန်၊ ဆီစက်များအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၀၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆောင်းနှမ်းသစ်များ အရည် အသွေးကောင်းသောကြောင့် ၃၃၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ နှမ်းနက်(စပုံ)မှာ လက်ကျန်နည်းခြင်း၊ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့်အ‌ဟောင်း ၄၅ ပိဿာ ၄၃၀၀၀၀ ကျပ်၊ အသစ်များ ၄၅၀၀၀၀ ကျပ်ထိဈေးမြင့်နေသည်။

ပန်းနှမ်းမှာမူ၊ ရောဆီနှင့် ဘယဆေးသမားအဝယ်နည်းသော်လည်း၊ အဝင်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၀၇၀၀၀ ကျပ်ဖြင့်ဈေးငြိမ်နေသည်။

ဆီနေကြာများမှာဆောင်းနေကြာအဝင်နည်းခြင်း၊ မိုးစိုက်ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့်၊ဆီစက်အဝယ်နည်း သော်လည်း၂၇ပိဿာ၂၀၇၀၀၀ကျပ် 
ဖြင့်ဈေးငြိမ်နေသည်။

စားဖိုဆောင်သီးနှံ

ကိုင်းတန်းဈေးတွင် ကြက်သွန်နီမှာ မုံရွာ၊မြင်းမူ၊ ရွှေဘိုနှင့် မြစ်သားနယ်စုံမှဝင်ရောက်ပြီး ရံဖန်ရံခါလား ရှိုးဘက်သို့ တင်ပို့ရမှုမှရှိပြီး မြို့တွင်းသုံးသာရှိခြင်း၊ ဆောင်းလက်ကျန်များအရည်အသွေးညံ့သွားခြင်းကြောင့် ဈေးကွာခြားမှုမရှိဘဲ ကြီးတစ်ပိဿာ ၂၃၀၀ ကျပ် လတ်တစ်ပိဿာ၂၀၀၀ ကျပ် သေးတစ်ပိဿာ ၁၇၀၀ကျပ်ဖြင့်ရောင်းဝယ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်း၊ ရှမ်းဖြူများလည်း အဝင်များခြင်းကြောင့် တစ်ပိဿာ ၁၁၅၀၀ ကျပ်ဖြင့် ဈေး
တည်ငြိမ်နေသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အရည်သွေးပေါ်မူတည်၍ အညံ့ဆုံးတစ်ပိဿာ ၉၀၀၀ ကျပ်မှ အကောင်းဆုံး ၁၂၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိနေ သည်။

အာလူးမှာအောင်ပန်း၊ ပြင်ဦးလွင်တို့မှ မဝင်သေးခြင်း၊ ဘန့်သွေးအာလူးအဝင် နည်းခြင်းကြောင့် အိုကေတစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၈၀၀ ကျပ်၊ အေဝမ်း တစ်ပိဿာ ၂၆၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။

ချင်းဈေးနှုန်းအနေဖြင့် ချင်းစိုက်ချိန်ဖြစ်၍လက်ကျန်အရည်အသွေးကောင်းရှားခြင်း၊ဘင်္ဂလားပို့ရန် ဝယ် ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ 
၈၅၀၀ ကျပ်ဖြင့်ဈေးငြိမ်နေသည်။

ပဲမျိုးစုံ

မတ်ပဲ ရန်ကုန်ဝယ်လက်ရှိခြင်း၊ ငွေဈေးအတက်အကျရှိခြင်း၊အဝင်နည်းသွာခြင်းကြောင့် ယခင်အပတ် ၃တင်း တစ်အိတ် ၃၀၃၀၀၀ ကျပ်မှယခုအပတ် ၃၁၅၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။ ပဲတီစိမ်း(ရွှေဝါ)မှာအဝင်နည်းခြင်း၊ အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် တစ်အိတ် ၂၁၄၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေပြီး၊ ပဲတီစိမ်း (အညာ)မှာ အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဆောင်းလက်ကျန်နည်းပြီး မိုးပဲစိုက်ချိန်ဖြစ်၍ ၁၉၀၀၀၀ ကျပ်မှ ၁၉၅၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာလည်းစိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်းခြင်း၊ စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်ခြင်း၊ ပြည်ပပို့ရန် ရန်ကုန်ဝယ်လက် ရှိခြင်း၊ ငွေဈေးအတက်အကျရှိခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ)၃တင်း  တစ်အိတ် ၃၉၀၀၀၀ ကျပ်မှ ၄၀၅၀၀၀ ကျပ် ပဲစဉ်းငုံ(နီ) ၄၁၀၀၀၀ ကျပ်မှ ၄၂၀၀၀၀ ကျပ် သို့ဈေးမြင့်နေသည်။

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ ဆောင်း လက်ကျန်နည်းပြီးမိုးပဲစိုက်ရန် ပြင် ဆင်ချိန်ဖြစ်ခြင်းကြောင့် လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပဲပုတ်(မြန်မာ)တစ်အိတ် ၁၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် အေးနေ သည်။ ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အ သွေးအကောင်းဆုံး ၃ တင်း တစ်အိတ် ၁၇၈၀၀၀ ကျပ်မှ ၁၈၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲ (လုံးဖြူကြီး/လုံးဝါကြီး)တို့မှာပြည်ပပို့ရန် ရန်ကုန် ဝယ်လက် ရှိခဲ့ခြင်း၊ အဝင်နည်းခြင်း၊ လုပ်ငန်းသမားနှင့် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် လုံးဖြူကြီး ၃တင်းတစ်အိတ် ၂၅၃၀၀၀ ကျပ်ထိ ဈေးမြင့်သွားပြီး လုံးဝါကြီးမှာ ၂၂၉၀၀၀ ကျပ်မှ ၂၃၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာမူ အနိမ့်ဈေးဖြင့် ကြိတ်ခွဲထားသော လက်ကျန်များဖြစ်၍ တစ်ပိဿာ ၅၅၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 ပဲယင်းမှာ အဝင်နည်းသွားခြင်း၊ ပဲခွဲစက်နှင့်ကြာဇံသမားများ အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃တင်း တစ်အိတ် ၁၄၈၀၀၀ ကျပ်မှ ယခုအပတ် ၁၆၃၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး မြေထောက်ပဲနှင့် စားတော် ပဲ (ကျွန်း)မှာ ပဲကြော်သမား၊ လက် လီသမားအဝယ်နည်းခြင်းကြောင့် မြေထောက်ပဲတစ်အိတ် ၃၃၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး စားတော်ပဲ(ကျွန်း)မှာ ၂၅၅၀၀၀ ကျပ်မှ ၂၅၀၀၀၀ ကျပ်သို့ 
မသိမသာနိမ့်သွားသည်။

ပဲလွန်းဖြူ/ပဲလွန်းပြာတို့မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲအတွက်မျိုးဝယ်ယူမှုရှိခြင်း၊ လက်လီသမားအဝယ်ရှိခြင်းကြောင့် ပဲလွန်းဖြူ ၃ တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ်မှ ၂၃၀၀၀၀ ကျပ် ပဲလွန်းပြာ ၁၇၅၀၀၀ ကျပ်မှ ၂၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲကြီး (ကြီး/သေး)လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ပဲကြီး (ကြီး) ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ် ပဲကြီး(သေး) ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ထောပတ်ပဲ(ကြီး/သေး)တို့မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲစိုက်ချိန်ဖြစ်ခြင်း၊ ပြည်ပပို့ရန် အဝယ်ရှိခဲ့ခြင်းကြောင့် ထောပတ် ပဲ(ကြီး) တစ်အိတ် ၄၁၅၀၀၀ ကျပ်မှ ၄၅၀၀၀၀ ကျပ် ထောပတ်ပဲ(သေး) ၃၇၀၀၀၀ကျပ်မှ ၄၂၀၀၀၀ ကျပ်သို့ ဈေးများစွာမြင့်သွားသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ   

ခရမ်းချဉ် (ရှမ်းတောင်) တစ်မျိုးထည်းသာဝင်ရောက်သဖြင့် ၂၀ ပိဿာ တစ်သေတ္တာ ၆၀၀၀၀ ကျပ်ထိဈေးမြင့်နေသည်။ ငရုတ်စို (ရှည်)မှာ ရွှေဘိုဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ်၊ မုံရွာ/ချောင်းဦးမှ ငရုတ်စို (လက်) တစ်ပိဿာ ၇၀၀၀ ကျပ်ထိဈေးမြင့်နေသည်။

ပန်းမုံလာတစ်ပွင့် ၁၅၀၀ကျပ် ဂေါ်ဖီတစ်ထုပ် ၂၀၀၀ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၉၀၀၀ ကျပ်ထိအသီးသီးဈေးမြင့်နေသည်။

ယခုအပတ် သီပေါနာနတ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီအရည်အသွေး ပေါ်မူတည်၍ တစ်လုံး ၅၀၀ မှ ၈၀၀ ထိ အဝယ်များနေသည်။ ဖရဲသီးဝင်ရောက်မှုနည်းပြီး တစ်လုံး ၃၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင် ဝင်ရောက်ပြီး တစ်လုံး  ၂၀၀ကျပ်မှ စ၍အိတ်စွပ်သီးတစ်လုံး ၇၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေ သည်။ ရမည်းသင်း ပျော်ဘွယ်စပျစ်သီးများ တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် မန္တလေးတိုင်းတွင်း မြို့များ
မှ မှာယူတင်ပို့ရမှုရှိသည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်း

ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ သုတလင်၊ မုံရွာ ဂျုံများမှာ အဝင်ပုံမှန် ဂျုံစက်များ ဝယ်ယူမှု ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ်၊ ရှမ်းဂျုံ တစ်အိတ် ၁၄၀၀၀၀ ကျပ်၊ ကလေးဂျုံ တစ်မိတ် ၁၃၀၀၀၀ ကျပ်၊ ဩစတေးလျ ဂျုံမှုန့်တစ်ပိဿာ ၃၃၀၀ကျပ်၊ ဂျုံဖွဲ တစ်ပိဿာ ၁၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။၊

အစေ့ထုတ်ပြောင်းမှာ ဆောင်းလက်ကျန်နည်းပြီး၊ မိုးစိုက်အတွက်ပြင်ဆင်ချိန်ဖြစ်ခြင်း၊ အိန္ဒိယပို့ရန် အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ယခင်အပတ် ၅၉၀၀၀ ကျပ်မှ ယခုအပတ် ၆၅၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ 

ခင်မေကြည်