အိန္ဒိယတွင် တောင်သူလယ်သမားများ အနေဖြင့် ပဲမျိုးစုံနှင့် ဝါများအတွက် အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း ရရှိစေရန် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသည့် သီးနှံအမျိုးအစားများ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်

နိုင်ငံတစ်ဝှမ်းရှိ တောင်သူများအနေဖြင့် ရေသုံးစွဲမှုများသည့် စပါးအမျိုးအစားများအစား သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသည့် အခြားသီးနှံများကို လှည့်ပြောင်း၍ စိုက်ပျိုးမည် ဆိုပါက ပြောင်းနှင့် ဝါမှ အပ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲစင်းငုံတို့အပါအဝင် ပဲမျိုးစုံကို အနိမ့်ဆုံးပံ့ပိုးဈေး နှုန်း (MSP) ဝယ်ယူရန် အဆင်သင့်ဖြစ်နေပြီဟု အစိုးရတာဝန်ရှိသူတစ်ဦးက သောကြာနေ့ကပြော ကြားခဲ့ကြောင်းနှင့် ၎င်းသည် 'Bharat' အမှတ်တံဆိပ်အောက်တွင် မတ်ပဲကို စားသုံးသူများအား သက်သာသည့် စျေးနှုန်းများဖြင့် စတင်ရောင်းချသွားမည်ဖြစ် ကြောင်းသိရှိရသည်။
အဆိုပါ အရာရှိက တောင်သူများ၏ ထုတ်ကုန်ပစ္စည်းများအား MSP ဖြင့် ငါးနှစ်တာ ဝယ်ယူဖို့ အာမခံချက်ပေးထားကြောင်း၊ ယင်းဆောင်ရွက်ချက်သည် လယ်သမားများအား အခြားသီးနှံများ အား လှည့်ပြောင်းစိုက်ပျိုးစေရန် အားပေးမှုဖြစ်စေမည်ဖြစ်ပြီး ဒေသအများအပြားတွင် မြေအောက် ရေပမာဏ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယဗဟိုအစိုးရသည် လွန်ခဲ့သည့်လကတည်းက ဆန္ဒပြနေသည့်ပန်ဂျပ်နှင့် ဟာရီနာပြည် နယ်မှ လယ်သမားများအား သီးနှံ ၂၂ မျိုးအတွက် အနိမ့်ဆုံးထောက်ပံ့စျေးနှုန်းများအတွက် တရား ဝင် အာမခံချက်ပေးရန် ဤအဆိုပြုချက်ကို ကနဦးတွင်ကမ်းလှမ်းခဲ့သည်။
စီမံချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အိန္ဒိယအမျိုးသားစားသုံးသူရေးရာသမဝါယမ အဖွဲ့ချုပ် (NCFF) နှင့်အိန္ဒိယအမျိုးသားသမဝါယမနှင့်ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(NAFED)ကဲ့သို့သော အစိုးရ သမဝါယမ အေဂျင်စီများသည် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုမရှိသည့် သီးနှံများအား ပြောင်း လဲစိုက်ပျိုးမည့်လယ်သမားများထံမှ ပြောင်း၊ ဝါနှင့် ပဲမျိုးစုံတို့ကို MSP ဖြင့် ဝယ်ယူရန် သဘောတူညီ ချက်များ လက်မှတ်ရေးထိုးမည်ဖြစ်သည်။
သီးနှံဝယ်ယူရေးလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုရှိပြီး တောင်သူ လယ်သမားများကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်(Aadhaar) ကို အသုံးပြု၍ မှတ်ပုံတင်ပြီး လွယ် ကူစွာအသုံးပြုနိုင်မည့် အချက်အလက်ဝဘ်ဆိုဒ် (Portal) တစ်ခုကို လွှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဝယ်ယူမှုပမာဏကိုလည်း ကန့်သတ်ထားမည်မဟုတ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။
အစိုးရသည် အချက်အလက်ဝဘ်ဆိုဒ် (Portal) တွင် တောင်သူများ၏ ထွန်ယက်စိုက်ပျိုးနိုင် သောမြေ၊ သီးနှံစိုက်ပျိုးမှု၊ ၎င်းတို့၏မြေနေရာနှင့်စပ်လျဉ်း၍ ရာသီဥတုခန့်မှန်းချက်၊ တောင်သူများ မှတ်ပုံတင်ရေးနှင့် တစ်ခုတည်းသောအကျိုးခံစားခွင့်သတင်းအချက်အလက်စနစ် (အသီးအနှံများ) ဆိုင်ရာအချက်အလက်များကို စုစည်းဖော်ပြနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း သည် လယ်သမားများအတွက် အမျိုးမျိုးသော စီမံချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမို လွယ်ကူစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် ဗဟိုအစိုးရသည် ကောက်ပဲသီးနှံနှင့် အထွက် နှုန်းခန့်မှန်းချက်ဆိုင်ရာ အချက်အလက်များကို ပိုမိုတိကျစွာ စုဆောင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ကောက်ပဲသီးနှံများအတွက် အနိမ့်ဆုံးပံ့ပေးသတ်မှတ်ဈေးနှုန်း အား အစိုးရမှအာမခံပေးရန် တောင်သူများမှ ဆန္ဒပြလျက်ရှိရာ အစိုးရ၏ သီးနှံစိုက်ပျိုးရေး မူဝါဒ များနှင့်အညီ အပေးအယူလုပ်၍ ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများအား သိရှိနိုင်ပါရန်နှင့် လယ် ယာစိုက်ပျိုးရေးတွင် ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ အချက်အလက်များရယူ အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လေ့လာတွေ့ရှိရသည်။
မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး
နယူးဒေလီမြို့
Source: Crop diversification to fetch farmers MSP for pulses, cotton, The Economic Times,