ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှုများသောကြောင့် အိန္ဒိယတွင် ဆန်ဈေး နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှုများသောကြောင့် အိန္ဒိယတွင် ဆန်ဈေး နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်

ဘင်္ဂလားဒေ့ရှ်သို့ ဆန်အမြောက် အမြား တင်ပို့နေသည့် ကုန်သည်ကြီးများ၏ လှုပ်ရှားမှုကြောင့် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းများ ၂ ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ ရုတ်တရက် မြင့်တက်သွားခဲ့ ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တန်ချိန် ငါးသိန်းကို အကောက် ခွန်ကင်းလွတ်ခွင့် ပေးထားသော ကြောင့် ယင်းသို့ပြည်တွင်းဈေးကွက် ကမောက်ကမဖြစ်မှု ပေါ်ပေါက်လာခြင်းဖြစ် သည်။

အနောက်ဘင်္ဂလားပြည်နယ်၊    ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ အိန္ဒိယတောင်ပိုင်းမှ ကုန်သည်များ သည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆန်တင်သွင်းခွန် ၂၀ ရာခိုင်နှုန်း ယာယီဖြေလျော့မည့် အစီအစဉ်ကို ကြိုတင်သတင်းရရှိထားပြီး Petrapole နယ်စပ် (အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ် စပ်) အနီးရှိ ၎င်းတို့၏ ကုန်လှောင်ရုံများတွင် ကုန်စည်များကို အဆင်သင့် ထားရှိထားကြောင်း သိရသည်။     ဘင်္ဂလားဒေ့ရှ် အစိုးရ၏ သွင်းကုန်ခွန် ဖယ်ရှားမှုနှင့်ပတ်သက်၍ တရားဝင် ကြေညာချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

စားသုံးသူဈေးကွက်တွင် Swarna အမျိုးအစား ဆန်သည် တစ်ကီလိုလျှင် ၃၄ ရူပီးမှ ၃၉ ရူပီး အထိ မြင့်တက်ခဲ့ပြီး Miniket အမျိုးအစားမှာ တစ်ကီလိုလျှင် ၄၉ ရူပီးမှ ၅၅ ရူပီးအထိ တက်သွားကာ Ratna အမျိုးအစားသည် ယခင်က တစ်ကီလိုလျှင် ၃၆-၃၇ ရူပီးနှင့် နှိုင်းယှဉ်ပါက ရူပီး ၄၁-၄၂ ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။ Sona Masoori မျိုးကွဲ ဆန်အမျိုးစား၏ ဈေးနှုန်းမှာလည်း  ယခင် က တစ်ကီလိုလျှင် ၅၂ ရူပီး မှ ၅၆ ရူပီးအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဆန်တင်ပို့ခြင်းနှင့် စျေးကွက်ရှာဖွေရေးကုမ္ပဏီ RiceVilla ၏ CEO ဖြစ်သူ Suraj Agarwal က ဘင်္ဂလားဒေ့ရှ်အမျိုးသားအခွန်များ ဘုတ်အဖွဲ့ သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် သွင်းကုန်ခွန်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး အိန္ဒိယနိုင်ငံမှ ထရပ် ကားများသည် ဗုဒ္ဓဟူးနေ့ညမှ စတင်ကာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုများ စတင်ခဲ့ကြောင်း၊ Petrapole-Benapole နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့ရာ တွင် ကုန်စည်ပို့ဆောင်မှုနှင့် စရိတ်စကအရ ပိုမိုယှဉ်ပြိုင်နိုင်သောကြောင့် ဥတ္တာပရာဒေ့ရှ်ပြည်နယ် နှင့် အိန္ဒိယတောင်ပိုင်းမှဆန်စက်များသည် ကုန်းလမ်းမှ ဆန်တင်ပို့နေကြခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

Swarna ဆန်အမျိုးအစားကို အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် စားသုံးကြပြီး Miniket အမျိုးအစား ဆန်သည် အိန္ဒိယအရှေ့ပိုင်းနှင့် အရှေ့မြောက်ပြည်နယ်များတွင် ရေပန်းစားသည်။ Ratna မျိုးစိတ် သည် အိန္ဒိယမြောက်ပိုင်းတွင် ရေပန်းစားသော် လည်း Sona Masoori သည် တောင်ပိုင်းပြည်နယ် များတွင် အများဆုံးစားသုံးကြောင်း သိရှိရသည်။

ဆန်တင်သွင်းခွန် ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ၏ ဆောင်ရွက်မှုသည် နိုင်ငံ၏စျေးကွက်တည်ငြိမ်စေရန်နှင့် စားသုံးသူများအားငွေကြေးဖောင်းပွမှုမှ သက်သာရာရစေရေး ကူညီပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်း ဝယ်လိုအား ဖြည့်ဆည်းရန်အတွက် ဆန်တန်ချိန် ၁၃ သိန်း တင်သွင်းခဲ့ရပြီးနောက်  ၂၀၂၅ ဘဏ္ဍာနှစ် တွင် ဆန်ဈေးနှုန်းသည် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဆန်တင်ပို့ရောင်းချသည့်ကုမ္ပဏီ Halder Venture Limited ၏ မန်နေဂျင်းဒါရိုက်တာ Keshab Kumar Halder က ကမ္ဘာ့ဆန်ဈေးကွက်တွင် ထုတ်လုပ်မှုပိုလျှံနေပြီး အိန္ဒိယနိုင်ငံတွင် လည်း အစိုးရနှင့်ဂိုဒေါင်များတွင် လုံလောက်သော အရန်ဆန်စပါးများ ရှိနေပါကြောင်း၊  ထိုသို့သော အခြေအနေများကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိရာ၊ ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှုများ သည် အိန္ဒိယဆန်ဈေးကွက်အား ဝယ်လိုအားဖန်တီးပေးပြီး ကမ္ဘာ့ပေါက်ဈေးကို တစ်စိတ်တစ်ပိုင်း လိုက်လျောညီထွေဖြစ်အောင် ဖန်တီး ခြင်းအားဖြင့် အိန္ဒိယဈေးကွက်ကို လတ်တလောကျဆင်းမှုမှပြန်လည် နာလန်ထူလာရန် ကူညီပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုကဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုထားသည့်အချိန်တွင် မြန်မာ့ဆန်တင်ပို့မှုများ မြှင့်တင်နိုင်ရေး ကြိုးပမ်းသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

မျိုးမြင့်မောင်

Rice prices in India jump 14% in two days as traders rush to Bangladesh, The Economic Times, August 14, 2025.