တရုတ်နိုင်ငံသည် CPTPP သို့ ဝင်ရောက်နိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံသည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) သို့ ဝင်ရောက်နိုင်ရေးကို အရှိန်မြှင့်တင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးနှင့် ထိတွေ့ဆက်ဆံ၍ အမြင်ချင်းဖလှယ်မှုများ ပြုလုပ်နိုင်ရေးလမ်းကြောင်းမျိုး စုံကို အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၁-၃-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် CPTPP မှ ချမှတ်ထားသည့် မြင့်မားသောစံနှုန်းများကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
CPTPP တွင် ပါဝင်ရန် လျှောက်ထားချိန်မှစ၍ တရုတ်နိုင်ငံသည် အဖွဲ့ဝင်အားလုံးနှင့် ဆက် သွယ်ပြီး ဝင်ရောက်ခွင့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ တရုတ်အစိုးရသည် သဘော တူညီချက်ပါ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အသေးစိတ် လေ့လာအကဲဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
CPTPP သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အသက်ဝင်ခဲ့ပြီး နိုင်ငံပေါင်း (၁၁)နိုင်ငံ အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင်နိုင်ငံများမှာ သြစ တြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏မူဝါဒများနှင့် ဥပဒေများကို သက်ဆိုင်ရာနယ်ပယ်များတွင် CPTPP စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် တက်ကြွစွာ ဆောင်ရွက်ထားပြီး ကုန်စည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် စျေးကွက်ဝင်ရောက်ခွင့်အတွက် ကောင်းစွာပြင်ဆင်ထားကြောင်း၊ အဆိုပါကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ပြေးစီမံချက် များကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ကြိုးပမ်းအားထုတ်မှုများသည် အားတက်ဖွယ်ရလဒ်များ ရရှိခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်ရေးဇုန်များ အပြင် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတွင်လည်း CPTPP စံနှုန်းများနှင့်အညီ ရှေ့ပြေး အစီအစဉ်များကို ကျင့်သုံးရန် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံစုံကော်ပိုရေးရှင်းများအတွက် ပိုမိုပွင့်လင်း၍ မျှမျှတတယှဉ်ပြိုင်နိုင်သော စီးပွားရေးပတ် ဝန်းကျင်ကို ဖော်ဆောင်ရန်အတွက် တရားမျှတသော ပြိုင်ဆိုင်မှုကို အဟန့်အတားဖြစ်စေသည့် အလေ့အကျင့်များကို အဆုံးသတ်ရန်နှင့် နိုင်ငံခြားကုမ္ပဏီများသည် စံချိန်စံညွှန်းများသတ်မှတ်ရာ တွင် ပါဝင်နိုင်ပြီး သာတူညီမျှသောအခြေအနေများ ရရှိနိုင်စေရန် တရုတ်အစိုးရမှ ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီအထွေထွေရုံးက ထုတ်ပြန်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာတစ်စောင်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။
စျေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုဖွင့်လှစ်ပေးခြင်းဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများ အတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ယခင်က မစူးစမ်းရသေး သော စျေးကွက်များသို့ စွန့်စားဝင်ရောက်ကာ ကမ္ဘာအနှံ့တည်ရှိမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ပေကျင်းရှိ China Center for International Economic Exchange မှ သုတေသီ Wang Xiaohong မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကုန်သွယ်မှုဆိုင်ရာအတားအဆီးများ မြင့်တက်လာမှုကို တန်ပြန်ရန် တရုတ်နိုင်ငံသည် လွတ် လပ်သောကုန်သွယ်မှုနှင့် စီးပွားရေးပွင့်လင်းမှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ပါဝင်သူအားလုံးကို အကျိုးရှိစေမည့် အပြန်အလှန်ချိတ်ဆက်ထားသော ကမ္ဘာ့ကုန်သွယ် ရေးစနစ်ကို ဖန်တီးရန် ရည်ရွယ်ထားကြောင်း Wang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ တရုတ်-တောင်ကိုရီးယား လွတ်လပ် သောကုန်သွယ်ရေးသဘောတူညီချက်နှင့် တရုတ်-သြစတြေးလျ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (၂၂)ခုကို နိုင်ငံနှင့် ဒေသပေါင်း (၂၉)ခုတို့နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု ပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိသည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
ပိုမိုကောင်းမွန်သောအခြေအနေများ ဖန်တီးရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ စက်မှုအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန် ပြုပြင်ပြောင်းလဲရေးအစီအမံ များစွာကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးမောင်း နှင်အားသစ်များ တိုးပွားလာစေရန်နှင့် စီးပွားရေးဖွဲ့စည်းပုံကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထား ကြောင်း State-owned Assets Supervision and Administration Commission က ထုတ်ပြန် သည့် အချက်အလက်များအရ သိရှိရပါသည်။
နှစ်ဦးနှစ်ဖက်အကျိုးရှိသော ရလဒ်များရရှိစေရန်အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (State-owned Enterprises-SOE)ကို လုပ်ငန်းနယ်ပယ်အများအပြား၌ ပုဂ္ဂလိကစီးပွားရေး လုပ် ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။
ကေခိုင်ကျော်
Source: https://www.chinadaily.com.cn/a/202403/22/WS65fcd713a31082fc043be10f.html