ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Jashore တွင် ကြက်သွန်စိုက်ပျိုးမှု လျာထားချက်ထက် ကျော်လွန်

ခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုသည် အစိုးရမှ ချမှတ်ထားသည့် လျာထားချက်ထက် ကျော်လွန်လျက်ရှိသည်။ ခရိုင်အတွင်းရှိတောင်သူများသည် အထွက်နှုန်းမြင့်မားရန်နှင့် ဒေသဈေးကွက်တွင် ကြက်သွန်နီ ဝယ်လိုအားတိုးတက်ရန် အတွက် လယ်မြေများတွင် အများဆုံးစိုက်ပျိုးကြသည်။
စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးဦးစီးဌာန (DAE) ၏ သတင်းရင်းမြစ်များအရ ယခင်နှစ်က ခရိုင်အတွင်းရှိ upazilas ၈ ခု၏ မြေ ၁၂၀၀ ဟတ်တာတွင် ကြက်သွန်နီများ စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။ အစိုးရက ခရိုင်အတွင်း လက်ရှိရာသီတွင် ကြက်သွန်နီစိုက်ပျိုးရန် မြေဧက (၁၅၀၀) ဟက်တာ လျာထားကြောင်း၊ အမှန်စိုက်ပျိုးမှုမှာ ဟက်တာ (၁၅၀၀)ကျော်လွန်လျက်ရှိ ကြောင်း သိရသည်။ မြေဟက်တာ(၃၀၀)တွင် N-53 နွေကြက်သွန်နီမျိုးများကို စိုက်ပျိုးထားသည်။ ခရိုင်အတွင်း ကြက်သွန်နီအထွက်နှုန်းမြှင့်တင်ရန် မက်လုံးပေးသည့်အနေဖြင့် တောင်သူ (၂၅၀၀)ကို မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ဖြန့်ဝေခဲ့သည်။ ကြက်သွန်နီများ စတင်ရိတ်သိမ်းပြီးချိန်တွင် ခရိုင်အတွင်းရှိ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာကြောင်း သိရပါသည်။
Chowgacha၊ Jhikargacha နှင့် Sadar Upazila တို့တွင် နွေကြက်သွန်နီ အထွက်နှုန်း မြင့်မားသည်။ Monirampur Upazila တွင် ဆောင်းကြက်သွန်ကို အများအားဖြင့် စိုက်ပျိုး ကြပါသည်။ Chowgacha Upazila ရှိ Hazrakhana ရွာမှ လယ်သမား Golam Mostofa သည် ယခုရာသီတွင် မြေနှစ်ကွက်၌ ကြက်သွန်နီ စိုက်ပျိုးခဲ့ပြီး စတင်ရိတ်သိမ်းပြီးချိန်တွင် အထွက်နှုန်း ကောင်းလာကြောင်း၊ မြေနှစ်ကွက်အတွက် (၆၀၀၀၀)တာကာ(Tk) သုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ( ၁ တာကာလျှင် ၀.၀၀၉၁ ကန်ဒေါ်လာ)
Jashore Kalibari မှ ကြက်သွန်နီကုန်သည် Kamal Hossain က ရိတ်သိမ်းပြီးခါစ ကြက်သွန်နီများ စျေးကွက်တွင် ပေါ်ထွက်နေပြီး Muricata ကြက်သွန်နီတစ်ကီလိုလျှင် (၇၀-၈၀)တာကာ ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ Jashore Agricultural Extension Department မှ လက်ထောက်ညွှန်ကြားရေးမှူး Dr Susanta Kumar Tarofder က ကြက်သွန်နီအထွက်နှုန်း မြှင့်တင်ရန်နှင့် တောင်သူများအား ကြက်သွန်နီစိုက်ပျိုးရန် မက်လုံးပေးအစီအစဉ်များကို စတင် လိုက်ပြီဖြစ်ကြောင်း bssnews.net website ၏ သတင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ဟေမာန်အောင်မင်း