အိန္ဒိယသည် ကြက်သွန်တင်ပို့မှုကန့်သတ်ချက်အား အထွေထွေရွေးကောက်ပွဲ မတိုင်မီ သက်တမ်းတိုး

အိန္ဒိယသည် ကြက်သွန်တင်ပို့မှုကန့်သတ်ချက်အား အထွေထွေရွေးကောက်ပွဲ မတိုင်မီ သက်တမ်းတိုး

အိန္ဒိယသည် ၎င်း၏ ကြက်သွန်တင်ပို့မှုရက်အကန့်အသတ်မရှိတားမြစ်ထားမှုအား အထွေ ထွေရွေးကောက်ပွဲမတိုင်မီ အံ့အားသင့်ဖွယ် သက်တမ်းတိုးခဲ့သဖြင့် ပြည်ပဈေးကွက် အချို့တွင် စျေးနှုန်းကြီးမြင့်မှု ပိုမိုဖြစ်ပေါ်လာစေနိုင်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြ ထားပါသည်။ 

ကမ္ဘာပေါ်တွင် ကြက်သွန်နီတင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဒီဇင်ဘာလက ထုတ်ပြန်ကြေငြာခဲ့သော ကြက်သွန်နီတင်ပို့မှုတားမြစ်ချက်သည် မတ်လ ၃၁ ရက်နေ့၌ သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီ မကြာမီကြက်သွန်နီအသစ်များ ဈေးကွက်ဝင်ရောက်လာမည်ဖြစ်ခြင်းနှင့် ပြည် တွင်းဈေးကွက်တွင် ဈေးနှုန်းထက်ဝက်ကျော်ကျဆင်းသွားခြင်းတို့ကြောင့် အဆိုပါ ကန့်သတ်ချက် ကို ဖြေလျော့ပေးလိမ့်မည်ဟု ကုန်သည်များက မျှော်လင့်လျှက်ရှိသော်လည်း အစိုးရက နောက်ထပ် သတိပေးချက်မထုတ်ပြန်မီအထိ တားမြစ်ချက်ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

မွန်ဘိုင်းမြို့အခြေစိုက် ကြက်သွန်နီတင်ပို့သည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ကြက်သွန်နီအသစ်များ ဈေးကွက်ဝင်ရောက်လာမှုနှင့်အတူဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်သဖြင့် ယခုကဲ့သို့တင်ပို့မှုပိတ်ပင်ချက်အား သက်တမ်းတိုးလိုက်ခြင်းသည် လုံးဝမလိုအပ်ကြောင်းနှင့် အံ့ အားသင့်စေခဲ့ကြောင်း၊  ကြက်သွန်နီ အများဆုံးထုတ်လုပ်သည့် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက် သွန်နီလက်ကားဈေးကွက်တွင် ကြက်သွန်နီဈေးသည် ဒီဇင်ဘာလတွင် ကီလိုဂရမ် ၁၀၀ လျှင် ရူပီး ၄၅၀၀ မှ ယခုအခါ ရူပီး ၁၂၀၀ (၁၄ ဒေါ်လာ) သို့ ကျဆင်းသွားကြောင်း ပြောကြားထားသည်။ 

ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နီပေါနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကဲ့သို့သော နိုင်ငံ များသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အိန္ဒိယနိုင်ငံမှ တင်သွင်းမှုများကို မှီခိုနေ ရပြီး ထိုနိုင်ငံများသည် အိန္ဒိယ၏ ကြက်သွန်နီတင်ပို့မှု တားမြစ်ပိတ်ပင်လိုက်ကတည်းက ဈေးနှုန်း ကြီးမြင့်မှုနှင့် ရုန်းကန်နေရကြောင်း သိရှိရသည်။

အိန္ဒိယ၏ ဆောင်ရွက်ချက်ကြောင့် ဝယ်လက်များသည် ရွေးချယ်စရာမရှိဘဲ အခြားသော နိုင်ငံဈေးကွက်များမှ ကြက်သွန်နီ ပို့ကုန်လုပ်ငန်းရှင်များထံမှ ပိုမိုမြင့်မားသောစျေးနှုန်းများဖြင့် ဝယ် ယူမှုဖြစ်ပေါ်စေသည်ဟု မွမ်ဘိုင်းအခြေစိုက် အခြားသော ပို့ကုန်ကုမ္ပဏီတစ်ခုမှ ပြောကြားခဲ့သည်။

အိန္ဒိယသည် ကြက်သွန်နီ စျေးကွက်များစွာအတွက် တရုတ် သို့မဟုတ် အီဂျစ်ကဲ့သို့သော ဈေးကွက်ပြိုင်ဘက်များထက် သယ်ယူပို့ဆောင်မှုလမ်းကြောင်းတိုတောင်းသဖြင့် အာရှနိုင်ငံများ၏  ကြက်သွန်တင်သွင်းမှုအားလုံးအနက်  ထက်ဝက်ကျော်အား တင်ပို့လျှက်ရှိသည်ဟု ကုန်သည်များက ခန့်မှန်းလျှက်ရှိသည်။

အိန္ဒိယသည် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် တွင် ကြက်သွန်နီ မက်ထရစ်တန် ၂.၅ သန်း စံချိန်တင် တင်ပို့ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကြက် သွန်နီတင်ပို့မှု တားမြစ်ချက်အား သက်တမ်းတိုး ထားသော်လည်း ပြီးခဲ့သည့်လများတွင် မိတ်ဖက် နိုင်ငံများမှ တင်ပြတောင်းဆိုလာပါက ကိုတာအရေအတွက် ကန့်သတ်ချက်ဖြင့်ခွင့်ပြုပေးလျှက်ရှိ ကြောင်းနှင့် ဈေးကွက်အခြေအနေနှင့် ပြည်တွင်းထုတ်လုပ်မှု၊ စားသုံးမှုလိုအပ်ချက်တို့အပေါ် မူတည် ၍ မူဝါဒများကို ပြင်ဆင်ထိန်းကြောင်းဆောင်ရွက်လျှက်ရှိမှု အခြေအနေတို့အား သိရှိနိုင်ပါရန် တင်ပြ အပ်ပါသည်။ 

မျိုးမြင့်မောင်

Source: India extends ban on onion exports indefinitely ahead of general election, The Economic Time