အိန္ဒိယတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းအထက် မြင့်တက်လျက်ရှိ
အိန္ဒိယနိုင်ငံ APMC ဟင်းသီးဟင်း ရွက်လက်ကားဈေးကွက်၌ ခရမ်း ချဉ်သီးဈေးနှုန်း များသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာနှင့်နှိုင်းယှဉ်ပါက နိုဝင်ဘာလအစောပိုင်းတွင် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။ ဈေးကွက်သတင်းအချက် အလက်များအရ ယခင်က ခရမ်းချဉ် သီး တစ်ကီလို ဂရမ်လျှင် ရူပီး ၁၆ မှ ၂၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ သုညဒသမ ၁၉ မှ သုညဒသမ ၂၃) ရှိပြီး ယခုအချိန်တွင် တစ်ကီလိုဂရမ်လျှင် ရူပီး ၂၀ မှ ၂၈ (အမေရိကန်ဒေါ်လာ သုညဒသမ၂၃ မှ သုညဒသမ ၃၂) အထိ ရောက်ရှိခဲ့သည်။ တနင်္လာနေ့တွင် APMC ဈေးကွက်တွင် ခရမ်းချဉ်သီး ၂,၂၃၈ quintals (1 quintal = 100 kg) သာ အဝင်ရှိပြီး ပြီးခဲ့သည့်အပတ်များထက် ကုန်အဝင်နည်းသည့်အတွက် ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်သည်။
ကုန်သည်များနှင့် လေ့လာသုံးသပ်သူများအနေဖြင့် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးထုတ်လုပ်သည့်ဒေသများတွင် ပို၍အေးသော ရာသီဥတုအခြေ အနေနှင့် ပုံမှန်အထွက်နှုန်း မထွက် ရှိခြင်းကြောင့်ဟု ယူဆကြသည်။ အပူချိန် အတက်အကျများနှင့် ရိတ် သိမ်းချိန်ကာလ နှောင့်နှေးခြင်းများ သည် သီးနှံအထွက်နှုန်းကို ထိခိုက်စေခဲ့သည့်အတွက် မကြာသေးမီရက်များအတွင်း ခရမ်းချဉ် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများဖြစ်သော Nashik ၊ Pune နှင့် Ahmednagar တို့မှ ခရမ်းချဉ်သီး ကုန်အဝင်များ လျော့နည်းလျက်ရှိသည်။ ထိုသို့ အထွက်နှုန်း ကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး နှောင့်နှေးကြန့်ကြာမှုများကြောင့် ရောင်းချသူများအနေဖြင့် လက်ရှိဝယ်လိုအားကို ဖြည့်ဆည်းရန် ဈေး နှုန်းများကို မြှင့်တင်ရန် ဦးတည်ခဲ့သည့်အတွက် ခရမ်းချဉ်သီး လက်လီ လက်ကားဈေးနှုန်းများ ပိုမို မြင့်တက် လာခဲ့ ခြင်းဖြစ်သည်။
စိုက်ပျိုးသူများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားကြသည်။ ခရမ်းချဉ် အပွင့် ပွင့်ချိန်နှင့် အဖူးဖူးချိန်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် အအေးလွန်ကဲခြင်းသည် အပွင့်များနှင့် အဖူးများကို ကြွေကျစေပြီး အထွက်နှုန်း လျော့နည်းစေပါသည်။ အပူချိန် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါက လာမည့်ရက်သတ္တပတ်များအတွင်း ဈေးကွက်များသို့ ခရမ်းချဉ် သီး ကုန်အဝင် ပမာဏ လျော့နည်းနိုင်သည့်အတွက် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း တောင်သူများက သတိပေးထားသည်။
အဆိုပါ ဈေးနှုန်းမြင့်တက်မှုများသည် ခရမ်းချဉ်သီး တစ်မျိုးတည်းသာ မဟုတ်ဘဲ အထွက်နှုန်း ကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် အခြားသော ဟင်းသီးဟင်းရွက် ဈေးနှုန်းများလည်း မြင့်တက်လာလျက်ရှိပါသည်။ ရွှေပဲသီး တစ်ကီလိုဂရမ် လျှင် ရူပီး ၂၈၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၂) ၊ ဘိုစားပဲ တစ်ကီလိုဂရမ်လျှင် ရူပီး ၂၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၀) နှင့် tinda (a round gourd) ၂၅၀ ဂရမ် တစ်ထုပ်လျှင် ရူပီး ၅၀ ခန့် (အမေရိကန်ဒေါ်လာ သုညဒသမ ၅၇) ရှိပါသည်။ ဤသို့ ဈေးနှုန်း မြင့်တက်လာခြင်းသည် အထွက်နှုန်း ကျဆင်းခြင်းနှင့်သယ်ယူပို့ဆောင်ရေးအခက် အခဲများကြောင့် ဖြစ်ကြောင်း သိရှိရ သည်။
နွေးနွေးအောင်
https://www.freshplaza.com/asia/article/9784227/indian-tomato-prices-rise-over-30-on-lower-supply/